ယောရှု 11:12 - မြန်မာ့စံမီသမ္မာကျမ်း12 ယောရှုသည် ထိုဘုရင်တို့၏မင်းနေပြည်တော်ရှိသမျှနှင့် ဘုရင်အပေါင်းတို့ကို သိမ်းပိုက်၍ ထာဝရဘုရား၏အစေအပါးမောရှေ မှာကြားထားခဲ့သည့်အတိုင်း တစ်ယောက်မကျန် ဓားဖြင့်ကွပ်မျက်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible12 ယောရှုသည်ထိုမင်းအပေါင်းတို့နှင့်သူ တို့စိုးစံသောမြို့များကိုတိုက်ခိုက်သိမ်း ပိုက်၍ ထာဝရဘုရား၏အစေခံမောရှေ မိန့်မှာခဲ့သည်အတိုင်း မြို့သူမြို့သား အပေါင်းတို့ကိုတစ်ယောက်မကျန်သတ် ဖြတ်သုတ်သင်လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible12 ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း မော ရှေ မှာ ထား ခဲ့ သည့် အ တိုင်း ဆို ခဲ့ သော ဘု ရင် မင်း တို့ နှင့် တ ကွ စိုး စံ သော မြို့ များ ပါ ယော ရှု သိမ်း ယူ၍ ဓား ဖြင့် လုပ် ကြံ မြေ လှန် သည် မှာ၊ အခန်းကိုကြည့်ပါ။Judson Bible12 ထာဝရဘုရား၏ကျွန် မောရှေမှာထားသည်အတိုင်း၊ ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှုတိုက်ယူ၍ ဓားနှင့်လုပ်ကြံသဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။ အခန်းကိုကြည့်ပါ။ |
သင်၏ဘုရားသခင်ထာဝရဘုရားသည် လောင်ကျွမ်းသောမီးကဲ့သို့ သင်၏ရှေ့မှကူးသွားမည်ဖြစ်ကြောင်း ယနေ့ သင်သိမြင်ရမည်။ ကိုယ်တော်သည် ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီး သင့်ရှေ့မှောက်၌ ရှုံးနိမ့်စေတော်မူမည်ဖြစ်၍ သင့်အား ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း သင်သည် သူတို့ကို နှင်ထုတ်၍ အလျင်အမြန်ဖျက်ဆီးနိုင်လိမ့်မည်။
“ယဇ်ပလ္လင်ကို သံလက်နက်ကိရိယာ မသုံးဘဲ သဘာဝကျောက်တုံးများဖြင့်သာ တည်ရမည်”ဟု ထာဝရဘုရား၏အစေအပါးမောရှေက အစ္စရေးအမျိုးသားတို့အား မှာကြားခဲ့သည်နှင့်အညီ မောရှေ၏ပညတ်တရားကျမ်း၌ရေးသားထားသည့်အတိုင်း တည်၏။ ထို့နောက် ထိုယဇ်ပလ္လင်ပေါ်တွင် ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။
သူတို့ကလည်း ယောရှုအား “အရှင်တို့ရှေ့မှောက်တွင် ဤပြည်သားတို့ကို သုတ်သင်ပယ်ရှင်းပြီး ပြည်တစ်ပြည်လုံးကို အရှင်တို့အားပေးမည်ဟု အရှင်တို့၏ဘုရားသခင်ထာဝရဘုရားက မိမိအစေအပါးမောရှေအား မိန့်တော်မူခဲ့သည်ကို အရှင့်အစေအပါးတို့ ကောင်းစွာသိထားပြီ။ အကျွန်ုပ်တို့လည်း အသတ်ခံရမည်ကို ကြောက်လွန်းသဖြင့် ဤသို့ပြုခြင်းဖြစ်ပါ၏။