အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ကော 6:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့သော် သခင်​ဘုရား​နှင့်​ပေါင်းဖော်​သော​သူ​သည် သခင်​ဘုရား​နှင့်​တစ်​စိတ်​တစ်​ဝိညာဉ်​တည်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ရာ​တွင်​သ​ခင်​ဘု​ရား​နှင့်​ဆက်​ဆံ​သူ​သည် ဝိ​ညာဉ်​သ​ဘော​အား​ဖြင့်​ကိုယ်​တော်​နှင့်​တစ် သား​တစ်​ကိုယ်​တည်း​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။

Garrad Bible

အ ရှင် ဘု ရား နှင့် ဆက် ဆံ သူ မူ ကား ကိုယ် တော် နှင့် တစ် စိတ် တစ် ဝိ ညာဉ် တည်း ဖြစ်၏။

အခန်းကိုကြည့်ပါ။

Judson Bible

သ​ခင်​ဘု​ရား၌ မှီ​ဝဲ​သော​သူ​သည် ထို​သ​ခင်​နှင့် တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း ဖြစ်၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သခင်ဘုရား​နှင့် ပေါင်းဖော်သောသူ​သည် သခင်ဘုရား​နှင့် တစ်စိတ်​တစ်ဝိညာဉ်​တည်း ဖြစ်၏။

အခန်းကိုကြည့်ပါ။



၁ ကော 6:17
9 ပူးပေါင်းရင်းမြစ်များ  

အသွေး​အသား​အားဖြင့် မွေးဖွား​သော​အရာ​သည် အသွေး​အသား​ဖြစ်​၏။ ဝိညာဉ်​တော်​အားဖြင့် မွေးဖွား​သော​အရာ​သည် ဝိညာဉ်​ဖြစ်​၏။


သို့သော် ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အထဲ၌​ကိန်းဝပ်​တော်မူ​လျှင် သင်​တို့​သည် သွေးသား​ဇာတိ​၌​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​၌​ရှိ​ကြ​၏။ ခရစ်တော်​၏​ဝိညာဉ်​တော်​ကို​မ​ရ​သော​သူ​သည် ခရစ်တော်​နှင့်​မ​ဆိုင်။


အကြောင်းမူကား ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ၊ ကျွန်​ဖြစ်စေ၊ လွတ်လပ်​သူ​ဖြစ်စေ ငါ​တို့​ရှိသမျှ​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​အားဖြင့် ကိုယ်ခန္ဓာ​တစ်ခုတည်း​ထဲသို့ ဗတ္တိဇံ​ခံ​ကြ​ပြီး အားလုံး​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​ကို သောက်​ရ​ကြ​၏။


သင်​တို့​၏​ကိုယ်ခန္ဓာ​သည် ခရစ်တော်​၏​ကိုယ်အင်္ဂါ​ဖြစ်​ကြောင်း မ​သိ​ကြ​သလော။ သို့ဖြစ်လျှင် ခရစ်တော်​၏​ကိုယ်အင်္ဂါ​ကို​ယူ​၍ ပြည့်တန်ဆာ​၏​ကိုယ်အင်္ဂါ​ဖြစ်​စေ​ရ​မည်​လော။ လုံးဝ​မ​ဖြစ်​စေ​ရ။


သို့ဖြစ်၍ ငါ​အသက်ရှင်​သည်မှာ ငါ​ကိုယ်တိုင်​မ​ဟုတ်​တော့​ဘဲ ခရစ်တော်​သည် ငါ​၌​အသက်ရှင်​တော်မူ​၏။ ယခု ကိုယ်ကာယ​၌ ငါ​အသက်ရှင်​သည်မှာ ငါ့​ကို​ချစ်​၍ ငါ့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​သော ဘုရားသခင်​၏​သား​တော်​ကို ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​ခြင်း​ဖြစ်​၏။


အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ခရစ်တော်​၏​ကိုယ်ခန္ဓာ​ဆိုင်ရာ အင်္ဂါ​အစိတ်အပိုင်း​များ​ဖြစ်​ကြ​၏။


ခရစ်တော်​ယေရှု​၌​ရှိ​သော ထို​စိတ်သဘော​မျိုး​ကို သင်​တို့​၌​လည်း​ရှိ​စေ​ကြ​လော့။