အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါနှင့်ကောင်းမြတ်သောသတင်းအတွက် မိမိအသက်ကို ဆုံးရှုံးရသောသူမူကား မိမိအသက်ကိုကယ်တင်လိမ့်မည်။
၁ ကော 9:23 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ကောင်းမြတ်သောသတင်း၏အကျိုးကျေးဇူးကို မျှဝေခံစားသူဖြစ်ရန် အမှုခပ်သိမ်းတို့ကို ထိုသတင်းအတွက် ဆောင်ရွက်၏။ Common Language Bible သတင်းကောင်း၏ကောင်းချီးမင်္ဂလာများကို ဝေမျှနိုင်ရန် ငါသည်သတင်းကောင်းအကျိုးငှာ ဤအမှုခပ်သိမ်းကိုပြုခြင်းဖြစ်သည်။- Garrad Bible ငါ သည် သ တင်း တော် မြတ် အ ကျိုး ကို ဆက် ဆံ ခွင့် ရ ရန် လည်း ထို သ တင်း တော် အ တွက် အ ရာ ရာ ကို ပြု ၏။ Judson Bible သင်တို့နှင့်အတူ ဧဝံဂေလိတရားကို ဆက်ဆံခြင်းအလိုငှာ၊ ဧဝံဂေလိတရားကြောင့် ထိုသို့ငါပြုလေ့ရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သတင်းကောင်းပျံ့နှံ့ရန်အတွက် အရာအားလုံးကို လုပ်ဆောင်ပြီး ထိုသတင်းကောင်း၏ အကျိုးကျေးဇူးများကို မျှဝေခံစား၏။ |
အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါနှင့်ကောင်းမြတ်သောသတင်းအတွက် မိမိအသက်ကို ဆုံးရှုံးရသောသူမူကား မိမိအသက်ကိုကယ်တင်လိမ့်မည်။
သို့သော် အကိုင်းအခက်အချို့တို့သည် ခုတ်ဖြတ်ခြင်းခံရ၍ သံလွင်ပင်အရိုင်းဖြစ်သောသင်သည် ထိုအကိုင်းအခက်များကြား၌ ကိုင်းဆက်ကူးခံရပြီး သံလွင်ပင်အမြစ်မှအဆီအနှစ်ကို မျှဝေခံစားသူဖြစ်လာလျှင်
အခြားသောသူတို့သည် သင်တို့ထံမှ ဤအခွင့်ကို ခံစားရကြလျှင် ငါတို့သည် သာ၍ခံစားထိုက်သည်မဟုတ်လော။ သို့သော် ငါတို့သည် ဤအခွင့်ကိုမသုံးဘဲ ခရစ်တော်၏ကောင်းမြတ်သောသတင်းအတွက် မည်သည့်အဟန့်အတားမျှမရှိစေရန် အရာရာ၌ သည်းခံကြ၏။
အားနည်းသောသူတို့ကိုရရှိနိုင်ရန် အားနည်းသောသူတို့တွင် အားနည်းသောသူဖြစ်၏။ လူအချို့တို့ကို တစ်နည်းနည်းဖြင့် ကယ်တင်နိုင်ရန် လူအမျိုးမျိုးတို့တွင် အမျိုးမျိုးဖြစ်ခဲ့၏။
အားကစားကွင်းထဲ၌ အပြေးပြိုင်သောသူတို့သည် အားလုံးပြေးကြသည်မှန်သော်လည်း တစ်ဦးတည်းသာ ဆုရရှိကြောင်းကို သင်တို့မသိကြသလော။ ထို့ကြောင့် သင်တို့သည် ဆုရရှိမည့်အကြောင်း ပြေးကြလော့။
သင်တို့ကိုဝမ်းနည်းစေရန်မဟုတ်ဘဲ သင်တို့အပေါ် ငါထားရှိသော ကြွယ်ဝသည့်ချစ်ခြင်းမေတ္တာကို သင်တို့သိစေရန် ငါသည် ကြီးစွာသောစိတ်ဆင်းရဲခြင်းနှင့် ပူဆွေးခြင်းထဲမှ မျက်ရည်များစွာဖြင့် သင်တို့ထံသို့ရေးလိုက်ခြင်းဖြစ်၏။
သို့သော် ကောင်းမြတ်သောသတင်း၏သမ္မာတရားသည် သင်တို့တွင် ဆက်၍တည်နေမည့်အကြောင်း ငါတို့သည် သူတို့ကို ခေတ္တခဏမျှပင် မလိုက်လျောခဲ့ကြပေ။
ထို့ကြောင့် ရွေးကောက်ခံရသောသူတို့သည် ခရစ်တော်ယေရှု၌ရှိသောကယ်တင်ခြင်းကို ထာဝရဘုန်းအသရေနှင့်တကွ ရရှိနိုင်မည့်အကြောင်း ငါသည် သူတို့အတွက် အရာရာကိုသည်းခံ၏။
ကြိုးစားလုပ်ဆောင်သောခြံသမားသည် အသီးအနှံများ၏အဦးဆုံးသောဝေစုကို ခံစားသင့်၏။
သို့ဖြစ်၍ ကောင်းကင်နှင့်ဆိုင်သော ခေါ်ယူတော်မူခြင်း၌ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုတို့၊ ငါတို့ယုံကြည်ဝန်ခံသည့် တမန်တော်နှင့်ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှုအကြောင်းကို ဆင်ခြင်အောက်မေ့ကြလော့။
အကြောင်းမူကား ငါတို့သည် အစ၌ရှိသောစိတ်ချမှုကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ခရစ်တော်နှင့်စပ်ဆိုင်သောသူများဖြစ်ကြ၏။
သို့ဖြစ်၍ အသင်းတော်အကြီးအကဲတစ်ဦးဖြစ်ပြီး ခရစ်တော်၏ဒုက္ခဝေဒနာများကိုသက်သေခံသူနှင့် ထင်ရှားလာတော့မည့် ကိုယ်တော်၏ဘုန်းအသရေတော်ကို မျှဝေခံစားသူဖြစ်သောငါသည် သင်တို့တွင်ရှိသောအသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်ပါ၏။
ငါတို့မြင်ရကြားရသောအရာကို သင်တို့အားပြောကြားရခြင်းမှာ သင်တို့သည်လည်း ငါတို့နှင့်မိတ်သဟာယဖွဲ့ခြင်းရှိစေရန်ဖြစ်၏။ ငါတို့၏မိတ်သဟာယဖွဲ့ခြင်းသည် ခမည်းတော်နှင့်လည်းကောင်း၊ ခမည်းတော်၏သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း မိတ်သဟာယဖွဲ့ခြင်းဖြစ်၏။