အားနည်းသောလက်တို့ကို ခိုင်ခံ့စေကြလော့။ ချည့်နဲ့သောဒူးတို့ကို သန်မာစေကြလော့။
၁ ကော 8:9 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့၏လွတ်လပ်ခွင့်သည် အကြောင်းတစ်စုံတစ်ခုကြောင့် အားနည်းသောသူတို့အတွက် ခလုတ်တံသင်းမဖြစ်စေရန် သတိပြုကြလော့။ Common Language Bible သို့ရာတွင်သင်တို့ဤသို့လွတ်လပ်စွာစား သောက်နိုင်ခွင့်သည် ယုံကြည်မှုအားနည်းသူ များအတွက်မှောက်မှားစရာမဖြစ်စေရန် သတိပြုကြလော့။- Garrad Bible ကိုယ့် သုံး ဆောင် ခွင့် သည် နုန့် နဲ့ သူ တို့၌ ခ လုတ် မ ဖြစ် စေ ခြင်း ငှာ သ တိ မူ ကြ လော့။ Judson Bible သို့သော်လည်း၊ သင်တို့အခွင့်ကို အားနည်းသောသူတို့၌ ထိမိ၍လဲစရာအကြောင်း မဖြစ်စေခြင်းငှာ သတိပြုကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း သင်တို့၏ လွတ်လပ်မှုသည် အသိစိတ်အားနည်းသူတို့အတွက် ထိမိ၍ လဲစရာ မဖြစ်စေရန် သတိပြုကြလော့။ |
အားနည်းသောလက်တို့ကို ခိုင်ခံ့စေကြလော့။ ချည့်နဲ့သောဒူးတို့ကို သန်မာစေကြလော့။
တစ်စုံတစ်ယောက်က “မြေဖို့ကြ။ မြေဖို့ကြ။ လမ်းကိုပြင်ကြ။ ငါ၏လူတို့သွားရာလမ်းမှ ခလုတ်တံသင်းကိုဖယ်ရှားကြလော့”ဟု ဆိုလိမ့်မည်။
“အချင်းလူသား၊ ဤလူတို့သည် သူတို့စိတ်ထဲတွင် ရုပ်တုများကို နေရာပေးလျက်၊ သူတို့ရှေ့တွင် ဒုစရိုက်ခလုတ်တံသင်းကို ချထားလျက်နှင့် ငါ့အားမေးလျှောက်သည်ကို ငါခွင့်ပြုရမည်လော။
သို့သော် သူတို့သည် ရုပ်တုတို့ရှေ့တွင်ရပ်၍ လူတို့အတွက် အမှုကိုဆောင်ရွက်ကြပြီ။ အစ္စရေးအမျိုးအနွယ်တို့ကို အပြစ်ထဲသို့ လဲကျစေသောသူများ ဖြစ်ကြပြီ။ ထို့ကြောင့် ကိုယ့်အပြစ်ကိုယ်ခံရကြမည်ဟု ငါကျိန်ဆိုပြီ’ဟု မိန့်တော်မူ၏။
နားမကြားသောသူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူ၏ရှေ့၌ ခလုတ်တံသင်းကိုမထားရ။ သင်၏ဘုရားသခင်ကို သင်ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံရှိ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ရကြသည်ဟု သင်တို့အား ငါဆို၏။
သို့ဖြစ်၍ ခွန်အားရှိသောငါတို့သည် မိမိတို့နှစ်သက်သည့်အတိုင်းမပြုဘဲ အားနည်းသောသူတို့၏အားနည်းချက်တို့ကို ထောက်မပေးသင့်၏။
သို့သော် တစ်စုံတစ်ယောက်က “ဤအရာသည် ရုပ်တုအားပူဇော်ထားသောအရာဖြစ်သည်”ဟု သင်တို့ကိုဆိုခဲ့လျှင် ထိုသို့ဆိုသောသူအတွက်လည်းကောင်း၊ အသိစိတ်အတွက်လည်းကောင်း ထိုအရာကိုမစားကြနှင့်။
အသိစိတ်ဟုဆိုရာ၌ သင်တို့၏အသိစိတ်ကိုဆိုလိုသည်မဟုတ်ဘဲ အခြားသူ၏အသိစိတ်ကိုဆိုလို၏။ အကြောင်းမူကား ငါ၏လွတ်လပ်မှုသည် သူတစ်ပါး၏အသိစိတ်ဖြင့် အဘယ်ကြောင့် စီရင်ခြင်းခံရမည်နည်း။
ဂျူးလူမျိုးတို့အတွက်ဖြစ်စေ၊ ဂရိလူမျိုးတို့အတွက်ဖြစ်စေ၊ ဘုရားသခင်၏အသင်းတော်အတွက်ဖြစ်စေ မှားယွင်းစရာအကြောင်းမဖြစ်ကြနှင့်။
အကြောင်းမူကား အသိပညာရှိသောသင်သည် ရုပ်တုဗိမာန်ထဲ၌ ထိုင်၍စားသောက်နေသည်ကို တစ်စုံတစ်ဦးကတွေ့မြင်လျှင် ထိုသူ၏အားနည်းသည့်အသိစိတ်သည် ရုပ်တုအားပူဇော်ထားသောအရာကိုစားရန် ရဲတင်းလာမည်မဟုတ်လော။
ဤသို့ဖြင့် သင်တို့သည် ညီအစ်ကိုတို့ကိုပြစ်မှား၍ သူတို့၏အားနည်းသည့်အသိစိတ်ကို ထိခိုက်စေလျှင် ခရစ်တော်ကိုပြစ်မှားရာရောက်၏။
အားနည်းသောသူတို့ကိုရရှိနိုင်ရန် အားနည်းသောသူတို့တွင် အားနည်းသောသူဖြစ်၏။ လူအချို့တို့ကို တစ်နည်းနည်းဖြင့် ကယ်တင်နိုင်ရန် လူအမျိုးမျိုးတို့တွင် အမျိုးမျိုးဖြစ်ခဲ့၏။
ငါတို့သည် ထိုသို့ပြုရန် အားနည်းခဲ့ကြောင်း ရှက်ရွံ့စွာပင် ငါဝန်ခံ၏။ သို့သော် တစ်ဦးတစ်ယောက်သည် တစ်စုံတစ်ခုသောအရာ၌ ဝါကြွားဝံ့သည်ဆိုလျှင် ငါလည်းဝါကြွားဝံ့သည်ဟု မိုက်မဲစွာငါပြော၏။
တစ်စုံတစ်ဦးအားနည်းသည့်အခါ ငါသည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ဦးမှားယွင်းသည့်အခါ ငါသည် ပူပန်ခြင်းမရှိဘဲ နေနိုင်မည်လော။
အမှုတော်လုပ်ငန်းသည် ပြစ်တင်ဝေဖန်ခြင်းမခံရစေရန် ငါတို့သည် မည်သည့်အမှုအရာ၌မျှ လူတို့အတွက် ခလုတ်တံသင်းမဖြစ်စေဘဲ
ညီအစ်ကိုတို့၊ သင်တို့သည် လွတ်လပ်မှုအတွက် ခေါ်ယူတော်မူခြင်းခံရကြ၏။ သို့သော် ထိုလွတ်လပ်မှုကို သွေးသားဇာတိအတွက် အခွင့်အရေးတစ်ခုအနေဖြင့် မသုံးဘဲ မေတ္တာအားဖြင့် အချင်းချင်းအစေခံကြလော့။
ခရစ်တော်၏တရား၌အခြေမပြုဘဲ လောက၏အခြေခံတရားနှင့် လူတို့၏ဓလေ့ထုံးတမ်း၌အခြေပြုသော အတွေးအခေါ်ပညာနှင့် အနှစ်သာရကင်းမဲ့သောလှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကိုမလွှမ်းမိုးမသိမ်းသွင်းစေရန် သတိပြုကြလော့။
လွတ်လပ်သောသူများအဖြစ် အသက်ရှင်နေထိုင်ကြလော့။ သို့သော် ထိုလွတ်လပ်ခြင်းကို မကောင်းမှုပြုရန် ဆင်ခြေဆင်လက်အဖြစ် အသုံးမပြုဘဲ ဘုရားသခင်၏အစေအပါးအဖြစ် အသုံးပြုကြလော့။
သူတို့သည် ထိုသူတို့အား လွတ်လပ်မှုကိုပေးမည်ဟု ကတိပေးလျက်နှင့် သူတို့ကိုယ်တိုင်သည် ပျက်စီးခြင်း၏ကျေးကျွန်များဖြစ်ကြ၏။ အကြောင်းမူကား လူသည် တစ်စုံတစ်ခု၏အနိုင်ယူစိုးမိုးခြင်းကိုခံရလျှင် ထိုအရာ၏ကျေးကျွန်ဖြစ်၏။
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။