ထို့ပြင် ဂျေရုဆလင်မြို့သားများအပါအဝင် မှူးမတ်များ၊ စစ်သူရဲများ၊ လက်မှုပညာသည်များ၊ ပန်းပဲသမားများအားလုံး စုစုပေါင်းလူတစ်သောင်းကို ဖမ်းခေါ်သွား၏။ ဆင်းရဲသောပြည်သူပြည်သားများမှအပ မည်သူမျှမကျန်တော့ပေ။
၁ ရာ 13:19 - မြန်မာ့စံမီသမ္မာကျမ်း ဖိလိတ္တိလူမျိုးတို့က “ဟေဗြဲလူမျိုးတို့ကို ဓား၊ လှံ တစ်စုံတစ်ရာမျှ မလုပ်စေနှင့်”ဟု ဆိုသဖြင့် ထိုစဉ်က အစ္စရေးတစ်ပြည်လုံးတွင် ပန်းပဲသမားတစ်ယောက်မျှ မတွေ့ရချေ။ Common Language Bible ဟေဗြဲအမျိုးသားတို့ဋ္ဌားလှံလက်နက်များ ပြုလုပ်ခြင်းကိုဖိလိတ္တိအမျိုးသားတို့က ပိတ်ပင်တားမြစ်သဖြင့် ဣသရေလပြည် တွင်ယနေ့တိုင်အောင်ပန်းပဲဆရာများ မရှိချေ။- Garrad Bible ထို ကာ လ ဖိ လိ တ္တိ လူ မျိုး တို့ သည် ဓား၊ လှံ များ ကို ဟေ ဗြဲ လူ မျိုး တို့ လုပ် ကြ မည် ကို စိုး ရိမ် သော ကြောင့် ဣ သ ရေ လ တစ် ပြည် လုံး တွင် ပန်း ပဲ တစ် ယောက် မျှ မ ရှိ စေ သည် နှင့် Judson Bible ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့သည် ဓားလှံတို့ကို မလုပ်စေနှင့်ဟု စီရင်မြဲရှိသောကြောင့်၊ ဣသရေလပြည်တစ်လျှောက်လုံးတွင် ပန်းပဲတစ်ယောက်မျှ မရှိ။ |
ထို့ပြင် ဂျေရုဆလင်မြို့သားများအပါအဝင် မှူးမတ်များ၊ စစ်သူရဲများ၊ လက်မှုပညာသည်များ၊ ပန်းပဲသမားများအားလုံး စုစုပေါင်းလူတစ်သောင်းကို ဖမ်းခေါ်သွား၏။ ဆင်းရဲသောပြည်သူပြည်သားများမှအပ မည်သူမျှမကျန်တော့ပေ။
ကြည့်ရှုလော့။ မီးခဲကို မီးတောက်အောင်မှုတ်ပြီး လက်နက်ကိုထုတ်လုပ်တတ်သော ပန်းပဲဆရာကို ငါကိုယ်တော်တိုင်ဖန်ဆင်း၏။ ဖျက်ဆီးတတ်သော အဖျက်သမားကိုလည်း ငါကိုယ်တော်တိုင်ဖန်ဆင်း၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့ရှိ ယောယကိမ်မင်းကြီး၏သားတော် ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအကြီးအကဲများ၊ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီးနောက်ပိုင်းတွင် ထာဝရဘုရားသည် ငါ့အား ထာဝရဘုရား၏ဗိမာန်တော်ရှေ့၌ရှိသော သဖန်းသီးခြင်းတောင်းနှစ်တောင်းကိုပြ၏။
ယေခေါနိမင်းကြီး၊ မယ်တော်၊ နန်းတွင်းအကြီးအကဲများ၊ ယုဒပြည်ဂျေရုဆလင်မြို့၏မှူးမတ်များမှစ၍ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ ဂျေရုဆလင်မြို့မှ ထွက်သွားပြီးနောက်တွင် ရေးသား၍
သူတို့သည် ဘုရားအသစ်တို့ကိုရွေးချယ်ကြသောအခါ မြို့တံခါးများ၌ စစ်ဖြစ်လေ၏။ အစ္စရေးလူမျိုးတို့၌ လူလေးသောင်းတွင် ဒိုင်းတစ်ခု၊ လှံတစ်စင်းမျှမတွေ့ရ။
ထို့ကြောင့် အစ္စရေးလူထုတစ်ရပ်လုံး မိမိတို့၏ပေါက်တူး၊ ထယ်သွား၊ ပုဆိန်၊ တူးရွင်းတို့ကိုသွေးလိုလျှင် ဖိလိတ္တိလူမျိုးတို့ထံသို့သွား၍ သွေးရ၏။