ထိုအခါ ယေရှဲသည် စားစရာများနှင့်စပျစ်ဝိုင်တစ်ဘူးကို ယူ၍ မြည်းပေါ်တွင်တင်ပြီး ဆိတ်သငယ်တစ်ကောင်နှင့်အတူ မိမိသားဒါဝိဒ်ကို ရှောလုမင်းကြီးထံ လွှတ်လိုက်လေ၏။
ယေရှဲသည်မုန့်တင်မြည်းတစ်စီး၊ စပျစ်ရည် အပြည့်ပါသောသားရေဘူးတစ်ဘူးနှင့်ဆိတ်ငယ် တစ်ကောင်ကို ဒါဝိဒ်နှင့်အတူရှောလုမင်းထံ သို့ပို့ဆက်လေ၏။-
ယေ ရှဲ သည် မုန့် တင် မြည်း တစ် စီး၊ စ ပျစ် ရည် တစ် ဘူး၊ ဆိတ် သား ငယ် တစ် ကောင် ကို သား ဒါ ဝိဒ် နှင့် တ ကွ ရှော လု မင်း ထံ ပို့ ဆက် လေ ၏။
ယေရှဲသည် မုန့်တင်သောမြည်း၊ စပျစ်ရည်ဘူး၊ ဆိတ်သငယ်ကိုယူ၍ မိမိသားဒါဝိဒ်တွင် ရှောလုထံသို့ ပေးလိုက်လေ၏။
ထိုအခါ သူတို့၏ဖခင်အစ္စရေးက သူတို့အား “သို့ဖြစ်လျှင် ဤသို့ပြုကြလော့။ လိမ်းဆေးအနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ အခွံမာသီး၊ ဗာဒံသီး စသည့် ဤပြည်မှထွက်သော အကောင်းဆုံးအရာတို့ကို သင်တို့အိတ်များ၌ထည့်၍ ထိုသူအဖို့လက်ဆောင်အဖြစ်ယူသွားကြလော့။
လူနှင့်ပါလာသောလက်ဆောင်သည် သူ့ကိုလမ်းဖွင့်ပေး၍ ကြီးမြတ်သောသူတို့၏ရှေ့မှောက်သို့ သူ့ကိုပို့ဆောင်ပေးတတ်၏။
သို့သော် ဆိုးညစ်သောသူတို့က “ဤသူသည် ငါတို့ကို မည်သို့ကယ်တင်နိုင်မည်နည်း”ဟု ဆိုလျက် သူ့အား မထီမဲ့မြင်ပြုပြီး လက်ဆောင်ပဏ္ဏာကို မဆက်သဘဲနေကြ၏။ သို့သော် သူသည် ဘာမျှမပြောဘဲ နှုတ်ဆိတ်နေ၏။
သူတို့သည် သင့်ကို သာကြောင်းမာကြောင်းမေးမြန်းနှုတ်ဆက်ကြလိမ့်မည်။ သင့်ကို မုန့်နှစ်လုံးပေး၍ သင်သည် သူတို့ထံမှ ခံယူရလိမ့်မည်။
ရှောလုမင်းကြီးသည် ယေရှဲထံ တမန်တို့ကို စေလွှတ်၍ “သိုးကျောင်းနေသော သင်၏သားဒါဝိဒ်ကို ငါ့ထံ စေလွှတ်လော့”ဟု မှာလိုက်လေ၏။
ဤဒိန်ခဲဆယ်ခဲကိုလည်း သူတို့၏လူတစ်ထောင်အုပ်အတွက် ယူသွားလော့။ သင့်အစ်ကိုတို့ အေးအေးချမ်းချမ်းရှိသည်ကို သင်မြင်တွေ့ခဲ့ရကြောင်း သက်သေယူလာပြလော့”ဟု မှာလိုက်လေ၏။
ထိုအခါ အဘိဂဲလသည် မုန့်အလုံးနှစ်ရာ၊ စပျစ်ဝိုင်နှစ်ဘူး၊ ခုတ်ထစ်ပြီးသားသိုးငါးကောင်၊ မုန့်ဆန်းငါးစေအာ၊ စပျစ်သီးခြောက်အခိုင်တစ်ရာ၊ သဖန်းပျဉ်အချပ်နှစ်ရာ တို့ကို အလျင်အမြန်ယူ၍ မြည်းများပေါ်တင်ပြီးလျှင်