သင်တို့က ‘သူ့ကို ငါတို့ မည်သို့ညှဉ်းဆဲရမည်နည်း’ဟု ဆိုကြလျှင်လည်း ပြဿနာအရင်းအမြစ်သည် ငါ၌သာရှိ၏။
၁ ယော 3:9 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်ထံမှပေါက်ဖွားလာသောသူ မည်သူ၌မဆို ဘုရားသခင်၏မျိုးစေ့တည်နေသည်ဖြစ်၍ ထိုသူသည် အပြစ်ကိုပြုနေခြင်းမရှိ။ သူသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောကြောင့် အပြစ်ကိုဆက်၍မပြုနိုင်။ Common Language Bible ဘုရားသခင်၏သားသမီးဖြစ်လာသူသည် အပြစ်မကူးတတ်။ အဘယ်ကြောင့်ဆိုသော်ထို သူ၌ဘုရားသခင်၏ဇာတိသဘောပါရှိ သောကြောင့်ဖြစ်၏။ သူသည်ဘုရားသခင်၏ သားသမီးဖြစ်သဖြင့်အပြစ်ဒုစရိုက် မပြုနိုင်။- Garrad Bible ဘု ရား သ ခင် အား ဖြင့် ဖွား ရ သူ မည် သူ မ ဆို ဘု ရား သ ခင့် မျိုး စေ့ တော် တည် သော ကြောင့် အ ပြစ် မ ပြု။ ဘု ရား သ ခင့် အား ဖြင့် ဖွား ရ သည့် အ တွက် မ ပြစ် မှား နိုင်။ Judson Bible ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။ အကြောင်းမူကား၊ ထိုသူ၌ မျိုးစေ့တော်တည်လျက်ရှိ၏။ ထိုသူသည် ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူ ဖြစ်သောကြောင့် ဒုစရိုက်ကိုမပြုနိုင်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူသည် အပြစ်ကို ဆက်၍ကျူးလွန်နေသူမဟုတ်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ မျိုးစေ့သည် ထိုသူ၌ တည်နေသောကြောင့်ဖြစ်၏။ ဘုရားသခင်ထံမှ ဖြစ်ပွားသောကြောင့် သူသည် အပြစ်ကို ဆက်၍မကျူးလွန်နိုင်။ |
သင်တို့က ‘သူ့ကို ငါတို့ မည်သို့ညှဉ်းဆဲရမည်နည်း’ဟု ဆိုကြလျှင်လည်း ပြဿနာအရင်းအမြစ်သည် ငါ၌သာရှိ၏။
ထိုသူတို့သည် မတရားမှုကိုမပြု၊ ကိုယ်တော်၏လမ်းတော်များအတိုင်း အသက်ရှင်လျှောက်လှမ်းကြ၏။
ထိုအသေကောင်၏အစိတ်အပိုင်းတစ်ခုခုသည် မျိုးကြဲရန် မျိုးစေ့တစ်စုံတစ်ရာပေါ်သို့ ကျလျှင် ထိုမျိုးစေ့သည် စင်ကြယ်၏။
ကောင်းသောအပင်သည် မကောင်းသောအသီးကိုမသီးနိုင်။ မကောင်းသောအပင်သည်လည်း ကောင်းသောအသီးကိုမသီးနိုင်။
ထိုသားသမီးတို့သည် မျိုးရိုးဇာတိအားဖြင့်သော်လည်းကောင်း၊ ကိုယ်ကာယ၏အလိုဆန္ဒအားဖြင့်သော်လည်းကောင်း၊ လူ၏အလိုဆန္ဒအားဖြင့်သော်လည်းကောင်း မွေးဖွားကြသည်မဟုတ်။ ဘုရားသခင်အားဖြင့်သာ မွေးဖွားကြ၏။
ယေရှုက“သင့်အား ငါအမှန်အကန်ဆိုမည်။ လူသည် အသစ်တစ်ဖန်မွေးဖွားခြင်းမခံလျှင် ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်နိုင်”ဟု ပြန်၍မိန့်တော်မူ၏။
အကျွန်ုပ်တို့သည် မိမိတို့ကြားရ၊ မြင်ရသောအရာတို့ကို မဟောပြောဘဲမနေနိုင်”ဟု သူတို့အား ပြန်ပြောကြ၏။
လုံးဝမတည်ရ။ အပြစ်အရာ၌ သေဆုံးသောငါတို့သည် ၎င်းတွင် မည်သို့အသက်ရှင်နိုင်ဦးမည်နည်း။
အဘယ်ကြောင့်ဆိုသော် သွေးသားဇာတိသည် ဝိညာဉ်တော်နှင့်ဆန့်ကျင်သောအရာကို တောင့်တ၍ ဝိညာဉ်တော်သည် သွေးသားဇာတိနှင့်ဆန့်ကျင်သောအရာကို တောင့်တ၏။ ဤသို့ဖြင့် ၎င်းတို့သည် တစ်ပါးနှင့်တစ်ပါးဆန့်ကျင်ကြသည်ဖြစ်၍ သင်တို့သည် ပြုလိုသောအရာများကို မပြုနိုင်ကြပေ။
မုသားနှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ထိုထာဝရအသက်ကို ရှေးကာလများမတိုင်မီကပင် ကတိပေးတော်မူပြီး
သင်တို့သည် ယိုယွင်းပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့်မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်တည်မြဲသည့် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားစေခြင်းကိုခံရကြပြီ။
ဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်တို့သိလျှင် ဖြောင့်မတ်ခြင်းတရားကိုကျင့်သုံးသောသူတိုင်းသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်ကြောင်းကိုလည်း သင်တို့သိကြ၏။
ကိုယ်တော်၌တည်နေသောသူတိုင်းသည် အပြစ်ပြုနေခြင်းမရှိ။ အပြစ်ပြုနေသောသူတိုင်းသည် ကိုယ်တော်ကိုမသိမမြင်ဖူးချေ။
ချစ်ရသောသူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်စို့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ ချစ်ခြင်းမေတ္တာရှိသောသူတိုင်းသည်လည်း ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်ပြီး ဘုရားသခင်ကိုသိ၏။
ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်၏။ ပေါက်ဖွားစေတော်မူသောအရှင်ကို ချစ်သောသူတိုင်းသည် ထိုအရှင်ထံမှပေါက်ဖွားလာသောသူကိုလည်းချစ်၏။
ဘုရားသခင်ထံမှပေါက်ဖွားလာသောသူသည် အပြစ်ပြုနေခြင်းမရှိကြောင်း ငါတို့သိကြ၏။ ဘုရားသခင်ထံမှပေါက်ဖွားလာသောအရှင်သည် သူ့ကိုစောင့်ရှောက်တော်မူသောကြောင့် မာရ်နတ်သည် သူ့ကိုမထိခိုက်နိုင်။
အကြောင်းမူကား ဘုရားသခင်ထံမှပေါက်ဖွားလာသောသူတိုင်းသည် လောကကိုအောင်နိုင်၏။ လောကကိုအောင်နိုင်သော အောင်ပွဲမှာ ငါတို့၏ယုံကြည်ခြင်းပင်ဖြစ်၏။
ချစ်ရသောသူ၊ မကောင်းသောအမှုကိုအတုမယူဘဲ ကောင်းသောအမှုကိုအတုယူလော့။ ကောင်းသောအမှုကိုပြုသောသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ မကောင်းသောအမှုကိုပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးချေ။