ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူမျှ သားတော်ကိုမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး အခြားမည်သူမျှမသိ။
၁ ယော 2:23 - မြန်မာ့စံမီသမ္မာကျမ်း သားတော်ကိုငြင်းပယ်သောသူရှိသမျှတို့သည် ခမည်းတော်ကိုမရ။ သားတော်ကိုဝန်ခံသောသူသည် ခမည်းတော်ကိုရ၏။ Common Language Bible သားတော်ကိုပစ်ပယ်သူသည်ခမည်းတော်ကို လည်းပစ်ပယ်သူဖြစ်၏။ သားတော်ကိုလက်ခံ သူသည်ခမည်းတော်ကိုလည်းလက်ခံသူ ဖြစ်၏။ Garrad Bible သား တော် ကို ငြင်း ဆို သူ၌ ခ မည်း တော် မ ရှိ။ သား တော် ကို ဝန် ခံ သူ၌ မူ ကား ခ မည်း တော် ရှိ၏။ Judson Bible သားတော်ကို ငြင်းပယ်သောသူမည်သည်ကား၊ ခမည်းတော်ကိုမသိ။ သားတော်ကို ဝန်ခံသောသူမည်သည်ကား၊ ခမည်းတော်ကိုသိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သားတော်ကို ငြင်းပယ်သူသည် ခမည်းတော်ကို မသိကျွမ်း။ သားတော်ကို ဝန်ခံသူသည် ခမည်းတော်ကို သိကျွမ်း၏။ |
ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူမျှ သားတော်ကိုမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး အခြားမည်သူမျှမသိ။
ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ သားတော်သည် မည်သူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ခမည်းတော်သည် မည်သူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး မည်သူမျှမသိ”ဟု မြွက်ဆိုတော်မူ၏။
သူတို့သည် ခမည်းတော်ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။
ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကိုလည်းကောင်း သိကျွမ်းခြင်းပင်ဖြစ်ပါ၏။
ထိုသူတို့ကလည်း “သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်း”ဟု မေးကြသော် ယေရှုက“သင်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မသိကြ။ သင်တို့သည် ငါ့ကိုသိခဲ့လျှင် ငါ့ခမည်းတော်ကိုလည်း သိခဲ့ကြပေလိမ့်မည်”ဟု မိန့်တော်မူ၏။
လိမ်လည်သောသူကား မည်သူနည်း။ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ငြင်းပယ်သောသူမဟုတ်လော။ ခမည်းတော်နှင့်သားတော်ကို ငြင်းပယ်သောသူသည် ခရစ်တော်ကိုဆန့်ကျင်အန်တုသူဖြစ်၏။
မည်သူမဆို ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းဝန်ခံလျှင် ဘုရားသခင်သည် ထိုသူ၌တည်တော်မူ၍ ထိုသူသည်လည်း ဘုရားသခင်၌တည်၏။
ယေရှုခရစ်တော်သည် လူသားအဖြစ်ဖြင့်ကြွလာတော်မူခဲ့သည်ကို ဝန်ခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ ဤသို့သောအားဖြင့် ဘုရားသခင်၏ဝိညာဉ်တော်ကို ငါတို့သိကြ၏။
ယေရှုသည် ခရစ်တော်ဖြစ်သည်ဟု ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်၏။ ပေါက်ဖွားစေတော်မူသောအရှင်ကို ချစ်သောသူတိုင်းသည် ထိုအရှင်ထံမှပေါက်ဖွားလာသောသူကိုလည်းချစ်၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကိုသိရှိနိုင်သည့် အသိဉာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ ထို့ကြောင့် ငါတို့သည် စစ်မှန်သောဘုရားသခင်၌လည်းကောင်း၊ ဘုရားသခင်၏သားတော်ယေရှုခရစ်တော်၌လည်းကောင်း ရှိကြ၏။ ကိုယ်တော်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်းဖြစ်တော်မူ၏။