ရှောလမုန်မင်းကြီး၏သမီးတော်တာဖတ်နှင့်စုံဖက်ထားသူဖြစ်သည့် ဒေါရနယ်တစ်နယ်လုံး၏နယ်စားမင်း ဗင်အဘိနဒပ်၊
၁ ရာ 16:8 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ယေရှဲသည် အဘိနဒပ်ကို ရှမွေလရှေ့သို့ ခေါ်လာပြလျှင် ရှမွေလက “ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူ”ဟု ဆို၏။ Common Language Bible ထိုနောက်ယေရှဲသည်မိမိသားအဘိနဒပ် ကိုရှမွေလထံသို့ခေါ်ခဲ့၏။ သို့ရာတွင် ရှမွေလက``သူ့ကိုလည်းထာဝရဘုရား ရွေးချယ်တော်မမူ'' ဟုဆို၏။- Garrad Bible တစ် ဖန် ယေ ရှဲ သည် အ ဘိ န ဒပ် ကို ခေါ်၍ ရှ မွေ လ ရှေ့ လျှောက် သွား စေ ရာ ရှ မွေ လ က ဤ သူ့ ကို လည်း ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မ မူ ဟု ဆို ၏။ Judson Bible တစ်ဖန် ယေရှဲသည် အဘိနဒပ်ကိုခေါ်၍ ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူကိုလည်း ထာဝရဘုရား ရွေးတော်မမူဟုဆို၏။ |
ရှောလမုန်မင်းကြီး၏သမီးတော်တာဖတ်နှင့်စုံဖက်ထားသူဖြစ်သည့် ဒေါရနယ်တစ်နယ်လုံး၏နယ်စားမင်း ဗင်အဘိနဒပ်၊
ယေရှဲ၏သားအကြီးသုံးယောက်တို့သည် ရှောလုမင်းကြီးနောက်လိုက်သောစစ်မှုထမ်းများ ဖြစ်ကြ၏။ ထိုစစ်မှုထမ်းသော သားသုံးယောက်၏အမည်မှာ သားဦးဧလျာဘ၊ ဒုတိယသားအဘိနဒပ်နှင့် တတိယသားရှမ္မ ဖြစ်၏။
ကိရယတ်ယာရိမ်မြို့သားတို့သည်လည်း ထာဝရဘုရား၏သေတ္တာတော်ကို လာရောက်ယူဆောင်သွားကြပြီး တောင်ပေါ်ရှိအဘိနဒပ်အိမ်၌ ထားကြ၏။ ထာဝရဘုရား၏သေတ္တာတော်ကိုစောင့်ရှောက်ရန် အဘိနဒပ်၏သားဧလာဇာအား သန့်ရှင်းခြင်းဝတ်ကိုပြုပေးကြ၏။