၁ ရာ 14:33 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ရှောလုမင်းကြီးအား “ကြည့်ပါလော့။ စစ်သည်တို့သည် အသွေးနှင့်တကွစားခြင်းဖြင့် ထာဝရဘုရားကို ပြစ်မှားမိကြပြီ”ဟု လျှောက်ကြရာ ရှောလုမင်းကြီးက “သင်တို့သစ္စာဖျက်ကြပြီ။ ယနေ့ ငါ့ထံ ကျောက်တုံးကြီးတစ်တုံးလှိမ့်လာခဲ့ပါ”ဟု မိန့်ဆို၏။ Common Language Bible ယင်းသို့လူတို့သည်သွေးသံရဲရဲနှင့်စား သောက်ကာ ထာဝရဘုရားအားပြစ်မှား ကြကြောင်းကိုရှောလုအားလျှောက်ထား ကြသောအခါ၊ ရှောလုက``သင်တို့သည်သစ္စာဖောက်ကြလေ ပြီတကား။ ကျောက်တုံးကြီးကိုဤအရပ် သို့လှိမ့်ယူခဲ့ကြလော့'' ဟုဆို၏။- Garrad Bible ဗိုလ် ထု သည် ထို သို့ အ သွေး ပါ စား မိ သည် နှင့် ထာ ဝ ရ ဘု ရား ကို ပြစ် မှား ရာ ရောက် ပြီ ဟု ရှော လု မင်း အား တင် လျှောက် ကြ လျှင် ရှော လု မင်း က သင် တို့ သည် တ ရား ပျက် ကြ လေ ပြီ။ ယ ခု ငါ့ ထံ သို့ ကျောက် ဖျာ ကြီး ကို လှိမ့် ခဲ့ လော့ ဟူ ၍ လည်း ကောင်း၊ Judson Bible ထိုသို့ လူများတို့သည် အသွေးနှင့်တကွစား၍ ထာဝရဘုရားကို ပြစ်မှားသည်ဟု ရှောလုအား ကြားလျှောက်လျှင်၊ သင်တို့သည် သစ္စာပျက်ကြပြီ။ ကြီးစွာသောကျောက်ကို ငါ့ထံသို့ယနေ့လှိမ့်ခဲ့။ |
အစ္စရေးအမျိုးအနွယ်ထဲမှဖြစ်စေ၊ သူတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားထဲမှဖြစ်စေ တစ်စုံတစ်ယောက်သည် သွေးတစ်မျိုးမျိုးကိုစားလျှင် ထိုသွေးစားသောသူကို ငါမျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
သင်တို့နေထိုင်ရာအရပ်ရပ်၌ ငှက်သွေးဖြစ်စေ၊ တိရစ္ဆာန်သွေးဖြစ်စေ မည်သည့်သွေးကိုမျှ မစားရ။
သွေးတစ်မျိုးမျိုးကိုစားသောသူမှန်သမျှ မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
သူတော်ကောင်းယောင်ဆောင်သောသူ၊ သင်၏မျက်စိထဲမှ သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ ထိုအခါ သင့်ညီအစ်ကို၏မျက်စိထဲမှ သစ်အမှုန်အစကိုထုတ်ပစ်ရန် ရှင်းလင်းစွာမြင်ရလိမ့်မည်။
ရုပ်တုများကြောင့်ညစ်ညူးသောအရာ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် သွေးတို့ကိုရှောင်ကြဉ်ကြရန် သူတို့ထံ စာရေးသင့်သည်ဟု ငါယူဆ၏။
ထို့ကြောင့် သူတစ်ပါးကိုစီရင်တတ်သောအချင်းလူ၊ သင်သည် ဆင်ခြေပေး၍မရ။ အဘယ်ကြောင့်ဆိုသော် စီရင်နေသောသင်သည်လည်း တူညီသောအမှုများကိုပြုကျင့်နေသည်ဖြစ်၍ သူတစ်ပါးကိုစီရင်ရာတွင် သင့်ကိုယ်သင်ပြစ်ဒဏ်စီရင်ရာရောက်၏။
သွေးသည် အသက်ဖြစ်သောကြောင့် သွေးကိုလုံးဝမစားရ။ အသားနှင့်တကွ အသက်ကိုမစားရ။
ထို့နောက် ရှောလုမင်းကြီးက “လူတို့ထံသို့ အနှံ့သွား၍ သူတို့အား ‘သူတို့အသီးသီးပိုင်ဆိုင်သောသိုးနွားတို့ကို ငါ့ထံသို့ ယူဆောင်လာစေပါ။ ဤနေရာတွင် သတ်၍စားကြပါ။ အသွေးကိုစားခြင်းဖြင့် ထာဝရဘုရားကို မပြစ်မှားကြပါနှင့်’ဟူ၍ ပြောကြားလော့”ဟု မိန့်ဆို၏။ ထိုညမှာပင် လူတို့သည် မိမိတို့၌ရှိသောနွားတို့ကို ယူလာ၍ ထိုနေရာ၌ သတ်ကြ၏။