သူတို့က “ငါတို့၏နှမကို အရေဖျားမလှီးသောသူနှင့်ပေးစားခြင်းအမှုကို ငါတို့မပြုနိုင်ပါ။ အကြောင်းမူကား ထိုသို့ပြုလျှင် ငါတို့သည် ကဲ့ရဲ့ပြစ်တင်ခြင်းခံရလိမ့်မည်။
၁ ရာ 11:2 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အမ္မုန်လူမျိုးနာဟတ်က သူတို့အား “သင်တို့အားလုံး၏ညာဘက်မျက်လုံးကို ဖောက်ထုတ်ပြီး အစ္စရေးတစ်မျိုးသားလုံးကို ကဲ့ရဲ့ရှုတ်ချရမှသာ သင်တို့နှင့် ငါမဟာမိတ်ဖွဲ့မည်”ဟု ပြန်ပြော၏။ Common Language Bible နာဟတ်က``ဣသရေလအမျိုးသားတစ် ရပ်လုံးအသရေပျက်စေရန် သင်တို့၏ညာ မျက်စိရှိသမျှကိုဖောက်ပစ်ခွင့်ပေးမှသာ ငါသည်သင်တို့နှင့်မဟာမိတ်စာချုပ်ချုပ် ဆိုနိုင်မည်'' ဟုဆို၏။ Garrad Bible အ မ္မုန် အ မျိုး နာ ဟတ် မင်း က ဣ သ ရေ လ တစ် မျိုး လုံး အ ရှက် ကို ငါ ခွဲ ရန် သင် တို့၏ လက်ျာ မျက် စိ ဟူ သ မျှ ကို ထိုး ဖောက် ရ မှ သာ မိတ် ဖွဲ့ ခံ မည် ဟု မိန့် ဆို ရာ Judson Bible အမ္မုန်အမျိုးသား နာဟတ်က၊ သင်တို့၌ လက်ယာမျက်စိရှိသမျှကိုဖောက်၍ ဣသရေလအမျိုးတစ်မျိုးလုံး၌ ငါကဲ့ရဲ့ရသောအခွင့်ကို ပေးမှသာ မိတ်သဟာယဖွဲ့မည်ဟု ပြန်ပြောသော်၊ |
သူတို့က “ငါတို့၏နှမကို အရေဖျားမလှီးသောသူနှင့်ပေးစားခြင်းအမှုကို ငါတို့မပြုနိုင်ပါ။ အကြောင်းမူကား ထိုသို့ပြုလျှင် ငါတို့သည် ကဲ့ရဲ့ပြစ်တင်ခြင်းခံရလိမ့်မည်။
ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်။ အဆီးရီးယားဘုရင်က ‘ငါနှင့်ငြိမ်းချမ်းရေးယူ၍ ငါ့ဘက်သို့ လာကြ။ ငါလာ၍ သင်တို့ကို မခေါ်ဆောင်သွားမီအထိ သင်တို့အသီးသီး ကိုယ့်စပျစ်သီး၊ ကိုယ့်သဖန်းသီးတို့ကိုစားနှင့်ကြ။ ကိုယ့်ရေတွင်းမှရေကိုသောက်နှင့်ကြ။
ကိုယ်တော်သည် အကျွန်ုပ်တို့ကို အကျွန်ုပ်တို့၏အိမ်နီးချင်းများအတွက် ကဲ့ရဲ့ပြစ်တင်စရာ၊ အကျွန်ုပ်တို့၏ပတ်လည်၌ရှိသောသူတို့အတွက် အထင်အမြင်သေးစရာနှင့် ပြက်ရယ်ပြုစရာဖြစ်စေတော်မူပါ၏။
တစ်ဖန် ဘုရားသခင်က “ငါသည် သင့်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့သဖြင့် မိမိမျက်နှာကို ဖုံးကွယ်ထားလေ၏။
ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်၏အသက်ကို ဂရုစိုက်တတ်၏။ ဆိုးယုတ်သောသူတို့၏သနားစုံမက်ခြင်းမူကား ရက်စက်မှုဖြစ်၏။
ဇေဒကိမင်းကြီး၏မျက်လုံးများကိုလည်း ဖောက်ထုတ်ပြီး သူ့ကို ကြေးနီခြေချင်းခတ်လျက် ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
သင်သည် ငါတို့ကို နို့နှင့်ပျားရည်စီးသောပြည်သို့ မပို့ဆောင်၊ အမွေအဖြစ် လယ်ယာနှင့်စပျစ်ခြံကိုလည်း ငါတို့အားမပေး။ ဤသူတို့၏မျက်စိကိုလည်း ဖောက်လိုသလော။ ငါတို့မလာ”ဟု ဆိုကြ၏။
ဖိလိတ္တိလူမျိုးတို့ကလည်း သူ့ကိုဖမ်းချုပ်ပြီး မျက်စိနှစ်ဖက်ကို ဖောက်ထုတ်ပစ်၏။ ထို့နောက် သူ့ကို ကြေးနီကြိုးဖြင့် ချည်နှောင်ထား၍ ဂါဇမြို့သို့ ခေါ်ဆောင်သွား၏။ ထို့နောက် သူ့ကိုအကျဉ်းချထား၍ ကြိတ်ဆုံကြိတ်ရသည့်အလုပ်ကို လုပ်စေ၏။
ထို့ကြောင့် ယာဗက်မြို့သားတို့က “မနက်ဖြန် အရှင့်ထံ အကျွန်ုပ်တို့လာပါမည်။ အရှင် အလိုရှိသည်အတိုင်း ပြုပါ”ဟု အကြောင်းပြန်ကြ၏။
အမ္မုန်ဘုရင်နာဟတ်မင်းကြီး စစ်ချီလာသည်ကို သင်တို့မြင်သောအခါ ဘုရားသခင်ထာဝရဘုရားသည် သင်တို့၏ဘုရင်ဖြစ်နေလျက်နှင့်ပင် သင်တို့က ငါ့အား ‘မဟုတ်ပါ၊ အကျွန်ုပ်တို့ကို အုပ်စိုးမည့်ရှင်ဘုရင်ကို ခန့်ပေးပါ’ဟု တောင်းဆိုကြ၏။
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။