အချို့သောသူတို့သည် ထိုအသိစိတ်ကို ပစ်ပယ်ကြသည့်အတွက် ယုံကြည်ခြင်းအရာ၌ သင်္ဘောပျက်စီးဆုံးရှုံးမှုကိုခံရကြပြီ။
၁ တိ 3:9 - မြန်မာ့စံမီသမ္မာကျမ်း ယုံကြည်ခြင်း၏လျှို့ဝှက်နက်နဲသောအရာကို ကြည်လင်သောအသိစိတ်ဖြင့် စွဲကိုင်ထားသောသူများဖြစ်ရမည်။ Common Language Bible ငါတို့ဘာသာတရားနှင့်ဆိုင်သောနက်နဲ သောသစ္စာတရားများကိုသြတ္တပ္ပစိတ်ကြည် လင်စွာဖြင့်လက်ခံသူများဖြစ်ရကြမည်။- Garrad Bible ကြည် လင် သော သြ တ္တ ပ္ပ စိတ် ရှိ လျက် ယုံ ကြည် ခြင်း တ ရား၏ နက် နဲ ခြင်း ကို စွဲ မြဲ သူ ဖြစ် ရ မည်။ Judson Bible ကိုယ်ကိုကိုယ်သိသောစိတ် စင်ကြယ်သည်နှင့်၊ ယုံကြည်ခြင်း၏ နက်နဲသောအရာကို စွဲလမ်းသောသူ ဖြစ်ရကြမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ယုံကြည်ခြင်းတရား၏ လျှို့ဝှက်နက်နဲသောအမှန်တရားကို လိပ်ပြာသန့်သန့်ဖြင့် ဆက်လက်ယုံကြည်သူများဖြစ်ရမည်။ |
အချို့သောသူတို့သည် ထိုအသိစိတ်ကို ပစ်ပယ်ကြသည့်အတွက် ယုံကြည်ခြင်းအရာ၌ သင်္ဘောပျက်စီးဆုံးရှုံးမှုကိုခံရကြပြီ။
ဤညွှန်ကြားချက်၏ရည်ရွယ်ချက်ပန်းတိုင်ကား စင်ကြယ်သောစိတ်နှလုံး၊ ကြည်လင်သောအသိစိတ်နှင့် ဟန်ဆောင်မှုကင်းသောယုံကြည်ခြင်းတို့မှဖြစ်ပေါ်လာသည့် ချစ်ခြင်းမေတ္တာဖြစ်၏။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။