ဆင်ခြင်ဉာဏ်ရှိသောသူ၏ဉာဏ်ပညာမှာ မိမိလမ်းကိုသိရှိနားလည်ခြင်းဖြစ်၏။ မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။
၁ ကော 6:5 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ကိုအရှက်ရစေရန် ဤသို့ ငါဆို၏။ သင်တို့အထဲတွင် မိမိ၏ညီအစ်ကိုအချင်းချင်းကြား စီရင်ဆုံးဖြတ်ပေးနိုင်မည့် ပညာရှိတစ်စုံတစ်ဦးမျှမရှိသလော။ Common Language Bible သင်တို့ရှက်ဖွယ်ကောင်းလှ၏။ ခရစ်ယာန်ညီအစ်ကို အချင်းချင်းအမှုအခင်းဖြစ်ပွားကြသောအခါ အသင်းတော်နှင့်တရားစီရင်ဆုံးဖြတ်နိုင်သူ ပညာရှိတစ်ယောက်မျှမရှိသလော။- Garrad Bible ဤ သို့ ငါ ဆို သည် ကား သင် တို့ ရှက် စေ ရန် တည်း။ ညီ အစ် ကို တစ် ဦး သည် တစ် ဦး ကို မ ယုံ ကြည် သူ တို့ ရှေ့ တွင် ပင် ထို သို့ တ ရား တွေ့ သည် မှာ ညီ အစ် ကို ချင်း တို့ တွင် ခုံ သ မတ် ပြု နိုင် သည့် ပ ညာ ရှိ တစ် ဦး မျှ မ ရှိ သ လော။ Judson Bible ထိုသို့ဆိုသော်၊ သင်တို့ရှက်စေခြင်းငှာ ပြောဆို၏။ သင်တို့တွင် ပညာရှိတစ်စုံတစ်ယောက်မျှ မရှိသလော။ ညီအစ်ကိုချင်းတို့၏ အမှုကို စီရင်ဆုံးဖြတ်နိုင်သောသူ တစ်စုံတစ်ယောက်မျှ မရှိသလော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ ကျွန်ုပ်ပြောရခြင်းမှာ သင်တို့ရှက်တတ်စေရန်ဖြစ်၏။ သင်တို့တွင် ယုံကြည်သူအချင်းချင်းကြား ဤသို့သော အမှုကိစ္စများကို စီရင်ဆုံးဖြတ်နိုင်သည့် ပညာရှင်တစ်ဦးတစ်ယောက်မျှ မရှိသလော။ |
ဆင်ခြင်ဉာဏ်ရှိသောသူ၏ဉာဏ်ပညာမှာ မိမိလမ်းကိုသိရှိနားလည်ခြင်းဖြစ်၏။ မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။
ထိုနေ့ရက်များ၌ အရေအတွက်အားဖြင့် တစ်ရာ့နှစ်ဆယ်ခန့်ရှိသောညီအစ်ကိုတို့သည် တစ်နေရာတည်းတွင် စုဝေးကြရာ ပေတရုသည် သူတို့အလယ်၌ထ၍
အာနနိကလည်း “သခင်ဘုရား၊ ထိုသူသည် ဂျေရုဆလင်မြို့၌ ကိုယ်တော်၏သန့်ရှင်းသူတို့အပေါ် မကောင်းမှုများ မည်မျှလောက်ပြုခဲ့သည်ကို လူများစွာတို့ထံမှ အကျွန်ုပ်ကြားရပါသည်။
ယောက်ျားသည် ဆံပင်ရှည်ထားလျှင် သူ့အတွက်ရှက်ဖွယ်ဖြစ်ကြောင်း သဘာဝတရားကိုယ်၌က သင်တို့ကိုသွန်သင်သည်မဟုတ်လော။
အမြင်မှန်ရကြလော့။ အပြစ်ကိုမပြုကြနှင့်။ အကြောင်းမူကား အချို့သောသူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ အသိဉာဏ်ကင်းမဲ့ကြ၏။ သင်တို့ကိုအရှက်ရစေရန် ဤသို့ငါပြော၏။
မည်သူမျှ ကိုယ့်ကိုယ်ကိုယ်မလှည့်ဖြားစေနှင့်။ သင်တို့တွင် တစ်စုံတစ်ဦးက မိမိသည် ဤလောက၌ ပညာရှိဖြစ်သည်ဟုထင်မှတ်လျှင် ထိုသူသည် ပညာရှိဖြစ်နိုင်ရန် မိုက်မဲသောသူဖြစ်ပါစေ။
ငါတို့သည် ခရစ်တော်အတွက် မိုက်မဲသောသူဖြစ်ကြ၏။ သင်တို့မူကား ခရစ်တော်၌ ပညာသတိရှိသောသူဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူဖြစ်ကြ၏။ သင်တို့မူကား ခွန်အားကြီးသောသူဖြစ်ကြ၏။ သင်တို့သည် ဂုဏ်သရေရှိသောသူဖြစ်ကြ၏။ ငါတို့မူကား ဂုဏ်သရေမဲ့သောသူဖြစ်ကြ၏။
ဤအရာများကို ငါရေးလိုက်ခြင်းမှာ သင်တို့အား အရှက်ရစေရန်မဟုတ်ဘဲ ငါ၏ချစ်သားသမီးများအဖြစ် သတိပေးဆုံးမရန်သာဖြစ်၏။
သင်တို့ထဲမှတစ်စုံတစ်ဦးသည် အခြားသူနှင့် အမှုဖြစ်ပွားသောအခါ သန့်ရှင်းသူတို့ရှေ့၌ စီရင်ခြင်းမခံဘဲ မဖြောင့်မတ်သောသူတို့ရှေ့၌ စီရင်ခြင်းခံဝံ့သလော။
သို့ဖြစ်လင့်ကစား သင်တို့တွင် ဤဘဝနှင့်ဆိုင်သော အမှုအခင်းဖြစ်ပွားသောအခါ အသင်းတော်က အသိအမှတ်မပြုသောသူတို့ကို တရားစီရင်သူအဖြစ်ခန့်ထားကြသလော။
သင်တို့ထဲတွင် ဉာဏ်ပညာလိုအပ်သောသူရှိလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား ရက်ရောစွာပေးတော်မူသောဘုရားသခင်ထံ တောင်းလျှောက်စေ။ တောင်းလျှင်ရလိမ့်မည်။