ယခုဆိုလျှင် သူသည် လိုဏ်ဂူတစ်ခုခု၊ သို့မဟုတ် နေရာတစ်နေရာရာတွင် ပုန်းရှောင်နေပါလိမ့်မည်။ စစ်စတိုက်သည်နှင့် စစ်သည်တို့ကျဆုံးကြောင်းကြားသောသူတို့က ‘အဗရှလုံနောက်လိုက်သူတို့ အသတ်ခံရလေပြီ’ဟု ဆိုကြပါလိမ့်မည်။
၁ ရာ 14:14 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ ယောနသန်နှင့်သူ့လက်နက်ကိုင်လုလင်တို့သည် ပွဲဦးထွက်တိုက်ခိုက်ရာ၌ ဧကဝက်ခန့်မျှရှိသောမြေကွက်တွင် လူနှစ်ဆယ်ခန့်ကို သတ်ဖြတ်နိုင်၏။ Common Language Bible ဤပထမလူသတ်ပွဲတွင်ယောနသန်နှင့် သူငယ်တို့၏လက်ချက်ဖြင့် ဧကဝက်ခန့် ရှိသောနယ်မြေတွင်လူပေါင်းနှစ်ဆယ်ခန့် သေသတည်း။- Garrad Bible ယော န သန် နှင့် လု လင် တို့ ပ ဌ မ လုပ် ကြံ ခြင်း အား ဖြင့် နွား တစ် ရှဉ်း ထွန် လောက် သော မြေ ကွက် အ တွင်း တွင် လူ နှစ် ဆယ် ခန့် ရှုံး သေ သည် ဖြစ် ၍ Judson Bible ယောနသန်နှင့် လုလင်ပြုသော ပထမလုပ်ကြံခြင်းအားဖြင့် နွားတစ်ရှဉ်းထွန်နိုင်သော မြေကွက်အတွင်းတွင် လူနှစ်ဆယ်ခန့်မျှ သေကြ၏။ |
ယခုဆိုလျှင် သူသည် လိုဏ်ဂူတစ်ခုခု၊ သို့မဟုတ် နေရာတစ်နေရာရာတွင် ပုန်းရှောင်နေပါလိမ့်မည်။ စစ်စတိုက်သည်နှင့် စစ်သည်တို့ကျဆုံးကြောင်းကြားသောသူတို့က ‘အဗရှလုံနောက်လိုက်သူတို့ အသတ်ခံရလေပြီ’ဟု ဆိုကြပါလိမ့်မည်။
ထိုအခါ သူသည် မြည်းမေးရိုးလတ်လတ်တစ်ချောင်းကိုတွေ့သဖြင့် ကောက်ယူကာ လူအယောက်တစ်ထောင်ကို သတ်ပြီးလျှင်
ထိုအခါ သူသည် သူ၏လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ “လူတို့က ငါ့ကို ‘မိန်းမသတ်၍သေရသည်’ဟု မဆိုရလေအောင် သင့်ဓားကိုဆွဲထုတ်၍ ငါ့ကို သတ်ပါလော့”ဟု ဆိုသဖြင့် သူ၏ငယ်သားသည် သူ့ကိုထိုးလိုက်ရာ သူသေလေ၏။
ယောနသန်သည် လေးဖက်ထောက်တက်သွား၍ သူ့လက်နက်ကိုင်လုလင်သည်လည်း သူ့နောက်မှ လိုက်တက်၏။ ယောနသန်သည် ရှေ့မှနေ၍ ဖိလိတ္တိလူမျိုးတို့ကိုလှဲချ၏။ သူ့လက်နက်ကိုင်လုလင်သည်လည်း နောက်မှနေ၍ ထိုသူတို့ကို သတ်ဖြတ်လေ၏။
တပ်စခန်းအတွင်း အပြင်ရှိ ကင်းတပ်သားအားလုံး ကြောက်ရွံ့ကြကုန်၏။ အသေခံတပ်သားများလည်း ထိတ်လန့်ကြလေ၏။ ထိုစဉ်တွင် ငလျင်ပါလှုပ်သဖြင့် ပို၍ကြောက်ရွံ့ကြလေ၏။