အကြောင်းမူကား ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကိုဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်၏”ဟု မိန့်တော်မူ၏။
၁ ကော 7:15 - မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် မယုံကြည်သူဖက်မှ ကွဲကွာလိုလျှင် ကွဲကွာပါစေ။ ထိုသို့သောအခြေအနေမျိုးတွင် ယုံကြည်သူယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အနှောင်အဖွဲ့ကင်း၏။ ဘုရားသခင်သည် သင်တို့အား ငြိမ်းချမ်းမှုရရှိစေရန် ခေါ်ယူတော်မူ၏။ Common Language Bible သို့သော်မယုံကြည်သူမဟုတ်သူအမျိုးသား ကသော်လည်းကောင်း၊ အမျိုးသမီးကသော် လည်းကောင်း ကွာရှင်းလိုလျှင်ကွာရှင်းပါစေ။ ဤ အမှုမျိုးတွင်ယုံကြည်သူခင်ပွန်းဖြစ်စေ၊ ဇနီး ဖြစ်စေလွတ်လပ်စွာပြုနိုင်ခွင့်ရှိ၏။ ဘုရားသခင် သည်သင်တို့အား သင့်တင့်အေးချမ်းစွာနေထိုင် ကြစေရန် ခေါ်ယူရွေးကောက်တော်မူ၏။- Garrad Bible သို့ ရာ တွင် ထို သို့ သော အ မှု မျိုး နှင့် စပ်၍ ညီ အစ် ကို ဖြစ် စေ၊ ညီ အစ် မ ဖြစ် စေ၊ ချဥ် နှောင် ခြင်း မ ရှိ သော ကြောင့် မ ယုံ ကြည် သူ ကွာ သွား လို လျှင် ကွာ သွား စေ။ ဘု ရား သ ခင် သည် ငါ တို့ ကို ငြိမ် သက် ခြင်း၌ ခေါ် ထား တော် မူ ပြီ။ Judson Bible သို့သော်လည်း မယုံကြည်သောသူသည် ကွာသွားလိုလျှင် ကွာသွားစေ။ ထိုသို့ပြုလျှင် တပည့်တော်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ချည်နှောင်ခြင်းမရှိ။ ငါတို့သည် အသင့်အတင့်နေစေခြင်းငှာ ဘုရားသခင်၏ ပညတ်တော်ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် မယုံကြည်သောခင်ပွန်း၊ သို့မဟုတ် ဇနီးက ကွာရှင်းလိုလျှင် ကွာရှင်းပါစေ။ ထိုအခြေအနေမျိုးတွင် ယုံကြည်သောခင်ပွန်းဖြစ်စေ၊ ဇနီးဖြစ်စေ ထိုသူနှင့် မသက်ဆိုင်တော့ပေ။ ဘုရားသခင်သည် သင်တို့အား ငြိမ်းချမ်းစွာ နေထိုင်ရန် ရွေးကောက်တော်မူ၏။ |
အကြောင်းမူကား ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကိုဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်၏”ဟု မိန့်တော်မူ၏။
နတ်သည် သူ့ကိုဝင်ပူးသဖြင့် သူသည် ရုတ်တရက်အော်ဟစ်တတ်ပါ၏။ ထို့နောက် သူ့ကိုတက်စေလျက် သူ့ပါးစပ်မှအမြှုပ်များထွက်စေကာ သူ့ကိုပွန်းပဲ့နာကျင်စေပြီးလျှင် သူ့အထဲမှထွက်ခဲလှပါ၏။
သို့ဖြစ်၍ ငြိမ်သက်ခြင်းကိုဖြစ်စေသောအမှုအရာများနှင့် အချင်းချင်းတည်ဆောက်မြှင့်တင်ပေးသောအမှုအရာများကို ကြိုးစားပြုကြကုန်စို့။
အကြောင်းမူကား ဘုရားသခင်သည် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့်ဆိုင်သောဘုရားမဟုတ်ဘဲ ငြိမ်သက်ခြင်းနှင့်ဆိုင်သောဘုရားဖြစ်တော်မူ၏။ သန့်ရှင်းသူတို့၏အသင်းတော်တိုင်း၌ ပြုကျင့်သကဲ့သို့
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းသို့ရောက်ကြလော့။ နှစ်သိမ့်ခြင်းကို ခံစားကြလော့။ တစ်စိတ်တစ်သဘောတည်းရှိ၍ သင့်မြတ်စွာနေကြလော့။ ချစ်ခြင်းမေတ္တာနှင့်ငြိမ်သက်ခြင်းတို့၏ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
ထိုမိန်းမသည် လင်ယောက်ျား၏အိမ်မှထွက်သွားပြီးနောက် အခြားယောက်ျားတစ်ယောက်ကိုယူ၍
လူအပေါင်းတို့နှင့်ငြိမ်းချမ်းစွာနေထိုင်ရန်နှင့် သန့်ရှင်းခြင်းကိုရရှိရန် ကြိုးစားကြလော့။ သန့်ရှင်းခြင်းမရှိလျှင် မည်သူမျှ ထာဝရဘုရားကိုဖူးမြင်ရလိမ့်မည်မဟုတ်။
ညီအစ်ကို၊ သို့မဟုတ် ညီအစ်မသည် အဝတ်မပါအချည်းစည်းနေလျက် နေ့စဉ်လိုအပ်သောအစားအစာလည်း မရှိသောအခါ