ကိုယ်တော်ကိုမပြစ်မှားမိစေရန် ကိုယ်တော်၏မိန့်တော်မူချက်ကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ သိုမှီးထားပါပြီ။
၁ ယော 2:24 - မြန်မာ့စံမီသမ္မာကျမ်း အစအဦးကပင် သင်တို့ကြားနာခဲ့သောအရာကို သင်တို့၌တည်စေကြလော့။ ထိုသို့ အစအဦးကပင် သင်တို့ကြားနာခဲ့သောအရာသည် သင်တို့၌တည်လျှင် သင်တို့သည်လည်း သားတော်၌လည်းကောင်း၊ ခမည်းတော်၌လည်းကောင်း တည်ကြလိမ့်မည်။ Common Language Bible သို့ဖြစ်၍သင်တို့သည်အစကပင်ကြားနာခဲ့ ကြသည့်တရားတော်ကိုမိမိတို့၏စိတ်နှလုံး တွင်ထိန်းသိမ်းထားကြလော့။ ယင်းသို့ပြုပါမူ သင်တို့သည်သားတော်နှင့်လည်းကောင်း၊ ခမည်း တော်နှင့်လည်းကောင်းထာဝစဉ်တစ်လုံးတစ်ဝ တည်းတည်ရှိကြလိမ့်မည်။- Garrad Bible အ စ အ ဦး က ကြား နာ ခဲ့ သော အ ရာ သည် သင် တို့၌ တည် စေ ကြ လော့။ အ စ အ ဦး က ကြား နာ ခဲ့ သော အ ရာ တည် လျှင် သင် တို့ သည် သား တော် ၌ လည်း ကောင်း၊ ခ မည်း တော်၌ လည်း ကောင်း တည် ကြ လိမ့် မည်။ Judson Bible ထိုကြောင့်၊ သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော ဒေသနာကို သင်တို့၌ တည်စေကြလော့။ ထိုဒေသနာသည် သင်တို့၌တည်လျှင်၊ သင်တို့သည် သားတော်၌လည်းကောင်း၊ ခမည်းတော်၌လည်းကောင်း၊ တည်ရကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် အစဦးကပင် ကြားခဲ့ရသော အရာကို သင်တို့၌ တည်စေကြလော့။ ထိုသို့တည်လျှင် သင်တို့သည် သားတော်၌လည်းကောင်း၊ ခမည်းတော်၌လည်းကောင်း တည်နေလိမ့်မည်။ |
ကိုယ်တော်ကိုမပြစ်မှားမိစေရန် ကိုယ်တော်၏မိန့်တော်မူချက်ကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ သိုမှီးထားပါပြီ။
သမ္မာတရားကိုဝယ်ယူလော့။ မရောင်းနှင့်။ ဉာဏ်ပညာ၊ ဆုံးမပဲ့ပြင်ခြင်းနှင့် အသိဉာဏ်ကိုလည်း ထိုနည်းတူပြုလော့။
မူလမျက်မြင်သက်သေတို့နှင့် နှုတ်ကပတ်တရားတော်၏အမှုကိုဆောင်ရွက်သောသူတို့က ငါတို့အားဟောပြောခဲ့သည့်အတိုင်း စီကုံးရေးသားရန် လူအများတို့သည် ကြိုးစားကြသည်ဖြစ်၍
“ဤစကားများကို သင်တို့နားထဲ၌ စွဲမြဲစေကြလော့။ လူ့သားသည် လူတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“မည်သူမဆို ငါ့ကိုချစ်လျှင် ငါ့စကားကို လိုက်နာစောင့်ထိန်းလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကိုချစ်တော်မူသဖြင့် ငါတို့သည် သူ့ထံသို့လာ၍ သူနှင့်အတူနေထိုင်မည်။
သင်တို့သည် ငါ၌တည်နေ၍ ငါ့စကားတို့သည် သင်တို့၌တည်နေလျှင် သင်တို့လိုချင်သမျှတို့ကို တောင်းကြလော့။ တောင်းလျှင် သင်တို့အတွက် ပြည့်စုံစေတော်မူလိမ့်မည်။
ငါ၏အသားကိုစား၍ ငါ၏သွေးကိုသောက်သောသူသည် ငါ၌တည်၏။ ငါသည်လည်း ထိုသူ၌တည်၏။
ထိုသူတို့ကလည်း “သင်သည် မည်သူဖြစ်သနည်း”ဟု မေးကြလျှင် ယေရှုက“ငါမည်သူဖြစ်သည်ကို အစအဦးကပင် သင်တို့အား ငါပြောလာခဲ့၏။
ဖိလိပ္ပိမြို့သူမြို့သားတို့၊ ကောင်းမြတ်သောသတင်းကို စတင်ဟောပြောချိန်၌ မာကေဒေါနိပြည်မှ ငါထွက်လာသောအခါ သင်တို့မှတစ်ပါး မည်သည့်အသင်းတော်မျှ ပေးလှူခြင်းနှင့်လက်ခံခြင်းအမှုတို့၌ ငါနှင့်အတူပါဝင်ခြင်းမရှိခဲ့ကြောင်း သင်တို့သိကြ၏။
ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။
ထို့ကြောင့် ငါတို့သည် လွဲချော်မသွားကြစေရန် ကြားရသောအရာတို့ကို အထူးအာရုံစိုက်ကြရမည်။
အကြောင်းမူကား ငါတို့သည် အစ၌ရှိသောစိတ်ချမှုကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ခရစ်တော်နှင့်စပ်ဆိုင်သောသူများဖြစ်ကြ၏။
ငါတို့မြင်ရကြားရသောအရာကို သင်တို့အားပြောကြားရခြင်းမှာ သင်တို့သည်လည်း ငါတို့နှင့်မိတ်သဟာယဖွဲ့ခြင်းရှိစေရန်ဖြစ်၏။ ငါတို့၏မိတ်သဟာယဖွဲ့ခြင်းသည် ခမည်းတော်နှင့်လည်းကောင်း၊ ခမည်းတော်၏သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း မိတ်သဟာယဖွဲ့ခြင်းဖြစ်၏။
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။
ချစ်ရသောသူတို့၊ သင်တို့ထံ ငါရေးလိုက်သောပညတ်သည် ပညတ်သစ်မဟုတ်။ အစအဦးကပင် သင်တို့၌ရှိသော ပညတ်ဟောင်းသာဖြစ်၏။ ထိုပညတ်ဟောင်းသည် သင်တို့ကြားခဲ့ရသော နှုတ်ကပတ်တော်ဖြစ်၏။
ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်းသောသူသည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ထိုသူ၌တည်၏။ ဘုရားသခင်သည် ငါတို့၌တည်တော်မူကြောင်းကို ငါတို့အား ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ငါတို့သိကြ၏။
ဘုရားသခင်သည် မိမိ၏ဝိညာဉ်တော်ကို ငါတို့အားပေးတော်မူသောကြောင့် ငါတို့သည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ငါတို့၌တည်တော်မူကြောင်းကို ငါတို့သိကြ၏။
မည်သူမဆို ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းဝန်ခံလျှင် ဘုရားသခင်သည် ထိုသူ၌တည်တော်မူ၍ ထိုသူသည်လည်း ဘုရားသခင်၌တည်၏။
ငါတို့သည် ငါတို့အပေါ်၌ ဘုရားသခင်ထားရှိသောချစ်ခြင်းမေတ္တာကိုသိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌တည်သောသူသည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။
ဤသို့ ငါတို့ချစ်ကြသည်မှာ ငါတို့၌တည်နေ၍ ငါတို့နှင့်အတူ ကာလအစဉ်အဆက်ရှိမည့် သမ္မာတရားကြောင့်ဖြစ်၏။
ခရစ်တော်၏သွန်သင်ချက်၌မတည်ဘဲ ၎င်းကိုကျော်လွန်သောသူတိုင်းသည် ဘုရားသခင်ကိုမရရှိပေ။ ထိုသွန်သင်ချက်၌တည်သောသူသည် ခမည်းတော်နှင့်သားတော်ကိုရရှိ၏။
သင်သည် သမ္မာတရား၌ အသက်ရှင်လျှောက်လှမ်းနေသည့်အလျောက် ညီအစ်ကိုအချို့တို့သည်လာ၍ သင်၌ရှိသောသမ္မာတရားအကြောင်းကို သက်သေခံကြသောအခါ ငါသည် အလွန်ဝမ်းမြောက်၏။
ငါသည် အလျင်အမြန်လာမည်။ သင်၏သရဖူကို မည်သူမျှမလုယူစေရန် သင်၌ရှိသောအရာကို စွဲကိုင်ထားလော့။
ထို့ကြောင့် သင်သည် မည်သို့ခံယူ၍ ကြားနာခဲ့သည်ကို သတိရလျက် ထိုအရာတို့ကိုစောင့်ထိန်းလော့။ နောင်တရလော့။ သင်သည် သတိနှင့်စောင့်နေခြင်းမရှိပါက သူခိုးကဲ့သို့ ငါလာမည်ဖြစ်၍ မည်သည့်အချိန်၌ သင့်ထံသို့ငါလာမည်ကို သင်လုံးဝသိလိမ့်မည်မဟုတ်။