ထိုအခါ ဗာဟုရိမ်မြို့မှ ဗင်္ယာမိန်အမျိုးသားဖြစ်သူ ဂေရ၏သား ရှိမိသည် ယုဒလူမျိုးတို့နှင့်အတူ ရှင်ဘုရင်ကို ကြိုဆိုရန် အလျင်အမြန် ဆင်းသွား၏။
၁ ရာ 10:8 - မြန်မာ့စံမီသမ္မာကျမ်း ဂိလဂါလမြို့သို့ သင်ကြိုဆင်းသွားနှင့်လော့။ နောက်မှ မီးရှို့ရာယဇ်များ၊ မိတ်သဟာယယဇ်များကိုပူဇော်ရန် ငါလာခဲ့မည်။ ငါမရောက်မီ ခုနစ်ရက်စောင့်နေလော့။ ငါရောက်လျှင် သင်ပြုရမည့်အရာကို ပြောပြမည်”ဟု ဆိုလေ၏။ Common Language Bible သင်သည်ငါ၏အလျင်ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်ထိုမြို့တွင်သင်နှင့်တွေ့ ဆုံ၍မီးရှို့ရာယဇ်များနှင့်မိတ်သဟာယ ယဇ်များကိုပူဇော်မည်။ သင်အဘယ်သို့ပြု ရမည်ကို ငါလာ၍မဖော်ပြမချင်းထို မြို့တွင်ခုနစ်ရက်တိုင်တိုင်စောင့်နေလော့'' ဟုဆို၏။ Garrad Bible သင် ကား ဂိ လ ဂါ လ မြို့ သို့ သွား နှင့် ပြီး လျှင်၊ မီး ရှို့ ရာ သ က္ကာ နှင့် မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ များ ကို ဆက် ကပ် ရန်လည်း ကောင်း၊ မည် သို့ ပြု အပ် ကြောင်း သင် ကြား ရန် လည်း ကောင်း၊ သင် ရှိ ရာ သို့ ငါ ဆင်း လာ မည် ဖြစ် သော ကြောင့် ငါ မ ရောက် မ ချင်း ခု နစ် ရက် တိုင် တိုင် ဆိုင်း လင့် လော့ ဟု မိန့် မှာ သည့် အ တိုင်း Judson Bible သင်သည်လည်း ငါ့ရှေ့မှာ ဂိလဂါလမြို့သို့ သွားရမည်။ ငါသည်လည်း မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ခြင်းငှာ သင်ရှိရာသို့လာမည်။ ငါလာ၍ သင်ပြုရသော အမှုကိုမပြမီတိုင်အောင် သင်သည်ငံ့နေရမည်ဟု ဆို၏။ |
ထိုအခါ ဗာဟုရိမ်မြို့မှ ဗင်္ယာမိန်အမျိုးသားဖြစ်သူ ဂေရ၏သား ရှိမိသည် ယုဒလူမျိုးတို့နှင့်အတူ ရှင်ဘုရင်ကို ကြိုဆိုရန် အလျင်အမြန် ဆင်းသွား၏။
သူသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်အဖြစ် မိတ်သဟာယယဇ်ကောင်၏ကျောရိုးနှင့်ဆက်နေသော အမြီးပိုင်းတစ်ခုလုံးမှ ခွာယူသည့်အဆီ၊ အူကိုဖုံးနေသည့်အဆီ၊ အူ၌ရှိသည့်အဆီအားလုံး၊
လူတို့သည် ပထမလ၊ ဆယ်ရက်မြောက်နေ့တွင် ဂျော်ဒန်မြစ်မှ တက်လာကြပြီးနောက် ဂျေရိခေါမြို့အရှေ့ဘက်နယ်စပ်ရှိ ဂိလဂါလအရပ်တွင် စခန်းချကြ၏။
ရှောလုမင်းကြီးသည် ဖိလိတ္တိမြို့စောင့်တပ်ကို တိုက်ခိုက်၍ ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို စက်ဆုပ်ရွံရှာကြောင်း အစ္စရေးလူမျိုးအပေါင်းတို့ ကြားသိသောအခါ သူတို့သည် ရှောလုမင်းကြီးရှိရာ ဂိလဂါလမြို့သို့ လာရောက်စုရုံးကြ၏။
သို့သော် ရှမွေလက သူ့အား “သင့်ဓားသည် မိခင်တို့ကို သားသမီးဆုံးပါးစေသကဲ့သို့ သင့်မိခင်သည်လည်း မိန်းမတို့တွင် သားသမီးဆုံးပါးသူ ဖြစ်ရမည်”ဟု ဆိုပြီး ရှမွေလသည် အာဂတ်ကို ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ အပိုင်းပိုင်းခုတ်ဖြတ်လိုက်လေ၏။