အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ကော 3:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်စုံတစ်ဦး​တည်ဆောက်​ပြုလုပ်​သော​အရာ​သည် တည်မြဲ​လျှင် ထို​သူ​သည် ဆုလာဘ်​ကို​ရရှိ​လိမ့်မည်။

အခန်းကိုကြည့်ပါ။

Common Language Bible

တိုက်​မြစ်​ပေါ်​တွင်​တည်​ဆောက်​သည့်​အ​ရာ​သည် ထို​မီး​၏​ဒဏ်​ကို​ခံ​နိုင်​လျှင်​တည်​ဆောက်​သူ​သည် အ​ကျိုး​ကို​ခံ​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

တည် ဆောက် ထား သူ၏ အ လုပ် တည် တံ့ လျှင် ထို သူ သည် အ မြတ် ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​တိုက်​မြစ်​အ​ပေါ်၌ ထပ်​ဆင့်၍ တည်​ဆောက်​သော အ​ကြင်​သူ၏ အ​လုပ်​သည်​မြဲ၏။ ထို​သူ​သည် အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

လုပ်ဆောင်မှု တည်မြဲ​လျှင် ထို​ဆောက်လုပ်သူ​သည် ဆုလာဘ်​ကို ရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။



၁ ကော 3:14
12 ပူးပေါင်းရင်းမြစ်များ  

ပညာသတိ​ရှိ​သော​သူ​တို့​သည် မိုးမျက်နှာကြက်​ကဲ့သို့ ထွန်းလင်းတောက်ပ​ကြ​လိမ့်မည်​။ လူ​များစွာ​ကို​ဖြောင့်မတ်​ရာ​သို့​ပို့ဆောင်​ပေး​သော​သူ​တို့​သည် ကြယ်​များ​ကဲ့သို့ အစဉ်​ထွန်းလင်း​တောက်ပ​နေ​လိမ့်မည်​။


စိုက်ပျိုး​သော​သူ​နှင့်​ရေ​လောင်း​သော​သူ​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​ပြီး အသီးသီး​တို့​သည် မိမိ​ကြိုးပမ်း​အားထုတ်​သည့်​အတိုင်း ဆုလာဘ်​ကို​ရရှိ​ကြ​လိမ့်မည်။


သို့ဖြစ်၍ သခင်​ဘုရား​ကြွလာ​တော်​မ​မူ​မီ မည်သည့်​အရာ​ကို​မျှ အချိန်​မ​တန်​ဘဲ မ​စီရင်​ကြ​နှင့်။ ထို​သခင်​သည် အမှောင်​ထဲ၌ ကွယ်ဝှက်​ထား​သော​အရာ​များ​ကို အလင်း​သို့​ယူဆောင်​လာ​ပြီး စိတ်နှလုံး​အကြံအစည်​များ​ကို ထင်ရှား​စေ​တော်မူ​လိမ့်မည်။ ထိုအခါ လူ​အသီးသီး​တို့​သည် ဘုရားသခင်​ထံ​တော်​မှ ချီးမွမ်း​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။


ထို​အမှု​ကို ငါ​၏​ဆန္ဒ​အလျောက်​ဆောင်ရွက်​လျှင် ငါ့​အတွက် ဆုလာဘ်​ရှိ​၏။ သို့သော် ငါ​၏​ဆန္ဒ​အလျောက်​မ​ဟုတ်​လျှင်​လည်း ဤ​စီမံ​ခန့်ခွဲ​မှု​ကို ငါ​၌​ယုံကြည်​အပ်နှံ​ထား​ပြီ​ဖြစ်​၏။


လူ​တိုင်း မိမိ​ပြု​သော​အမှု​ကို စစ်ဆေး​ပါစေ။ သို့ပြုလျှင် သူတစ်ပါး​၌​မ​ဟုတ်​ဘဲ မိမိ​တစ်ကိုယ်တည်း​၌ ဂုဏ်ယူ​ဝါကြွား​စရာ​အကြောင်း​ရှိ​လိမ့်မည်။


ငါ​တို့​သခင်​ယေရှု​ကြွလာ​တော်မူ​သောအခါ ကိုယ်တော်​၏​ရှေ့​တော်​၌ ငါ​တို့​၏​မျှော်လင့်​စရာ​အကြောင်း၊ ဝမ်းမြောက်​စရာ​အကြောင်း​နှင့် ဝါကြွား​စရာ​သရဖူ​ဖြစ်​မည့်​သူ​မှာ မည်သူ​နည်း။ သင်​တို့​ပင်​မ​ဟုတ်​လော။


ငါ​သည် ကောင်း​သော​တိုက်ပွဲ​ကို တိုက်​ခဲ့​ပြီ။ ပြေး​ရ​မည့်​တာ​ကို အဆုံး​တိုင်အောင်​ပြေး​ခဲ့​ပြီ။ ယုံကြည်​ခြင်း​ကို စောင့်ထိန်း​ခဲ့​ပြီ။


သို့ဖြစ်၍ အသင်းတော်​အကြီးအကဲ​တစ်ဦး​ဖြစ်​ပြီး ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​ကို​သက်သေခံ​သူ​နှင့် ထင်ရှား​လာ​တော့မည့် ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​ကို မျှဝေ​ခံစား​သူ​ဖြစ်​သော​ငါ​သည် သင်​တို့​တွင်​ရှိ​သော​အသင်းတော်​အကြီးအကဲ​များ​ကို တိုက်တွန်း​နှိုးဆော်​ပါ​၏။


သို့ပြုလျှင် သိုးထိန်း​ကြီး​ပေါ်ထွန်း​တော်မူ​သောအခါ မှေးမှိန်​ခြင်း​မ​ရှိ​သော ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သည့်​သရဖူ​ကို သင်​တို့​ရရှိ​ကြ​လိမ့်မည်။