ထိုရွှေငွေတို့သည် ဆီးရီးယားလူမျိုး၊ မောဘလူမျိုး၊ အမ္မုန်အမျိုးသား၊ ဖိလိတ္တိလူမျိုး၊ အာမလက်လူမျိုးနှင့် ရဟောဘ၏သား ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးတို့ထံမှ တိုက်ရာပါပစ္စည်းများဖြစ်၏။
၁ ရာ 15:8 - မြန်မာ့စံမီသမ္မာကျမ်း အာမလက်ဘုရင်အာဂတ်မင်းကြီးကို အရှင်ဖမ်းပြီး သူ၏လူအပေါင်းတို့ကို ဓားဖြင့် သတ်ဖြတ်ပစ်လေ၏။ Common Language Bible သူသည်အာမလက်ဘုရင်အာဂတ်ကိုလက်ရ ဖမ်းဆီးမိ၏။ လူအပေါင်းတို့ကိုမူသုတ်သင် ပစ်၏။- Garrad Bible အာ မ လက် ဘု ရင် အာ ဂတ် မင်း ကို လက် ရ ဖမ်း၍ ပြည် သူ ပြည် သား အ ပေါင်း ကို ဓား ဖြင့် လုပ် ကြံ ဖျက် ဆီး လေ ၏။ Judson Bible အာမလက်ရှင်ဘုရင် အာဂတ်ကို အရှင်ဖမ်းမိ၏။ လူအပေါင်းတို့ကို ဓားဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။ |
ထိုရွှေငွေတို့သည် ဆီးရီးယားလူမျိုး၊ မောဘလူမျိုး၊ အမ္မုန်အမျိုးသား၊ ဖိလိတ္တိလူမျိုး၊ အာမလက်လူမျိုးနှင့် ရဟောဘ၏သား ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးတို့ထံမှ တိုက်ရာပါပစ္စည်းများဖြစ်၏။
ကျန်စစ်သည်တို့သည် အာဖက်မြို့သို့ ထွက်ပြေးသွားကြ၏။ ထိုကျန်ရှိသောစစ်သည်နှစ်သောင်းခုနစ်ထောင်အပေါ် မြို့ရိုးပြိုကျ၏။ ဗင်္ဟာဒဒ်မင်းကြီးသည်လည်း မြို့တွင်းသို့ပြေးဝင်ပြီး အိမ်ခန်းထဲတွင် ပုန်းနေ၏။
ထိုအရပ်၌ လွတ်မြောက်၍ကြွင်းကျန်နေသောအာမလက်လူမျိုးတို့ကို သုတ်သင်ပြီး ထိုအရပ်တွင် နေထိုင်ခဲ့ကြသည်မှာ ယနေ့တိုင်အောင် ဖြစ်၏။
ထို့နောက်တွင် အာရွှေရုမင်းကြီးသည် အာဂတ်အမျိုးဟမ္မေဒါသ၏သားဟာမန်ကို ချီးမြှင့်မြှောက်စားလေ၏။ သူ၌ရှိသောမှူးမတ်အပေါင်းတို့ထက် ရာထူးတိုးမြှင့်ပေး၏။
ဆက်ကပ်ထားသောအရာရှိသမျှတို့တွင် လူဖြစ်လျှင်ပင် ရွေးနုတ်ခွင့်မရှိ။ သူသည် မုချအသတ်ခံရမည်။
သူ့ရေပုံးမှ ရေစီးကျလိမ့်မည်။ သူ၏မျိုးစေ့သည် ရေလုံလောက်စွာ ရလိမ့်မည်။ သူ၏ရှင်ဘုရင်သည် အာဂတ်မင်းကြီးထက် မြင့်မြတ်၍ သူ၏နိုင်ငံသည်လည်း ချီးမြှောက်ခြင်း ခံရလိမ့်မည်။
ထိုမြို့နှင့် မြို့၏ဘုရင်အပါအဝင် မြို့ရွာအားလုံးကိုသိမ်းပိုက်၏။ မြို့သူမြို့သားအားလုံးကို ဓားဖြင့် တစ်ယောက်မကျန် လုပ်ကြံသတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိ။ ဟေဗြုန်မြို့နှင့်ဘုရင်၊ လိဗနမြို့နှင့်ဘုရင် တို့ကိုပြုသကဲ့သို့ ဒေဗိရမြို့နှင့်ဘုရင်ကို ပြုလေ၏။
ယောရှုသည် ထိုဘုရင်တို့၏မင်းနေပြည်တော်ရှိသမျှနှင့် ဘုရင်အပေါင်းတို့ကို သိမ်းပိုက်၍ ထာဝရဘုရား၏အစေအပါးမောရှေ မှာကြားထားခဲ့သည့်အတိုင်း တစ်ယောက်မကျန် ဓားဖြင့်ကွပ်မျက်လေ၏။
ရှောလုမင်းကြီးကလည်း ရှမွေလအား “ထာဝရဘုရား၏စကားတော်ကို အကျွန်ုပ်နာခံပါ၏။ ထာဝရဘုရားစေခိုင်းသည့်အတိုင်းသွား၍ အမှုတော်ကိုထမ်းဆောင်ပါ၏။ အာမလက်ဘုရင်အာဂတ်မင်းကြီးကို ဖမ်းခေါ်ခဲ့ပြီး အာမလက်လူမျိုးတို့ကို အကုန်ချေမှုန်းခဲ့ပါ၏။
ယခု သွား၍ အာမလက်လူမျိုးတို့ကို တိုက်ခိုက်လော့။ သူတို့ပိုင်ဆိုင်သောအရာအားလုံးကို ဖျက်ဆီးပစ်လော့။ မနှမြောနှင့်။ ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ နို့စို့ကလေးသူငယ်များအပါအဝင် နွား၊ သိုး၊ ကုလားအုတ်၊ မြည်းတို့ကို သတ်ဖြတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။
ယဇ်ပုရောဟိတ်တို့နေရာမြို့ဖြစ်သော နောဗမြို့ကိုလည်း ဓားဖြင့်လုပ်ကြံရာ ယောက်ျား၊ မိန်းမ၊ နို့စို့ကလေးသူငယ်များမှစ၍ သိုး၊ နွား၊ မြည်း တို့ပါမကျန် ဓားဖြင့်သေကြရလေ၏။
သုံးရက်မြောက်သောနေ့တွင် ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် ဇိကလတ်မြို့သို့ ပြန်ရောက်လာကြ၏။ ထိုအချိန်တွင် အာမလက်လူမျိုးတို့သည် နေဂေ့အရပ်နှင့် ဇိကလတ်မြို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို တိုက်ခိုက်မီးရှို့ကာ