ထိုစဉ် တံခါးဝနားရောက်လာသောမိဖုရား၏ခြေသံကို အဟိယကြားလေ၏။ ထို့ကြောင့် သူက “ယေရောဗောင်၏မိဖုရား၊ ဝင်လာပါ။ အဘယ်ကြောင့် အခြားသူအယောင်ဆောင်ရသနည်း။ သင့်အား သတင်းဆိုးပြောကြားရန် ငါ့ကို စေခိုင်းတော်မူပြီ။
၁ ရာ 15:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှမွေလက ရှောလုမင်းကြီးအား “နေပါဦး။ မနေ့ညက ထာဝရဘုရား ငါ့အား မိန့်တော်မူသောစကားကို သင့်အား ငါပြောပြမည်”ဟု ဆိုလျှင် ရှောလုမင်းကြီးကလည်း “ပြောပါလော့”ဟု ဆို၏။ Common Language Bible ရှမွေလက``နားထောင်လော့။ ထာဝရဘုရား သည် ငါ့အားယမန်နေ့ညကအဘယ်သို့ မိန့်တော်မူသည်ကိုသင့်အားငါဖော်ပြမည်'' ဟုဆိုလျှင်ရှောလုက``အမိန့်ရှိပါ'' ဟုဆို၏။ Garrad Bible ရှ မွေ လ က၊ နား ထောင် ဦး လော့။ ယ မန် နေ့ ညဉ့် ငါ့ အား ထာ ဝ ရ ဘု ရား ပေး တော် မူ သော ဗျာ ဒိတ် တော် ကို ပြန် ကြား မည် ဟု ဆို လျှင်၊ ပြန် ကြား တော် မူ ပါ ဟု ရှော လု မင်း လျှောက် သည့် အ တိုင်း Judson Bible ရှမွေလကလည်း၊ နေပါဦးလော့။ မနေ့ညမှာ ထာဝရဘုရား မိန့်တော်မူသောစကားကို ပြန်ပြောပါမည်ဟု ရှောလုအားဆိုလျှင်၊ ရှောလုက ပြောပါတော့ဟုဆို၏။ |
ထိုစဉ် တံခါးဝနားရောက်လာသောမိဖုရား၏ခြေသံကို အဟိယကြားလေ၏။ ထို့ကြောင့် သူက “ယေရောဗောင်၏မိဖုရား၊ ဝင်လာပါ။ အဘယ်ကြောင့် အခြားသူအယောင်ဆောင်ရသနည်း။ သင့်အား သတင်းဆိုးပြောကြားရန် ငါ့ကို စေခိုင်းတော်မူပြီ။
သို့သော် ရှင်ဘုရင်က သူ့အား “ထာဝရဘုရား၏နာမတော်ဖြင့် မှန်သောစကားကိုသာ ဟောပြောရန် သင့်အား ဘယ်နှကြိမ် ကျိန်ဆိုစေရမည်နည်း”ဟု မိန့်ဆို၏။
ထိုအခါ ဟေရှာယက ဟေဇကိမင်းကြီးအား “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်လော့။
ပရောဖက်ယေရမိကလည်း ဂျေရုဆလင်မြို့ရှိ ယုဒဘုရင်ဇေဒကိမင်းကြီးအား ဤစကားအလုံးစုံကို ဆင့်ဆိုလေ၏။
ယခု ရပ်နေကြလော့။ သင်တို့နှင့် သင်တို့၏ဘိုးဘေးများအတွက် ထာဝရဘုရားပြုတော်မူသည့် ဖြောင့်မတ်သောအမှုရှိသမျှတို့ကို ထာဝရဘုရားရှေ့တော်၌ သင်တို့ကို ငါရှင်းလင်းပြောပြမည်။
ရှောလုမင်းကြီးက “တပ်သားတို့သည် အကောင်းဆုံးသော သိုး၊ နွားတို့ကို နှမြော၍ အရှင်၏ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် ထိုအကောင်တို့ကို အာမလက်လူမျိုးတို့ထံမှ ယူဆောင်လာခဲ့ပါ၏။ ကျန်သောအရာများကိုမူ အကုန်ဖျက်ဆီးပစ်လိုက်ပါသည်”ဟု ပြန်ဖြေ၏။
ရှမွေလက “သင်သည် သင့်ကိုယ်သင် သေးသိမ်သောသူဟု ထင်မှတ်သော်လည်း အစ္စရေးအမျိုးအနွယ်တို့၏အကြီးအမှူး ဖြစ်လာသည်မဟုတ်လော။ ထာဝရဘုရားသည် သင့်ကို အစ္စရေးလူမျိုး၏ရှင်ဘုရင်အဖြစ် ဘိသိက်ပေးတော်မူ၏။
သူတို့သည် မြို့စွန်သို့ဆင်းသွားစဉ် ရှမွေလက ရှောလုအား “သင့်ငယ်သားကို ရှေ့မှသွားနှင့်စေပါ”ဟု ဆိုသဖြင့် ငယ်သားလည်း သွားနှင့်လေ၏။ ထိုအခါ ရှမွေလက “သင်မူကား ဤနေရာ၌ ခဏရပ်နေလော့။ ဘုရားသခင်၏စကားတော်ကို သင့်အား ငါပြောပြမည်”ဟု ဆို၏။