သူသည် ထာဝရဘုရားကို မစွန့်၊ နောက်တော်သို့လိုက်၍ ဆည်းကပ်ကိုးကွယ်၏။ မောရှေအား ထာဝရဘုရား မိန့်မှာထားတော်မူသောပညတ်တော်များကို စောင့်ထိန်း၏။
၁ ယော 5:3 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်ကိုချစ်ခြင်းဆိုသည်မှာ ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းခြင်းပင်ဖြစ်၏။ ဘုရားသခင်၏ပညတ်တော်တို့သည်လည်း စောင့်ထိန်းရန်ခဲယဉ်းသည်မဟုတ်။ Common Language Bible အဘယ်ကြောင့်ဆိုသော်ဘုရားသခင်ကို ချစ်ခြင်းသည် ကိုယ်တော်၏ပညတ်တော်တို့ ကိုစောင့်ထိန်းခြင်းပင်ဖြစ်သည်။ ကိုယ်တော်၏ ပညတ်တော်တို့ကိုစောင့်ထိန်းရန်ငါတို့ အတွက်ဝန်မလေးပေ။- Garrad Bible ဘု ရား သ ခင် အား ချစ် ခြင်း မေ တ္တာ ကား ပ ညတ် တော် များ ကို စောင့် ရှောက် ခြင်း တည်း။ ဘု ရား သ ခင် အား ဖြင့် ဖွား ရ သ မျှ သည် ဤ လော က ကို အောင် မြင် ရ သော ကြောင့် ထို ပ ညတ် တော် များ ဝန် မ လေး ချေ။ ဤ လော က ကို နိုင် ခဲ့ သော အောင် မြင် ရာ မှာ ငါ တို့ ယုံ ကြည် ခြင်း တည်း။ Judson Bible ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကို ချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ကို ချစ်ခြင်းသည် ဘုရားသခင်၏ပညတ်တော်များကို လိုက်နာခြင်းပင် ဖြစ်၏။ ပညတ်တော်တို့သည် လိုက်နာရန် မခဲယဉ်းပေ။ |
သူသည် ထာဝရဘုရားကို မစွန့်၊ နောက်တော်သို့လိုက်၍ ဆည်းကပ်ကိုးကွယ်၏။ မောရှေအား ထာဝရဘုရား မိန့်မှာထားတော်မူသောပညတ်တော်များကို စောင့်ထိန်း၏။
ကိုယ်တော်၏မိန့်တော်မူချက်သည် အလွန်ခိုင်လုံမှန်ကန်သည်ဖြစ်၍ ကိုယ်တော်၏အစေအပါးသည် ၎င်းကိုမြတ်နိုးပါ၏။
ငါ့ကိုချစ်၍ ငါ၏ပညတ်များကိုစောင့်ထိန်းသောသူတို့ကိုကား မျိုးဆက်အထောင်အသောင်းတိုင်အောင် မေတ္တာကရုဏာပြသောဘုရား ဖြစ်၏။
ဉာဏ်ပညာ၏လမ်းများသည် နှစ်လိုဖွယ်သောလမ်းများဖြစ်ကြပြီး ၎င်း၏လမ်းခရီးရှိသမျှတို့သည် ငြိမ်းချမ်းကြ၏။
ထိုသို့ ငါသည်အပြစ်ဝန်ချ၍ ငါ၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းသည်မှာ “အို ဘုရားရှင်၊ ကိုယ်တော်သည် ကြီးမြတ်၍ အံ့ဖွယ်သောဘုရားဖြစ်ပါ၏။ ကိုယ်တော့်ကိုချစ်၍ ပညတ်တော်တို့ကို စောင့်ထိန်းသောသူတို့အပေါ် ကိုယ်တော်၏ပဋိညာဉ်တော်နှင့် မေတ္တာကရုဏာတော် တည်ပါ၏။
အို အချင်းလူ၊ မည်သည့်အရာကောင်းမြတ်သည်ကို သင့်အားပြောပြတော်မူပြီ။ စင်စစ် တရားမျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာကို မြတ်နိုးခြင်း၊ ဘုရားသခင်ရှေ့တော်၌ စိတ်နှိမ့်ချစွာအသက်ရှင်လျှောက်လှမ်းခြင်း မှတစ်ပါး သင့်အား မည်သည့်အရာကို ထာဝရဘုရား တောင်းဆိုတော်မူသနည်း။
သူတို့သည် လေးလံ၍ ထမ်းရခက်သောဝန်များကို ထုပ်ပိုးလျက် လူတို့၏ပခုံးပေါ်တင်တတ်ကြ၏။ သူတို့ကိုယ်တိုင်ကမူ ၎င်းတို့ကို မိမိတို့၏လက်ဖျားနှင့်မျှ မရွှေ့လိုကြ။
ငါသည် ငါ့ခမည်းတော်၏ပညတ်ချက်များကို စောင့်ထိန်း၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာတော်၌ တည်နေသကဲ့သို့ သင်တို့သည် ငါ၏ပညတ်ချက်များကိုစောင့်ထိန်းလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။
သင်တို့အား ငါပညတ်သည့်အရာတို့ကို သင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။
ထို့ကြောင့် ပညတ်တရားသည် သန့်ရှင်း၏။ ပညတ်တော်သည်လည်း သန့်ရှင်းဖြောင့်မတ်၍ ကောင်းမြတ်၏။
တစ်နည်းဆိုသော် ငါသည် အတွင်းဝိညာဉ်လူအားဖြင့် ဘုရားသခင်၏တရားတော်၌ နှစ်သက်ဝမ်းမြောက်လျက်ရှိသော်လည်း
ငါ့ကိုချစ်၍ ငါ၏ပညတ်များကိုစောင့်ထိန်းသောသူတို့ကိုကား မျိုးဆက်အထောင်အသောင်းတိုင်အောင် မေတ္တာကရုဏာပြသောဘုရား ဖြစ်၏။
သို့ဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရားသာလျှင် ဘုရားဖြစ်တော်မူပြီး ကိုယ်တော်ကိုချစ်သောသူတို့နှင့် ပညတ်တော်တို့ကိုစောင့်ထိန်းသောသူတို့အပေါ် မျိုးဆက်တစ်ထောင်တိုင်အောင် ပဋိညာဉ်တည်၍ မေတ္တာကရုဏာကို ပြတော်မူသည့် သစ္စာရှိသောဘုရားဖြစ်တော်မူကြောင်း၊
ထာဝရဘုရားက “ထိုနေ့ရက်များနောက်တွင် အစ္စရေးအမျိုးနှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏အသိဉာဏ်ထဲတွင် ထည့်သွင်း၍ သူတို့၏စိတ်နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။
ငါတို့သည် ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းလျှင် ထိုအမှုအရာအားဖြင့် ဘုရားသခင်ကို ငါတို့သိကျွမ်းသည်ကိုသိကြ၏။
ချစ်ခြင်းမေတ္တာဆိုသည်မှာ ကိုယ်တော်၏ပညတ်တော်အတိုင်း အသက်ရှင်လျှောက်လှမ်းခြင်းဖြစ်၏။ ထိုပညတ်တော်သည်ကား အစအဦးကပင် သင်တို့ကြားရသည့်အတိုင်း ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းခြင်းဖြစ်၏။