ထိုသူသည် နောက်ထပ်မိန်းမယူလျှင် ယခင်မိန်းမအား အစားအစာ၊ အဝတ်အထည်နှင့် မယားရပိုင်ခွင့်တို့ကို မလျှော့ရ။
၁ ကော 7:3 - မြန်မာ့စံမီသမ္မာကျမ်း ယောက်ျားသည် မိမိမယားအပေါ်ပြုအပ်သောဝတ်ကို ပြုရမည်။ မိန်းမသည်လည်း မိမိလင်ယောက်ျားအပေါ် ထိုနည်းတူပြုရမည်။ Common Language Bible လင်သည်မယားအားပြုသင့်သည့်ဝတ်ကိုလည်း ကောင်း၊ မယားသည်လင်အားပြုသင့်သည့်ဝတ်ကို လည်းကောင်းပြုလျက် တစ်ဦး၏အလိုကိုတစ်ဦး ကဖြည့်တင်းပေးရာ၏။- Garrad Bible လင် သည် မ ယား အား ပြု သင့် ရာ ဝတ် ကို လည်းကောင်း၊ မ ယား သည် လင် အား ပြု သင့် ရာ ဝတ် ကို လည်း ကောင်း ပြု ကြ စေ။ Judson Bible ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ခင်ပွန်းဖြစ်သူသည် ဇနီးအပေါ် ခင်ပွန်းဝတ်ကို ကျေပွန်ရမည်ဖြစ်ပြီး ဇနီးဖြစ်သူသည်လည်း ခင်ပွန်းအပေါ် ဇနီးဝတ်ကို ကျေပွန်ရမည်။ |
ထိုသူသည် နောက်ထပ်မိန်းမယူလျှင် ယခင်မိန်းမအား အစားအစာ၊ အဝတ်အထည်နှင့် မယားရပိုင်ခွင့်တို့ကို မလျှော့ရ။
သို့သော် တရားနှင့်မညီမေထုန်ပြုခြင်းအမှုများကြောင့် ယောက်ျားအသီးသီး၌ မိမိမယားရှိစေလော့။ မိန်းမအသီးသီး၌လည်း မိမိလင်ယောက်ျားရှိစေလော့။
မယားသည် မိမိကိုယ်ခန္ဓာကိုမပိုင်၊ လင်ယောက်ျားကသာပိုင်၏။ ထို့အတူ လင်ယောက်ျားသည်လည်း မိမိကိုယ်ခန္ဓာကိုမပိုင်၊ မယားကသာပိုင်၏။
ထိုနည်းတူ ခင်ပွန်းသည်တို့၊ ဇနီးသည်သည် မိန်းမသားဖြစ်ပြီး သင်တို့ထက် အားနည်းသောသူဖြစ်ကြောင်း သိရှိနားလည်၍ အသက်နှင့်ဆိုင်သောကျေးဇူးတော်ကို အတူတကွအမွေဆက်ခံသူအဖြစ် တန်ဖိုးထားလျက် အတူတကွပေါင်းသင်းနေထိုင်ကြလော့။ ဤသည်ကား သင်တို့၏ဆုတောင်းချက်များ တားဆီးခြင်းမခံရမည့်အကြောင်းတည်း။