ကိုယ်တော်သည် သိနာတောင်ပေါ်သို့ကြွဆင်းတော်မူ၏။ သူတို့အား ကောင်းကင်မှနှုတ်မြွက်တော်မူ၏။ သူတို့အား ဖြောင့်မှန်သောစီရင်ထုံးဖွဲ့ချက်၊ မှန်ကန်သောတရား၊ ကောင်းမြတ်သောပြဋ္ဌာန်းချက်နှင့် ပညတ်ချက်တို့ကို ပေးတော်မူ၏။
၁ တိ 1:8 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပညတ်တရားကို စည်းမျဉ်းစည်းကမ်းနှင့်အညီအသုံးပြုလျှင် ၎င်းသည် ကောင်းမြတ်ကြောင်း ငါတို့သိကြ၏။ Common Language Bible ပညတ်တရားကိုအသုံးပြုသင့်သည်အတိုင်း အသုံးပြုလျှင် ပညတ်တရားသည်ကောင်းမြတ် ကြောင်းကိုငါတို့သိကြ၏။- Garrad Bible တ ရား နှင့် အ ညီ ဖော် ပြ လျက် ပ ညတ် တ ရား ကောင်း မွန် ကြောင်း ငါ တို့ သိ လျက် ပင်၊ Judson Bible ပညတ်တရားကို တရားသဖြင့် ကျင့်သောသူအဖို့ မထား၊ မတရားသဖြင့် ကျင့်သောသူ၊ နားမထောင်သောသူ၊ ဘုရားကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူ၊ မသန့်ရှင်းသောသူ၊ ဘုရားတရားကို မရိုမသေပြုသောသူ၊ မိဘကိုညှဉ်းဆဲသောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ယောက်ျားချင်း မေထုန်ကိုပြုသောသူ၊ လူကို ခိုးသွားသောသူ၊ မုသားစကားကို သုံးသောသူ၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုသောသူမှစ၍၊ စင်ကြယ်သောဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သမျှတို့အဖို့ ပညတ်တရားကို ထားသည်ဟု သိမှတ်၍၊ ထိုတရားကို တရားသဖြင့်သုံးသောသူ၌ ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟု ငါတို့ သိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပညတ်တရားကို မှန်ကန်စွာ ကျင့်သုံးလျှင် ပညတ်တရားသည် ကောင်းမြတ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ |
ကိုယ်တော်သည် သိနာတောင်ပေါ်သို့ကြွဆင်းတော်မူ၏။ သူတို့အား ကောင်းကင်မှနှုတ်မြွက်တော်မူ၏။ သူတို့အား ဖြောင့်မှန်သောစီရင်ထုံးဖွဲ့ချက်၊ မှန်ကန်သောတရား၊ ကောင်းမြတ်သောပြဋ္ဌာန်းချက်နှင့် ပညတ်ချက်တို့ကို ပေးတော်မူ၏။
သင်တို့သည် ဤလောက၏ပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိရှိနိုင်ရန် စိတ်နှလုံးကို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန်ပြောင်းလဲခြင်းရှိကြလော့။
ထိုသို့ ငါသည် ကိုယ်မပြုလိုသောအရာကို ပြုနေသည်ဆိုလျှင် ပညတ်တရားကောင်းမြတ်ကြောင်းကို ဝန်ခံခြင်းဖြစ်၏။
ငါ့အထဲ၌ တစ်နည်းအားဖြင့် ငါ၏သွေးသားဇာတိထဲ၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ ကိန်းအောင်းနေခြင်းမရှိကြောင်း ငါသိ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းသောအမှုကိုပြုလိုသောဆန္ဒသည် ငါ၌ရှိသော်လည်း ၎င်းကို ပြုနိုင်စွမ်းမရှိ။
တစ်နည်းဆိုသော် ငါသည် အတွင်းဝိညာဉ်လူအားဖြင့် ဘုရားသခင်၏တရားတော်၌ နှစ်သက်ဝမ်းမြောက်လျက်ရှိသော်လည်း
သို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ကတိတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သလော။ လုံးဝမဖြစ်ပေ။ အကြောင်းမူကား ပေးအပ်ထားသောပညတ်တရားသည် အသက်ရှင်စေနိုင်သည်ဆိုလျှင် ဖြောင့်မတ်ခြင်းကို ထိုပညတ်တရားအားဖြင့် အမှန်ပင်ရရှိခဲ့ပေလိမ့်မည်။
မည်သူမဆို အားကစားပြိုင်ပွဲကိုယှဉ်ပြိုင်သောအခါ စည်းမျဉ်းစည်းကမ်းနှင့်အညီ မယှဉ်ပြိုင်ပါက သရဖူကိုရမည်မဟုတ်။