ထာဝရဘုရားက “မောဘပြည်ကို စစ်ကြောစီရင်ရာနှစ် ရောက်လာပြီဖြစ်၍ ကြောက်မက်ဖွယ်ဘေးကြောင့် ထွက်ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်မြောက်သောသူသည် ကျော့ကွင်းမိလိမ့်မည်”ဟု မိန့်တော်မူ၏။
၁ ရာ 15:32 - မြန်မာ့စံမီသမ္မာကျမ်း ရှမွေလက “အာမလက်ဘုရင်အာဂတ်မင်းကြီးကို ငါ့ထံခေါ်ခဲ့လော့”ဟု ဆိုလျှင် အာဂတ်သည် “ခါးသီးသောသေခြင်းဘေးမှ လွတ်ပြီ”ဟု တွေးလျက် ဝမ်းသာအားရနှင့် ရှမွေလထံသို့ လာခဲ့၏။ Common Language Bible ရှမွေလက``အာဂတ်မင်းကိုငါ့ထံသို့ခေါ်ခဲ့ လော့'' ဟုဆို၏။ အာဂတ်က``သေဘေးသည် အလွန်ဆိုးရွားပါသည်တကား'' ဟုတစ်ကိုယ် တည်းစဉ်းစားကာတုန်လှုပ်လျက်ရှမွေလထံ သို့လာ၏။- Garrad Bible ထို အ ခါ ရှ မွေ လ က၊ အာ မ လက် ဘု ရင် အာ ဂတ် မင်း ကို ငါ့ ထံ သို့ သွင်း ခဲ့ လော့ ဟု မိန့် ဆို သည့် အ လျောက် အာ ဂတ် မင်း သည် ခါး စွာ သော သေ ဘေး မု ချ လွန် သွား ပြီ ဟူ သော အ ထင် နှင့် နှောင် ကြိုး တဲ လျက် ဝင် လာ ရာ Judson Bible ထိုအခါ ရှမွေလက၊ အာမလက်ရှင်ဘုရင် အာဂတ်ကို ငါ့ထံသို့ခေါ်ခဲ့ကြဟု ဆိုသည်အတိုင်း၊ အာဂတ်က သေဘေးသည် စင်စစ်လွန်သွားပြီဟု ဆိုလျက် ရွှင်လန်းစွာလာ၏။ |
ထာဝရဘုရားက “မောဘပြည်ကို စစ်ကြောစီရင်ရာနှစ် ရောက်လာပြီဖြစ်၍ ကြောက်မက်ဖွယ်ဘေးကြောင့် ထွက်ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်မြောက်သောသူသည် ကျော့ကွင်းမိလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ချိုင်ပစ်ပြီ။ ငါ့နှုတ်ထွက်စကားများအားဖြင့် ကွပ်မျက်ပစ်ပြီ။ ငါ၏စီရင်ချက်တို့သည် နေ့အလင်းကဲ့သို့ ထွန်းလင်းတောက်ပ၏။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
ယောရှုက “လိုဏ်ဂူဝကိုဖွင့်ပြီး ထိုလိုဏ်ဂူထဲမှရှင်ဘုရင်ငါးပါးကို ငါ့ထံသို့ ထုတ်ဆောင်လာခဲ့ကြလော့”ဟု ဆိုသည့်အတိုင်း
သူသည် မိမိကိုယ်ကိုချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အမျှ သူ့အား ညှဉ်းဆဲခြင်းနှင့်ဝမ်းနည်းကြေကွဲခြင်းတို့ကို ပေးကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ ဝမ်းနည်းကြေကွဲခြင်းကိုလည်း မည်သည့်အခါမျှ ကြုံတွေ့ရလိမ့်မည်မဟုတ်’ဟု မိမိစိတ်ထဲ၌ဆိုသောကြောင့်ဖြစ်၏။
ဂိဒေါင်သည် နောဗာမြို့နှင့်ယုဗ္ဗေဟမြို့အရှေ့ဘက်၊ တဲ၌နေထိုင်လေ့ရှိသောသူတို့ သွားလာသောလမ်းအတိုင်း ချီတက်သွား၍ စိတ်အေးလက်အေးနေနေသော မိဒျန်တပ်စခန်းကို တိုက်လေ၏။
ထို့ကြောင့် ရှမွေလသည် ရှောလုမင်းကြီးနှင့်အတူ ပြန်လိုက်ခဲ့၏။ ရှောလုမင်းကြီးသည်လည်း ထာဝရဘုရားကို ရှိခိုးကိုးကွယ်လေ၏။
သို့သော် ရှမွေလက သူ့အား “သင့်ဓားသည် မိခင်တို့ကို သားသမီးဆုံးပါးစေသကဲ့သို့ သင့်မိခင်သည်လည်း မိန်းမတို့တွင် သားသမီးဆုံးပါးသူ ဖြစ်ရမည်”ဟု ဆိုပြီး ရှမွေလသည် အာဂတ်ကို ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ အပိုင်းပိုင်းခုတ်ဖြတ်လိုက်လေ၏။