ထိုအချိန်က ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်စံမြန်းလျက်ရှိပြီး ဖိလိတ္တိကင်းတပ်မူကား ဗက်လင်မြို့၌ တပ်စွဲထားလျက်ရှိ၏။
၁ ရာ 13:23 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်တွင် ဖိလိတ္တိကင်းတပ်သည် မိတ်မတ်မြို့တောင်ကြားလမ်းသို့ ထွက်ခွာသွား၏။ Common Language Bible ဖိလိတ္တိအမျိုးသားတို့ကစစ်သည်တပ်သား တစ်စုကိုစေလွှတ်၍ မိတ်မတ်တောင်ကြားလမ်း ကိုကာကွယ်စေကြ၏။ Garrad Bible ဖိ လိ တ္တိ ကင်း တပ် သည် မိတ် မတ် မြို့ လမ်း ထိပ် သို့ ရွှေ့ ချ ကြ ၏။ Judson Bible တစ်ဖန် ဖိလိတ္တိတပ်သားတို့သည် မိတ်မတ်မြို့ လမ်းဝသို့ ထွက်၍နေကြစဉ်တွင်၊ |
ထိုအချိန်က ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်စံမြန်းလျက်ရှိပြီး ဖိလိတ္တိကင်းတပ်မူကား ဗက်လင်မြို့၌ တပ်စွဲထားလျက်ရှိ၏။
သူသည် အာဣမြို့သို့ရောက်လေပြီ။ မိဂရုန်မြို့ကိုဖြတ်သွားပြီ။ မိတ်မတ်မြို့၌ သူ၏အထုပ်အပိုးများကို ချထားပြီ။
သူတို့သည် တောင်ကြားလမ်းကိုဖြတ်၍ ဂေဗမြို့၌ စခန်းချကြ၏။ ရာမမြို့သည် ကြောက်ရွံ့တုန်လှုပ်လျက်ရှိ၏။ ရှောလုမင်းကြီးစံမြန်းရာ ဂိဗာမြို့သည် ထွက်ပြေးပြီ။
ဖိလိတ္တိလူမျိုးတို့သည်လည်း အစ္စရေးလူမျိုးတို့ကို ပြန်လည်တိုက်ခိုက်ရန် စုဝေးကြပြီးလျှင် စစ်ရထားသုံးသောင်း၊ မြင်းစီးသူရဲခြောက်ထောင်၊ ပင်လယ်ကမ်းခြေရှိသဲလုံးနှင့်အမျှများပြားသောစစ်သည်တို့နှင့်တကွ ချီတက်လာ၍ ဗေသဝင်မြို့အရှေ့ဘက် မိတ်မတ်မြို့၌ စခန်းချကြ၏။
တစ်နေ့တွင် ရှောလုမင်းကြီး၏သားတော်ယောနသန်သည် ခမည်းတော်ကို အသိမပေးဘဲ မိမိ၏လက်နက်ကိုင်လုလင်အား “လာပါ။ တစ်ဖက်ကမ်းရှိ ဖိလိတ္တိကင်းတပ်သို့ ကူးသွားကြစို့”ဟု ဆို၏။