အကြောင်းမူကား သူသည် မိမိကိုယ်ကိုမြှောက်ပင့်ပြောဆို၍ မိမိဒုစရိုက်ကိုမမြင်နိုင်၊ မမုန်းနိုင်ချေ။
၁ ရာ 15:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှမွေလက “သို့ဖြစ်လျှင် ယခု ငါကြားနေရသော သိုးအော်သံ၊ နွားအော်သံများကား အဘယ်နည်း”ဟု ပြန်မေး၏။ Common Language Bible ရှမွေလက``ယင်းသို့ဖြစ်ပါမူအဘယ် ကြောင့်သိုးနွားတို့အော်မြည်သံကိုငါကြား ရပါသနည်း'' ဟုမေး၏။ Garrad Bible သို့ ဖြစ် လျှင် ငါ ကြား ရ သော သိုး သံ၊ နွား သံ များ ကား၊ Judson Bible ရှမွေလကလည်း၊ သို့ဖြစ်လျှင် ငါကြားရသော သိုးမြည်သံ၊ နွားမြည်သံကား အဘယ်သို့နည်းဟုမေးသော်၊ |
အကြောင်းမူကား သူသည် မိမိကိုယ်ကိုမြှောက်ပင့်ပြောဆို၍ မိမိဒုစရိုက်ကိုမမြင်နိုင်၊ မမုန်းနိုင်ချေ။
ထို့နောက် မောရှေက အာရုန်အား “ဤလူတို့သည် သင့်အား မည်သို့ပြုမိသဖြင့် ဤမျှကြီးလေးသောအပြစ်ကို သူတို့အပေါ်သို့ ကျရောက်စေသနည်း”ဟု မေးလျှင်
သခင်ကလည်း ‘ဆိုးညစ်သောအစေအပါး၊ သင်၏နှုတ်ထွက်စကားအတိုင်း သင့်ကို ငါစီရင်မည်။ ငါသည် မထည့်သွင်းထားသောအရာကိုထုတ်ယူ၍ မစိုက်ပျိုးသည့်အရာကို ရိတ်သိမ်းတတ်သည့် စည်းကမ်းကြီး၍တိကျသောသူဖြစ်ကြောင်း သင်သိသည်မှန်လျှင်
ပညတ်တရားဆိုထားသမျှတို့သည် ပညတ်တရားအောက်၌ရှိသောသူများအတွက်ဆိုထားကြောင်း ငါတို့သိကြ၏။ ဤသည်ကား နှုတ်ရှိသမျှသည် ပိတ်ထားခြင်းခံရ၍ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းလက်အောက်သို့ ကျရောက်ကြရန်ဖြစ်၏။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။
ရှောလုမင်းကြီးက “တပ်သားတို့သည် အကောင်းဆုံးသော သိုး၊ နွားတို့ကို နှမြော၍ အရှင်၏ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် ထိုအကောင်တို့ကို အာမလက်လူမျိုးတို့ထံမှ ယူဆောင်လာခဲ့ပါ၏။ ကျန်သောအရာများကိုမူ အကုန်ဖျက်ဆီးပစ်လိုက်ပါသည်”ဟု ပြန်ဖြေ၏။