သင်တို့ကို ငါမျက်နှာလွှဲမည်။ သင်တို့သည် သင်တို့၏ရန်သူရှေ့၌ ရှုံးနိမ့်ရလိမ့်မည်။ သင်တို့ကိုမုန်းတီးသောသူတို့သည် သင်တို့ကို အုပ်စိုးလိမ့်မည်။ လိုက်သောသူမရှိသော်လည်း သင်တို့သည် ထွက်ပြေးရလိမ့်မည်။
၁ ရာ 13:7 - မြန်မာ့စံမီသမ္မာကျမ်း ဟေဗြဲလူမျိုးတို့သည် ဂျော်ဒန်မြစ်တစ်ဖက် ဂဒ်ပြည်၊ ဂိလဒ်ပြည်တို့သို့ ကူးသွားကြ၏။ ရှောလုမင်းကြီးသည် ဂိလဂါလမြို့၌ပင်ရှိပြီး သူနှင့်အတူရှိသောစစ်သည်အပေါင်းတို့မှာလည်း ကြောက်ရွံ့တုန်လှုပ်နေကြပြီဖြစ်၏။ Common Language Bible အချို့တို့ကမူယော်ဒန်မြစ်ကိုဖြတ်ကူး ကာဂဒ်နှင့်ဂိလဒ်နယ်များသို့ထွက်ပြေး ကြ၏။ ရှောလုသည်ဂိလဂါလမြို့တွင်ပင်ရှိနေ သေး၏။ သူနှင့်အတူရှိသည့်တပ်သားတို့ သည်ကြောက်လန့်တုန်လှုပ်လျက်နေကြ၏။- Garrad Bible ဟေ ဗြဲ အ ချို့ တို့ သည် ယော် ဒန် မြစ် တစ် ဘက်၊ ဂဒ် နယ်၊ ဂိ လဒ် နယ် များ သို့ ကူး သွား ကြ၏။ ရှော လု မင်း ကား ဂိ လ ဂါ လ မြို့၌ နေ ရစ် ရာ နောက် ပါ သူ အ ပေါင်း တို့ တုန် လှုပ် ချောက် ချား လျက် ကွဲ သွား ကြ ကုန် ၏။ Judson Bible ယော်ဒန်မြစ်တစ်ဖက်၌ နေသောသူအချို့တို့သည် ကူးပြန်၍၊ ဂဒ်ပြည်၊ ဂိလဒ်ပြည်သို့ သွားကြ၏။ ရှောလုသည် ဂိလဂါလမြို့၌ နေသေး၍၊ လူအပေါင်းတို့သည် သူ့နောက်၌ တုန်လှုပ်လျက်ရှိကြ၏။ |
သင်တို့ကို ငါမျက်နှာလွှဲမည်။ သင်တို့သည် သင်တို့၏ရန်သူရှေ့၌ ရှုံးနိမ့်ရလိမ့်မည်။ သင်တို့ကိုမုန်းတီးသောသူတို့သည် သင်တို့ကို အုပ်စိုးလိမ့်မည်။ လိုက်သောသူမရှိသော်လည်း သင်တို့သည် ထွက်ပြေးရလိမ့်မည်။
ကြီးကြပ်အုပ်ချုပ်သူတို့သည် စစ်သည်တို့အား ‘ကြောက်တတ်သောသူ၊ စိတ်မခိုင်သောသူတစ်စုံတစ်ယောက်ရှိသလော။ ထိုသူကို မိမိအိမ်သို့ပြန်သွားစေ။ သို့မဟုတ်လျှင် ထိုသူသည် မိမိကဲ့သို့ မိမိညီအစ်ကိုတို့ကို စိတ်ပျက်အားလျော့စေလိမ့်မည်’ဟု ဆက်၍ပြောကြားရမည်။
ထာဝရဘုရားသည် သင့်ရန်သူတို့ရှေ့၌ သင့်ကိုရှုံးနိမ့်စေတော်မူမည်။ သင်သည် လမ်းတစ်လမ်းတည်းဖြင့် သူတို့ထံသို့လာသော်လည်း သူတို့ထံမှ လမ်းခုနစ်လမ်းဖြင့် ထွက်ပြေးရမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် သင်သည် ထိတ်လန့်စရာဖြစ်မည်။
ထိုအချိန်၌ ငါတို့သိမ်းပိုက်ခဲ့သောမြေကို ရုဗင်အမျိုးနှင့်ဂဒ်အမျိုးတို့အား အာနုန်ချောင်းနံဘေးရှိအာရော်မြို့မှ ဂိလဒ်တောင်ပေါ်ဒေသတစ်ဝက်အထိ မြို့များနှင့်တကွ ငါပေး၏။
ဂိလဒ်ပြည်၊ ဂေရှုရိလူမျိုးနှင့် မာခါသိလူမျိုးတို့၏နယ်မြေ၊ ဟေရမုန်တောင်တစ်တောင်လုံး၊ ဗာရှန်ပြည်တစ်ပြည်လုံးမှစ၍ သာလကမြို့အထိ
ကျန်မနာရှေအမျိုးတစ်ဝက်နှင့် ရုဗင်အမျိုး၊ ဂဒ်အမျိုးတို့မူကား ဂျော်ဒန်မြစ်အရှေ့ဘက်တွင် မောရှေခွဲပေးသော အမွေမြေကို ရပြီးဖြစ်၏။ ထာဝရဘုရား၏ကျွန်မောရှေခွဲပေးခဲ့သည့်အတိုင်း
ထို့ကြောင့် ‘ကြောက်တတ်သောသူ၊ သတ္တိမရှိသောသူ မည်သူမဆို ဂိလဒ်တောင်မှ လှည့်ပြန်သွားကြ’ဟူ၍ လူအများကြားသိအောင် ကြေညာလော့”ဟု မိန့်တော်မူ၏။ ထိုသို့ ကြေညာပြီးသောအခါ လူအယောက်နှစ်သောင်းနှစ်ထောင် ပြန်သွားသဖြင့် လူအယောက်တစ်သောင်းသာ ကျန်ရစ်၏။
ရှောလုမင်းကြီးသည် ရှမွေလချိန်းချက်ထားသည့်အတိုင်း ခုနစ်ရက်စောင့်နေသော်လည်း ရှမွေလသည် ဂိလဂါလမြို့သို့ရောက်မလာချေ။ လူတို့သည်လည်း ရှောလုမင်းကြီးထံမှ တကွဲတပြားကွဲလွင့်သွားကြကုန်၏။
ရှောလုမင်းကြီးနှင့်တကွ အစ္စရေးစစ်သည်အားလုံးတို့သည် ထိုဖိလိတ္တိပြည်သား၏စကားကို ကြားသောအခါ တုန်လှုပ်ချောက်ချားလျက် အလွန်ကြောက်ရွံ့ကြကုန်၏။
အစ္စရေးအမျိုးသားများ ထွက်ပြေးကြရကြောင်း၊ ရှောလုမင်းကြီးနှင့်သားတော်များလည်း ကျဆုံးပြီဖြစ်ကြောင်းကို ချိုင့်ဝှမ်းလွင်ပြင်တစ်ဖက်ခြမ်းနှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းတို့၌နေသော အစ္စရေးအမျိုးသားတို့ သိမြင်လျှင် သူတို့သည်လည်း မြို့ရွာများကို စွန့်၍ထွက်ပြေးကြ၏။ ထိုအခါ ဖိလိတ္တိလူမျိုးတို့သည် ထိုမြို့ရွာတို့တွင် ဝင်ရောက်နေထိုင်ကြလေ၏။