၁ ယော 4:2 - မြန်မာ့စံမီသမ္မာကျမ်း2 ယေရှုခရစ်တော်သည် လူသားအဖြစ်ဖြင့်ကြွလာတော်မူခဲ့သည်ကို ဝန်ခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ ဤသို့သောအားဖြင့် ဘုရားသခင်၏ဝိညာဉ်တော်ကို ငါတို့သိကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 ဘုရားသခင်၏ဝိညာဉ်တော်ဟုတ်မဟုတ် သင် တို့သိရှိနိုင်မည့်နည်းကားဤသို့တည်း။ သခင် ယေရှုသည်လူ့ဇာတိကိုခံယူကာကြွလာ တော်မူသည်ဟုဝန်ခံသူသည် ဘုရားသခင် ထံတော်မှဆင်းသက်လာသည့်ဝိညာဉ်တော် ကိုခံယူရရှိသူဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible2 ဘု ရား သ ခင့် ဝိ ညာဉ် တော် ကို သိ ရ မည့် နည်း မှာ ယေ ရှု ခ ရစ် ကို လူ့ ဇာ တိ ဖြင့် ကြွ လာ တော် မူ ပြီ ဟု ဝန် ခံ သော ဝိ ညာဉ် တိုင်း ဘု ရား သ ခင့် ဘက် တော် ပါ ဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible2 ဘုရားသခင်၏ဝိညာဉ်တော်ကို အဘယ်သို့ သိနိုင်သနည်းဟူမူကား၊ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်ခံသော ဝိညာဉ်မည်သည်ကား၊ ဘုရားသခင်နှင့်စပ်ဆိုင်၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ယေရှုခရစ်တော်သည် လူသားအဖြစ် ကြွလာကြောင်းကို ဝန်ခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်ထံမှ လာသောဝိညာဉ်တော်ဖြစ်၏။ ဤနည်းဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကျွန်ုပ်တို့သိနိုင်ကြ၏။ အခန်းကိုကြည့်ပါ။ |
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။