အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
၁ ကော 5:1 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ထဲ၌ မိမိဖခင်၏မယားနှင့် ပေါင်းသင်းနေထိုင်သည့် တရားနှင့်မညီမေထုန်ပြုခြင်းမျိုးရှိနေကြောင်း သတင်းပျံ့နှံ့လျက်ရှိ၏။ ထိုကဲ့သို့သော တရားနှင့်မညီမေထုန်ပြုခြင်းမျိုးသည် လူမျိုးခြားများထဲ၌ပင်မရှိ။ Common Language Bible မယုံကြည်သူများပင်လျှင်ပြုကျင့်ကြမည် မဟုတ်သည့်ကာမဂုဏ်လိုက်စားမှု သင်တို့တွင် ရှိနေကြောင်းကိုငါကြားသိရ၏။ လူတစ် ယောက်သည်မိမိ၏မိထွေးနှင့်ပေါင်းသင်းနေ ထိုင်လျက်ရှိသည်ဟုငါကြားသိရ၏။- Garrad Bible လူ မျိုး ခြား တို့ ပင် ကင်း သော မေ ထုန် မှု ကို သင် တို့ ဘောင် တွင် လူ တစ် ယောက် သည် ကိုယ့် နှောင်း မိ နှင့် ပြု ကြောင်း မု ချ ကြေ ငြာ ရှိ လျက် နှင့်၊ Judson Bible မတရားသောမေထုန် သာမညမဟုတ်၊ အဘ၏မယားကို သိမ်းယူခြင်းတည်းဟူသော သာသနာပလူတို့တွင်ပင် မကြားရသော မေထုန်၌မှီဝဲသောသူသည် သင်တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စောကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ထဲမှ လူတစ်ယောက်သည် မိထွေးဖြစ်သူနှင့် ပေါင်းသင်းနေထိုင်လျက်ရှိကြောင်း ကျွန်ုပ်ကြားသိရ၏။ ဘုရားသခင်ကို မကိုးကွယ်သောသူများ၌ပင် ထိုကဲ့သို့ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း မရှိ။ |
အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
ယာကုပ်၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ ယောသပ်သည် အသက်တစ်ဆယ့်ခုနစ်နှစ်ရှိသောအခါ မိမိအစ်ကိုတို့နှင့်အတူ သိုးဆိတ်တို့ကိုထိန်းကျောင်း၏။ ယောသပ်သည် အသက်ငယ်သေးသဖြင့် ဖခင်၏မယားဖြစ်သော ဗိလဟာနှင့်ဇိလပတို့၏သားတို့နှင့်အတူနေ၍ သူတို့၏မကောင်းသတင်းကို ဖခင်အားပြောလေ့ရှိ၏။
သို့သော် သင်သည် ရေကဲ့သို့ဘောင်ဘင်ခတ်တတ်သည်ဖြစ်၍ အထွတ်သို့မရောက်။ အကြောင်းမူကား သင်သည် သင့်ဖခင်၏အိပ်ရာပေါ်တက်၍ညစ်ညူးစေ၏။ သူသည် ငါ့ခုတင်ပေါ်တက်ဝံ့လေပြီတကား။
ထို့နောက် အဗရှလုံအတွက် ခေါင်မိုးပြင်တွင် တဲဆောင်ထိုးကြပြီး အဗရှလုံသည် အစ္စရေးတစ်မျိုးလုံး၏မျက်စိရှေ့တွင်ပင် ခမည်းတော်ချန်ထားသောမောင်းမတို့ထံ ဝင်လေ၏။
ဒါဝိဒ်မင်းကြီးသည် မိမိနန်းတော်ရှိရာဂျေရုဆလင်မြို့သို့ ပြန်ရောက်လျှင် နန်းတော်ကို စောင့်ရှောက်ရန်ထားခဲ့သော မောင်းမဆယ်ဦးကိုခေါ်၍ အကျယ်ချုပ်ချထားလိုက်လေ၏။ ရှင်ဘုရင်သည် သူတို့ကို အစာရေစာထောက်ပံ့ပေးသော်လည်း သူတို့ထံ မဝင်တော့ချေ။ သူတို့သည် သေသည့်နေ့တိုင်အောင် မုဆိုးမဘဝနှင့် အကျယ်ချုပ်ခံရကြ၏။
အစ္စရေး၏သားဦး ရုဗင်၏သားများမှာ ဤသို့ဖြစ်၏။ ရုဗင်သည် သားဦးဖြစ်သော်လည်း မိမိဖခင်၏အိပ်ရာကိုညစ်ညူးစေသောကြောင့် သူ၏သားဦးအရာကို အစ္စရေး၏မြေး၊ ယောသပ်၏သားတို့ ရသွား၏။ ဤသို့ဖြင့် သူသည် မျိုးရိုးစဉ်ဆက်စာရင်းတွင် သားဦးအရာ၌ စာရင်းမဝင်တော့ပေ။
အချစ်ရှာနည်းကို သင်ကျွမ်းကျင်လှပါသည်တကား။ ဆိုးသောမိန်းမတို့ကိုလည်း သင်၏နည်းလမ်းတို့ကို သင်ကြားပေးပါသည်တကား။
သင်သည် သူတို့လမ်းအတိုင်း လိုက်လျှောက်၏။ သူတို့ပြုသောစက်ဆုပ်ရွံရှာဖွယ်အမှုအတိုင်းပြုသည်သာမက အချိန်တိုအတွင်းမှာပင် သင့်အကျင့်တို့သည် သူတို့ထက်သာ၍ ယိုယွင်းပျက်စီးလာ၏’ဟု မိန့်တော်မူ၏။
သင့်ထဲတွင် ဖခင်၏မယားနှင့် ဆက်ဆံသောသူရှိ၏။ သင့်ထဲတွင် ဓမ္မတာလာချိန်မစင်ကြယ်သောမိန်းမကို အဓမ္မပြုကျင့်သောသူရှိ၏။
သင့်ဖခင်၏မယားနှင့်ဆက်ဆံခြင်းကိုမပြုရ။ ထိုအမှုသည် သင်၏ဖခင်ကိုရှုတ်ချခြင်းဖြစ်၏။
တစ်စုံတစ်ယောက်သည် မိမိဖခင်၏မယားနှင့်အိပ်လျှင် သူသည် မိမိဖခင်ကိုရှုတ်ချသည်ဖြစ်၍ သူတို့နှစ်ဦးစလုံး မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
ဆင်းရဲသားတို့၏ခေါင်းကို မြေမှုန့်၌နင်းချေပြီး စိတ်နှိမ့်ချသောသူတို့ လျှောက်သောလမ်းကို ကာဆီးကြပြီ။ သားအဖနှစ်ယောက်က မိန်းမတစ်ယောက်တည်းနှင့်ပေါင်းဖော်ပြီး သန့်ရှင်းသောငါ့နာမကို ညစ်ညူးစေလေပြီ။
ရုပ်တုများကြောင့်ညစ်ညူးသောအရာ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် သွေးတို့ကိုရှောင်ကြဉ်ကြရန် သူတို့ထံ စာရေးသင့်သည်ဟု ငါယူဆ၏။
၎င်းမှာ သင်တို့သည် ရုပ်တုအားပူဇော်ထားသောအရာ၊ သွေး၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် တရားနှင့်မညီမေထုန်ပြုခြင်းတို့ကို ရှောင်ကြဉ်ကြရန်ဖြစ်၏။ သင်တို့သည် ဤအရာတို့နှင့်ကင်းရှင်းလျက်နေလျှင် ကောင်းပေ၏။ ကျန်းမာရွှင်လန်းကြပါစေ”ဟူ၍ ရေးထား၏။
အကြောင်းမူကား ငါ့ညီအစ်ကိုတို့၊ သင်တို့အထဲတွင် ပဋိပက္ခဖြစ်ခြင်းရှိသည်ဟု ခလောဣအိမ်သားများက သင်တို့အကြောင်းကို ငါ့အားပြောပြကြ၏။
သို့သော် အမှန်အားဖြင့် သင်တို့ထံ ငါရေးခဲ့သည်မှာ ညီအစ်ကိုဟုခေါ်ဝေါ်ခြင်းခံရသူတစ်စုံတစ်ဦးသည် တရားနှင့်မညီမေထုန်ပြုသူ၊ လောဘလွန်ကျူးသူ၊ ရုပ်တုကိုးကွယ်သူ၊ ဝေဖန်ပုတ်ခတ်သူ၊ သောက်စားမူးယစ်သူ၊ လိမ်လည်လုယူသူဖြစ်လျှင် ထိုကဲ့သို့သောသူနှင့် အပေါင်းအဖော်မပြုကြနှင့်။ သူနှင့်အတူစားသောက်ခြင်းပင် မပြုကြနှင့်ဟူ၍ဖြစ်၏။
အစာသည် ဝမ်းအတွက်ဖြစ်၏။ ဝမ်းသည်လည်း အစာအတွက်ဖြစ်၏။ သို့သော် ဘုရားသခင်သည် ထိုအရာနှစ်မျိုးစလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် တရားနှင့်မညီမေထုန်ပြုရန်အတွက်မဟုတ်ဘဲ သခင်ဘုရားအတွက်ဖြစ်၏။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအတွက်ဖြစ်တော်မူ၏။
တရားနှင့်မညီမေထုန်ပြုခြင်းကို ရှောင်ကြလော့။ လူပြုတတ်သော အခြားအပြစ်အားလုံးသည် ကိုယ်ခန္ဓာပြင်ပ၌ဖြစ်၏။ တရားနှင့်မညီမေထုန်ပြုသောသူမူကား မိမိကိုယ်ခန္ဓာကိုပြစ်မှား၏။
သို့မဟုတ် မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း သင်တို့မသိကြသလော။ အယူမလွဲကြနှင့်။ တရားနှင့်မညီမေထုန်ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူများ၊ အမျိုးသားပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊
နောက်တစ်ဖန် ငါလာသောအခါ ဘုရားသခင်သည် သင်တို့ရှေ့၌ ငါ့ကိုနှိမ့်ချတော်မူ၍ ယခင်က အပြစ်ကျူးလွန်ခဲ့လျက်ပင် မိမိတို့ပြုကျင့်ခဲ့သည့် ညစ်ညူးခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းတို့ကို နောင်တမရသေးသောသူများစွာရှိသည့်အတွက် ငါဝမ်းနည်းကြေကွဲရမည်ကိုလည်း ငါစိုးရိမ်၏။
သို့သော် တစ်စုံတစ်ယောက်သည် ဝမ်းနည်းခြင်းကိုဖြစ်စေခဲ့လျှင် သူသည် ငါ့ကိုဝမ်းနည်းစေသည်မဟုတ်ဘဲ မယုတ်မလွန်ပြောရလျှင် အတိုင်းအတာတစ်ခုအထိ သင်တို့အားလုံးကိုဝမ်းနည်းစေခဲ့၏။
သို့ဖြစ်၍ ငါသည် သင်တို့ထံသို့ရေးသားခဲ့ခြင်းမှာ ပြစ်မှားသောသူအတွက်ကြောင့်မဟုတ်။ ပြစ်မှားခြင်းခံရသောသူအတွက်ကြောင့်လည်းမဟုတ်။ ငါတို့အပေါ်ထားရှိသော သင်တို့၏စိတ်အားထက်သန်မှုကို ဘုရားသခင်ရှေ့တော်၌ သင်တို့ကိုယ်တိုင်တွေ့မြင်ကြစေရန်အတွက်သာဖြစ်၏။
သွေးသားဇာတိနှင့်ဆိုင်သော လုပ်ဆောင်မှုတို့မူကား သိသာထင်ရှား၏။ ၎င်းတို့မှာ တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊
တရားနှင့်မညီမေထုန်ပြုခြင်း၊ အမျိုးမျိုးသောညစ်ညူးခြင်းနှင့် လောဘလွန်ကျူးခြင်းတို့ကို သန့်ရှင်းသူများရှောင်သင့်သည့်အတိုင်း သင်တို့ထဲတွင် စကားဖြင့်ပင် မပြောကြနှင့်။
‘မိမိဖခင်၏မယားနှင့်အိပ်ခြင်းဖြင့် မိမိဖခင်၏အိပ်ရာကိုရှုတ်ချသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
ထို့ကြောင့် တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကိလေသာပြင်းပြခြင်း၊ ဆိုးယုတ်သောတပ်မက်ခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းတည်းဟူသော လောဘလွန်ကျူးခြင်း စသည့်မြေကြီးနှင့်ဆိုင်သောကိုယ်အင်္ဂါများကို သေစေကြလော့။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ငါတို့ကို ညစ်ညူးခြင်းထဲသို့ ခေါ်တော်မူသည်မဟုတ်ဘဲ သန့်ရှင်းခြင်းထဲသို့ ခေါ်တော်မူ၏။
ငါသည် သူ့အား နောင်တရရန်အချိန်ပေးခဲ့သော်လည်း သူသည် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်းအတွက် နောင်တရလိုသောစိတ်မရှိ။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
ငါ့သားတို့၊ ဤသို့ မပြုကြပါနှင့်။ ထာဝရဘုရား၏လူမျိုးတော်တို့အလယ်တွင် ပျံ့နှံ့နေသော ငါကြားရသည့်သတင်းကား အကောင်းမဟုတ်။