ထိုအခါ ဒါဝိဒ်မင်းကြီးက နာသန်အား “ထာဝရဘုရားကို ငါပြစ်မှားမိပါပြီ”ဟု ဆိုလျှင် နာသန်က ဒါဝိဒ်မင်းကြီးအား “ထာဝရဘုရားသည် မင်းကြီးအပြစ်ကို ဖြေလွှတ်တော်မူပြီဖြစ်၍ မင်းကြီး မသေရပါ။
၁ ရာ 15:30 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူက “အကျွန်ုပ်ပြစ်မှားမိပါပြီ။ သို့သော် ယခု အကျွန်ုပ်၏လူမျိုး သက်ကြီးဝါကြီးတို့ရှေ့၊ အစ္စရေးလူမျိုးတို့ရှေ့တွင် အသရေမပျက်ရပါစေနှင့်။ အကျွန်ုပ်သည် အရှင်၏ဘုရားသခင်ထာဝရဘုရားကို ရှိခိုးကိုးကွယ်ရပါမည့်အကြောင်း အကျွန်ုပ်နှင့်အတူ ပြန်လိုက်ခဲ့ပါ”ဟု ဆိုပြန်၏။ Common Language Bible ရှောလုက``အကျွန်ုပ်သည်အပြစ်ကူးလွန်မိပါ ပြီ။ သို့ရာတွင်ယုတ်စွအဆုံးအကျွန်ုပ်၏အမျိုး သားခေါင်းဆောင်များရှေ့၌လည်းကောင်း၊ ဣသရေလ အမျိုးသားတစ်ရပ်လုံး၏ရှေ့၌လည်းကောင်း အကျွန်ုပ် ၏ဂုဏ်အသရေမပျက်စေဘဲ အကျွန်ုပ်သည်အရှင် ၏ဘုရားသခင်ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်နိုင်ရန်အကျွန်ုပ်နှင့်အတူအရှင်ပြန်၍ လိုက်ခဲ့ပါ'' ဟုတောင်းပန်၏။- Garrad Bible ရှော လု မင်း က လည်း၊ အ ကျွန်ုပ် ပြစ် မှား မိ ပါ ပြီ။ လူ မျိုး အ ကြီး အ ကဲ တို့ ရှေ့ တွင် လည်း ကောင်း ဣ သ ရေ လ ပ ရိ သတ် အ လယ် တွင် လည်း ကောင်း၊ ဂုဏ် အ သ ရေ မ ပျက် စေ ဘဲ ကိုယ် တော့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ရှိ ခိုး ခွင့် ရ စေ ရန် အ ကျွန်ုပ် နှင့် အ တူ ပြန် လှည့် တော် မူ ပါ ဟု လျှောက် သည့် အ တိုင်း Judson Bible ရှောလုက အကျွန်ုပ်ပြစ်မှားပါပြီ။ သို့သော်လည်း အကျွန်ုပ်အမျိုးသားချင်း အသက်ကြီးသူတို့ရှေ့၌လည်းကောင်း၊ ဣသရေလအမျိုးရှေ့၌လည်းကောင်း၊ အကျွန်ုပ်၏ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သည်အတိုင်း၊ |
ထိုအခါ ဒါဝိဒ်မင်းကြီးက နာသန်အား “ထာဝရဘုရားကို ငါပြစ်မှားမိပါပြီ”ဟု ဆိုလျှင် နာသန်က ဒါဝိဒ်မင်းကြီးအား “ထာဝရဘုရားသည် မင်းကြီးအပြစ်ကို ဖြေလွှတ်တော်မူပြီဖြစ်၍ မင်းကြီး မသေရပါ။
ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုဆင့်ခေါ်ပြီးလျှင် “ဤတစ်ကြိမ်ကား ငါပြစ်မှားမိပြီ။ ထာဝရဘုရားသာလျှင် ဖြောင့်မတ်တော်မူ၏။ ငါနှင့်ငါ့လူတို့မူကား ဆိုးယုတ်သောသူများဖြစ်ကြပါ၏။
ဘုရားရှင်ကလည်း “ဤလူမျိုးသည် နှုတ်ဖြင့် ချဉ်းကပ်၍ နှုတ်ခမ်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းကြ၏။ သူတို့၏စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ သူတို့သည် လူတို့သွန်သင်သောပညတ်ချက်အရ ငါ့ကို ကြောက်ရွံ့ကြ၏။
ကြည့်ရှုလော့။ ဘဝင်မြင့်သောသူ၏အတွင်းစိတ်သည် ဖြောင့်မှန်လေ့မရှိ။ ဖြောင့်မတ်သောသူတို့မူကား ယုံကြည်ခြင်းကြောင့် အသက်ရှင်ရလိမ့်မည်။
အကြောင်းမူကား သူတို့သည် ဘုရားသခင်ပေးသောဘုန်းအသရေထက် လူတို့ပေးသောဘုန်းအသရေကို ပို၍နှစ်သက်ကြ၏။
အချင်းချင်းပေးသော ဘုန်းအသရေကိုခံယူကြပြီး တစ်ဆူတည်းသောဘုရားသခင်ပေးသော ဘုန်းအသရေကိုမလိုလားသော သင်တို့သည် မည်သို့ယုံကြည်နိုင်ကြမည်နည်း။
ဘုရားဝတ်၌မွေ့လျော်ဟန်ရှိသော်လည်း ဘုရားဝတ်၌မွေ့လျော်ခြင်း၏တန်ခိုးကို ငြင်းပယ်သောသူများဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။
ထို့ကြောင့် ရှမွေလသည် ရှောလုမင်းကြီးနှင့်အတူ ပြန်လိုက်ခဲ့၏။ ရှောလုမင်းကြီးသည်လည်း ထာဝရဘုရားကို ရှိခိုးကိုးကွယ်လေ၏။
ထိုအခါ ရှောလုမင်းကြီးက “ငါအပြစ်ပြုမိလေပြီ။ ငါ့သားဒါဝိဒ်၊ ပြန်လာပါ။ သင့်ကို နောက်ထပ်အန္တရာယ်မပြုတော့ပါ။ ကြည့်ရှုလော့။ ငါသည် မိုက်မဲလျက် အမှားကြီးမှားနေသော်လည်း ယနေ့တွင် သင်သည် ငါ့အသက်ကို တန်ဖိုးထားလေပြီ”ဟု ပြန်အော်ပြောလေ၏။