ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ အစစ်ခံပြီးသောကျောက်၊ တည်ထားသောအုတ်မြစ်အတွက် အဖိုးတန်သောထောင့်ချုပ်ကျောက်ကို ဇိအုန်တောင်ပေါ်တွင် ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် စိုးရိမ်တုန်လှုပ်မည်မဟုတ်။
၁ ပေ 2:4 - မြန်မာ့စံမီသမ္မာကျမ်း လူတို့၏ငြင်းပယ်ခြင်းကိုခံရသော်လည်း ဘုရားသခင်ရွေးကောက်တော်မူသော အဖိုးထိုက်သည့် အသက်ရှင်သောကျောက်ဖြစ်တော်မူသော ထိုသခင်ထံသို့လာ၍ Common Language Bible သို့ဖြစ်၍ထာဝရဘုရားသခင်၏ထံတော် သို့လာကြလော့။ ထိုသခင်သည်သက်ရှိကျောက် ဖြစ်တော်မူ၏။ ထိုကျောက်သည်အဖိုးမတန် ဟုဆို၍ လူတို့ပစ်ပယ်ခံရသော်လည်းဘုရား သခင်၏ရွေးချယ်ခံအဖိုးတန်ကျောက်ဖြစ် တော်မူ၏။- Garrad Bible လူ တို့ ပယ် ထား ကြ သော် လည်း ဘု ရား သ ခင် ရွေး ကောက် တော် မူ ရာ သက် ရှင် ကျောက် မြတ် တည်း ဟူ သော ထို အ ရှင် ဘု ရား ထံ သင် တို့ ရောက် လာ ကြ ပြီး လျှင် Judson Bible လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက်ကျောက်မြတ်တည်းဟူသော ထိုသခင်ထံသို့ သင်တို့သည်ရောက်၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့၏ငြင်းပယ်ခြင်းကို ခံရသော်လည်း အဖိုးတန်သောအရာအဖြစ် ဘုရားသခင်ရွေးချယ်တော်မူသည့် အသက်ရှင်သောကျောက်ဖြစ်သည့် ခရစ်တော်ထံသို့ သင်တို့လာကြ၏။ |
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ အစစ်ခံပြီးသောကျောက်၊ တည်ထားသောအုတ်မြစ်အတွက် အဖိုးတန်သောထောင့်ချုပ်ကျောက်ကို ဇိအုန်တောင်ပေါ်တွင် ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် စိုးရိမ်တုန်လှုပ်မည်မဟုတ်။
ဤသူကား ငါထောက်မသော ငါ့အစေအပါး၊ ငါရွေးကောက်သော၊ ငါနှစ်သက်မြတ်နိုးသောသူပင်တည်း။ ငါ့ဝိညာဉ်ကို သူ့အပေါ် တည်စေပြီ။ သူသည် တရားမျှတမှုကို လူမျိုးတကာတို့ထံသို့ ယူဆောင်လာမည်။
ငါ့စကားကို နားထောင်ကြလော့။ ငါ့ထံသို့လာကြလော့။ သင်တို့၏စိတ်ဝိညာဉ် အသက်ရှင်မည့်အကြောင်း နားထောင်ကြလော့။ ဒါဝိဒ်အပေါ်ထားရှိသော မြဲမြံသည့်မေတ္တာကရုဏာနှင့်အညီ ထာဝရပဋိညာဉ်ကို သင်တို့နှင့်ငါပြုမည်။
“အို လမ်းလွဲသောသားသမီးတို့၊ ပြန်လှည့်လာကြလော့။ သင်တို့၏လမ်းလွဲဖောက်ပြန်မှုကို ငါကုသပေးမည်”ဟု မိန့်တော်မူသော် သူတို့က “ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူသည်ဖြစ်၍ ကိုယ်တော်ထံသို့ အကျွန်ုပ်တို့ လာကြပါပြီ။
အရှင်မင်းကြီး ကြည့်နေစဉ် လူ့လက်ဖြင့်မဟုတ်ဘဲ ထုခွဲထားသောကျောက်တုံးတစ်တုံးသည် သံနှင့် ရွှံ့စေးဖြစ်သောရုပ်တု၏ခြေတို့ကို ဝင်တိုက်၍ တစ်စစီကျိုးပဲ့သွား၏။
လူ့လက်ဖြင့်မဟုတ်ဘဲ ထုခွဲထားသောကျောက်တုံးတစ်တုံးသည် တောင်ပေါ်မှလိမ့်ကျလာပြီး သံ၊ ကြေးနီ၊ ရွှံ့စေး၊ ငွေ၊ ရွှေတို့ကို တစ်စစီကျိုးပဲ့စေသည်ကို အရှင်မင်းကြီး မြင်ခဲ့သည်မှာ ကြီးမြတ်တော်မူသောဘုရားသခင်သည် နောင်ကာလ၌ဖြစ်ပျက်မည့်အရာတို့ကို အရှင်မင်းကြီးအား ဖော်ပြပေးခြင်းဖြစ်၏။ အိပ်မက်သည် မှန်ကန်ပါ၏။ အနက်အဓိပ္ပာယ်မှာလည်း ယုံကြည်ရပါ၏”ဟု လျှောက်ဆိုလေ၏။
ယောရှုရှေ့တွင် ငါချထားသောကျောက်တုံးကို ကြည့်လော့။ ထိုကျောက်တုံးပေါ်တွင်မျက်စိခုနစ်လုံးပါ၏။ ငါသည် ထိုကျောက်တုံးပေါ်တွင် ကျောက်စာကမ္ပည်းထိုးထားမည်။ ဤပြည်၏အပြစ်တို့ကို တစ်နေ့ချင်းတွင် ငါဖယ်ရှားပစ်မည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အို တောင်ကြီး၊ သင်သည် မည်သူနည်း။ သင်သည် ဇေရုဗဗေလရှေ့တွင် လွင်ပြင် ဖြစ်သွားရလိမ့်မည်။ သူသည် ထောင့်ချုပ်ကျောက်ကို ထုတ်ယူလာသောအခါ “ကောင်းပေ၏။ ကောင်းပေ၏”ဟု ဩဘာပေးကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောပြ၏။
ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အားငြိမ်သက်ချမ်းသာမှုကိုပေးမည်။
“ကြည့်ရှုလော့။ ဤသူကား ငါရွေးကောက်သော ငါ၏အမှုဆောင်၊ ငါ၏စိတ်ဝိညာဉ်နှစ်သက်သည့် ငါချစ်သောသူပေတည်း။ ငါသည် သူ့အပေါ်၌ ငါ၏ဝိညာဉ်ကိုတည်စေသဖြင့် သူသည် လူမျိုးတကာတို့အား တရားမျှတမှုကို ကြေညာလိမ့်မည်။
ယေရှုကလည်း“ ‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏။ ဤအမှုသည် ထာဝရဘုရားအားဖြင့်ဖြစ်လာ၍ ငါတို့၏မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်၏’ဟု ကျမ်းစာထဲ၌ မဖတ်ဖူးကြသလော။
နောက်ထပ် ခဏကြာလျှင် ဤလောကသည် ငါ့ကိုမြင်ရတော့မည်မဟုတ်။ သင်တို့မူကား ငါ့ကိုမြင်ရကြလိမ့်မည်။ ငါသည်အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။
ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။
အကြောင်းမူကား ခမည်းတော်သည် မိမိ၌အသက်ကိုပိုင်ဆိုင်တော်မူသည်နည်းတူ သားတော်အားလည်း မိမိ၌အသက်ကိုပိုင်ဆိုင်ခွင့်ပေးတော်မူ၏။
ငါ့အားခမည်းတော်ပေးတော်မူသောသူမှန်သမျှသည် ငါ့ထံသို့လာမည်။ ငါ့ထံသို့လာသောသူကိုလည်း ငါသည် မည်သည့်အခါမျှနှင်ထုတ်မည်မဟုတ်။
အသက်ရှင်တော်မူသောခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍ ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သကဲ့သို့ ငါ့ကိုစားသောသူသည်လည်း ငါ့အားဖြင့် အသက်ရှင်မည်။
အကြောင်းမူကား ရန်သူဖြစ်လျက်ပင် သားတော်၏အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ခြင်းအခွင့်ကိုရရှိခဲ့လျှင် ပြန်လည်သင့်မြတ်ခြင်းအခွင့်ကိုရရှိပြီးသောငါတို့သည် သားတော်၏အသက်တော်အားဖြင့် ပို၍ပင် ကယ်တင်ခြင်းခံရလိမ့်မည်။
အကြောင်းမူကား ယေရှုခရစ်တော်တည်းဟူသော ချထားပြီးဖြစ်သည့်အုတ်မြစ်မှတစ်ပါး အခြားသောအုတ်မြစ်ကို မည်သူမျှမချနိုင်။
သင်တို့၏အသက်ဖြစ်သောခရစ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းအသရေ၌ထင်ရှားကြလိမ့်မည်။
အစွန်းအထင်းကင်းလျက် အပြစ်အနာအဆာမရှိသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏အဖိုးတန်သောသွေးတော်အားဖြင့်ဖြစ်ကြောင်း သင်တို့သိကြ၏။
ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သော သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ရောက်မည့်အကြောင်းတည်း။
သို့ဖြစ်၍ ထိုကျောက်သည် ယုံကြည်သောသင်တို့အတွက် ဂုဏ်သရေဖြစ်၏။ မယုံကြည်သောသူတို့အတွက်မူကား “တိုက်ဆောက်သူများပယ်ထားသော်လည်း ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာသောကျောက်” ဖြစ်ပြီး
ယေရှုခရစ်တော်၏အစေအပါးနှင့်တမန်တော်ဖြစ်သောငါရှိမုန်ပေတရုသည် ငါတို့ဘုရားသခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ငါတို့နည်းတူ အဖိုးထိုက်သည့်ယုံကြည်ခြင်းကို ခံယူရရှိသောသူတို့ထံသို့ စာရေးလိုက်ပါ၏။
ကိုယ်တော်သည် ထိုဘုန်းအသရေနှင့်ကောင်းမြတ်တော်မူခြင်းတို့အားဖြင့် ကြီးမြတ်၍ အဖိုးတန်သောကတိတော်များကို ငါတို့အား ပေးသနားတော်မူ၏။ ဤသည်ကား ထိုကတိတော်အားဖြင့် သင်တို့သည် ဤကမ္ဘာလောက၌ရှိသည့်တပ်မက်ခြင်းကြောင့် ဖြစ်ပေါ်လာသောပျက်စီးခြင်းမှ လွတ်မြောက်၍ ဘုရားဇာတိအဖြစ်တော်ကိုမျှဝေခံစားသူများဖြစ်လာကြမည့်အကြောင်းတည်း။