ငါသည် အမျက်ထွက်၍ ရှင်ဘုရင်တစ်ပါးကို သင့်အား ပေးခဲ့၏။ အမျက်ထွက်၍ပင် သူ့ကို ဖယ်ရှားခဲ့၏။
၁ ရာ 12:13 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယခု ကြည့်ရှုလော့။ သင်တို့ရွေးချယ်သောရှင်ဘုရင်၊ သင်တို့တောင်းဆိုသောရှင်ဘုရင်သည် ဤသူပင်တည်း။ သင်တို့ကို အုပ်စိုးမည့် ရှင်ဘုရင်ကို ထာဝရဘုရား ခန့်ထားတော်မူပြီ။ Common Language Bible ``သင်တို့ရွေးချယ်သည့်ဘုရင်သည်ယခုသင် တို့ရှေ့မှောက်တွင်ရှိ၏။ သင်တို့တောင်းဆိုသည့် အတိုင်း ထာဝရဘုရားသည်သူ့ကိုဘုရင် အဖြစ်ချီးမြှောက်တော်မူလေပြီ။- Garrad Bible သို့ နှင့် အ ညီ သင် တို့ တောင်း ဆို၍ တင် မြှောက် သော ဘု ရင်၊ သင် တို့ အ ပေါ် တွင် ထာ ဝ ရ ဘု ရား ခန့် ထား တော် မူ ရ သော ဘု ရင် ကို ကြည့် ကြ လော့။ Judson Bible ယခုမှာ သင်တို့လိုချင်၍ ရွေးချယ်သောရှင်ဘုရင်ကို ကြည့်ရှုကြလော့။ ထာဝရဘုရားသည် သင်တို့အပေါ်မှာ ရှင်ဘုရင်ဖြစ်စေခြင်းငှာ ချီးမြှောက်တော်မူပြီ။ |
ငါသည် အမျက်ထွက်၍ ရှင်ဘုရင်တစ်ပါးကို သင့်အား ပေးခဲ့၏။ အမျက်ထွက်၍ပင် သူ့ကို ဖယ်ရှားခဲ့၏။
ထိုမှတစ်ဖန် သူတို့သည် ဘုရင်ကိုတောင်းကြသဖြင့် ဘုရားသခင်သည် ဗင်္ယာမိန်အနွယ်မှ ကိရှ၏သားရှောလုကို အနှစ်လေးဆယ်တိုင်တိုင် သူတို့အား ပေးတော်မူ၏။
ရှမွေလက လူအပေါင်းတို့အား “ထာဝရဘုရားရွေးကောက်တော်မူသောသူကို ကြည့်ကြပါလော့။ လူအပေါင်းတို့တွင် သူနှင့်တူသောသူတစ်ယောက်မျှမရှိ”ဟု ဆိုလျှင် လူအပေါင်းတို့က “အရှင်မင်းကြီး သက်တော်ရှည်ပါစေ”ဟု ကြွေးကြော်ကြလေ၏။
လူအပေါင်းတို့သည် ဂိလဂါလမြို့သို့လိုက်သွားကြ၏။ သူတို့သည် ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ ရှောလုကို မင်းမြှောက်ကြပြီး ထာဝရဘုရားထံ မိတ်သဟာယယဇ်ကို ပူဇော်ကြ၏။ ရှောလုနှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် အလွန်ဝမ်းမြောက်ပျော်ရွှင်ကြ၏။
ယနေ့သည် ဂျုံရိတ်သိမ်းသောနေ့မဟုတ်လော။ ထာဝရဘုရားသည် မိုးချုန်းသံနှင့်တကွ မိုးကိုရွာသွန်းစေမည့်အကြောင်း ငါသည် ထာဝရဘုရားထံ ဆုတောင်းမည်။ သင်တို့အဖို့ ရှင်ဘုရင်ကိုတောင်းဆိုခြင်းအမှုသည် ထာဝရဘုရားရှေ့တော်၌ မည်မျှအပြစ်ကြီးကြောင်းကို သင်တို့သိမြင်ရလိမ့်မည်”ဟု ဆိုပြီးလျှင်
ထို့ကြောင့် လူအပေါင်းတို့က ရှမွေလအား “အကျွန်ုပ်တို့သည် ရှင်ဘုရင်ကိုတောင်းဆိုခြင်းဖြင့် အကျွန်ုပ်တို့၏အပြစ်အလုံးစုံတို့အပေါ်၌ ထပ်၍မကောင်းမှုကိုပြုမိပါပြီ။ အကျွန်ုပ်တို့ မသေရမည့်အကြောင်း အရှင်၏အစေအပါး အကျွန်ုပ်တို့အဖို့ အရှင်၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့”ဟု ဆိုကြ၏။
ရှမွေလအား “ကြည့်ရှုလော့။ ယခု အရှင် အသက်ကြီးပြီ။ အရှင့်သားတို့သည်လည်း အရှင်လျှောက်ခဲ့သည့်လမ်းအတိုင်း မလိုက်လျှောက်ကြပါ။ ထို့ကြောင့် လူမျိုးခြားအပေါင်းတို့နည်းတူ အကျွန်ုပ်တို့ကို စီရင်အုပ်ချုပ်ရန် ရှင်ဘုရင်တစ်ပါးကို အကျွန်ုပ်တို့အတွက် တင်မြှောက်ပေးပါလော့”ဟု ဆိုကြ၏။
လွန်ခဲ့သောသုံးရက်က ပျောက်သွားသောမြည်းများအတွက် စိတ်မပူနှင့်။ ထိုမြည်းတို့ကို ပြန်တွေ့ပြီ။ အစ္စရေးလူမျိုးသည် မည်သူ့ကို အလိုရှိပါသနည်း။ သင်နှင့် သင့်ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ကိုမဟုတ်လော”ဟု ပြန်ပြောလေ၏။