အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ကော 2:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဤ​လောက​ကို​အုပ်ချုပ်​သူ​များ​တွင် မည်သူ​က​မျှ ထို​ဉာဏ်ပညာ​ကို​မ​သိ​ချေ။ သူ​တို့​သိ​ခဲ့​လျှင်​မူကား ဘုန်း​အသရေ​နှင့်​ပြည့်စုံ​တော်မူ​သော​သခင်​ကို လက်ဝါးကပ်တိုင်​ပေါ်​၌​တင်​ခဲ့​ကြ​မည်​မ​ဟုတ်။

အခန်းကိုကြည့်ပါ။

Common Language Bible

လော​ကီ​မင်း​တို့​အ​နက်​အ​ဘယ်​သူ​မျှ​ဤ ဉာဏ်​ပညာ​တော်​အ​ကြောင်း​ကို​မ​သိ​နား​မ​လည် ကြ။ အ​ကယ်​၍​သိ​ရှိ​နား​လည်​ကြ​ပါ​မူ​သူ တို့​သည်​ဘုန်း​အ​သ​ရေ​တော်​ရှင်​ကို​လက်​ဝါး ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို ပ ညာ ကို ယ ခု ကာ လ မင်း တစ် ပါး မျှ မ သိ။ အ ကယ်၍ သိ ခဲ့ လျှင် ဘုန်း ကြီး တော် မူ သော အ ရှင် ကို ကား မ တင် ဘဲ နေ ကြ လေ ပြီ။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​ပ​ညာ​ကို လော​ကီ​မင်း​တစ်​စုံ​တစ်​ယောက်​မျှ မ​သိ။ သိ​လျှင်၊ ဘုန်း​ကြီး​တော်​မူ​သော​သ​ခင်​ကို လက်​ဝါး​ကပ်​တိုင်​မှာ မ​ကွပ်​မျက်​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

လောကီ​အစိုးရမင်းတို့​သည် ထို​ပညာ​ကို နားမလည်ကြ။ နားလည်ကြ​လျှင် ဘုန်းကြီးတော်မူသော သခင်​ကို လက်ဝါးကပ်တိုင်​တွင် သတ်ကြမည်​မဟုတ်ပေ။

အခန်းကိုကြည့်ပါ။



၁ ကော 2:8
22 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​တွင် ယေရှု​က“ကောင်းကင်​နှင့်​မြေကြီး​၏​အရှင်​သခင်​ဖြစ်​တော်မူ​သော​အဖ၊ ကိုယ်တော်​သည် ပညာရှိ​များ​နှင့်​ဉာဏ်ထက်မြက်​သော​သူ​များ​အား ဤ​အရာ​တို့​ကို​ကွယ်ဝှက်​ထား​လျက် ကလေး​သူငယ်​များ​ကို ဖွင့်ပြ​တော်မူ​သောကြောင့် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​၏။


ဆူးပင်​တို့​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သော်လည်း လောကီရေးရာ​၌​စိုးရိမ်​ပူပန်​ခြင်း​နှင့် စည်းစိမ်​၏​လှည့်ဖြား​ခြင်း​တို့​က တရား​စကား​ကို ကာဆီး​ပိတ်ဆို့​သဖြင့် အသီး​မ​သီး​သော​သူ​ကို​ဆို​လို​၏။


ထိုအခါ ယေရှု​က“အို အဖ၊ သူ​တို့​သည် မိမိ​တို့​ပြု​နေ​သော​အမှု​ကို မ​သိ​ကြ​သည်​ဖြစ်၍ သူ​တို့​ကို​ခွင့်လွှတ်​တော်မူ​ပါ”​ဟု မြွက်ဆို​တော်မူ​၏။ သူ​တို့​သည် ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲဝေ​ကြ​၏။


သူ​တို့​သည် ခမည်းတော်​ကို​လည်းကောင်း၊ ငါ့​ကို​လည်းကောင်း မ​သိ​သောကြောင့် ထိုသို့​ပြု​ကြ​လိမ့်မည်။


အကြီးအကဲ​တို့​နှင့်​ဖာရိရှဲ​တို့​တွင် သူ့​ကို​ယုံကြည်​ခဲ့​သူ​တစ်စုံတစ်ဦး​ပင်​ရှိ​သလော။


ထို​သူ​တို့​က​လည်း “သင်​၏​ခမည်းတော်​သည် အဘယ်မှာ​ရှိ​သနည်း”​ဟု မေး​ကြ​သော် ယေရှု​က“သင်​တို့​သည် ငါ့​ကို​လည်းကောင်း၊ ငါ့​ခမည်းတော်​ကို​လည်းကောင်း မ​သိ​ကြ။ သင်​တို့​သည် ငါ့​ကို​သိ​ခဲ့​လျှင် ငါ့​ခမည်းတော်​ကို​လည်း သိ​ခဲ့​ကြ​ပေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ဂျေရုဆလင်​မြို့​တွင်​နေထိုင်​သော​သူ​များ​နှင့် သူ​တို့​၏​အကြီးအကဲ​များ​သည် ထို​အရှင်​ကို​လည်းကောင်း၊ ဥပုသ်နေ့​တိုင်း​ဖတ်ကြား​သည့် ပရောဖက်​တို့​၏​စကား​ကို​လည်းကောင်း မ​သိ​နား​မ​လည်​ကြ​၍ ထို​အရှင်​ကို ပြစ်ဒဏ်​စီရင်​ခြင်း​အားဖြင့် ထို​စကား​တို့​ကို ပြည့်စုံ​စေ​ကြ​၏။


သတေဖန်​က “ညီအစ်ကို​တို့​နှင့်​အဖ​တို့၊ နားထောင်​ကြ​ပါ။ ငါ​တို့​အဖ​အာဗြဟံ​သည် ခါရန်​မြို့​၌​မ​နေထိုင်​မီ မက်ဆိုပိုတေးမီးယား​ပြည်​၌​ရှိ​စဉ် ဘုန်း​ကြီး​တော်မူ​သော​ဘုရားသခင်​သည် သူ့​အား​ထင်ရှား​လျက်


ပညာရှိ​ကား အဘယ်မှာ​ရှိ​သနည်း။ ကျမ်းပြု​ဆရာ​ကား အဘယ်မှာ​ရှိ​သနည်း။ ဤ​လောက​ရှိ ဝေဖန်ရေးသမား​ကား အဘယ်မှာ​ရှိ​သနည်း။ ဘုရားသခင်​သည် လောကီ​ဉာဏ်ပညာ​ကို မိုက်မဲ​စေ​တော်မူ​သည်​မ​ဟုတ်​လော။


သို့ရာတွင် ငါ​တို့​သည် စုံလင်​ရင့်ကျက်​သော​သူ​တို့​အထဲ၌ ဉာဏ်ပညာ​စကား​ကို​ပြောဆို​ကြ​၏။ ထိုသို့ဆိုသော် ၎င်း​သည် ဤ​လောက​၏​ဉာဏ်ပညာ​မ​ဟုတ်။ ပယ်ဖျက်​ခြင်း​ခံရ​တော့​မည့် ဤ​လောက​ကို​အုပ်ချုပ်​သူ​တို့​၏​ဉာဏ်ပညာ​လည်း​မ​ဟုတ်။


ထို​သူ​တို့​၏​စိတ်နှလုံး​သည် မာကျော​လျက်​ရှိ​၍ ယနေ့​တိုင်အောင် ပဋိညာဉ်​ဟောင်း​ကို​ဖတ်​သောအခါ ထို​မျက်နှာလွှား​သည် ဖယ်ရှား​ခြင်း​မ​ခံရ​ဘဲ ရှိ​နေ​သေး​၏။ အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​အားဖြင့်​သာ ထို​မျက်နှာလွှား​ကို ဖယ်ရှား​နိုင်​၏။


ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ဘုရားသခင်​တည်းဟူသော ဘုန်း​အသရေ​နှင့်​ပြည့်စုံ​တော်မူ​သည့်​ခမည်းတော်​သည် မိမိ​ကို​သိရှိ​စေရန် ဉာဏ်ပညာ​နှင့်​ဗျာဒိတ်​တော်​ဆိုင်ရာ​ဝိညာဉ်​ကို သင်​တို့​အား ပေး​တော်မူ​မည့်​အကြောင်း​နှင့်


ထို​သူ​တို့​သည် မိမိ​တို့​စိတ်နှလုံး​မာကျော​မှု​နှင့် သူ​တို့​ထဲ၌​ရှိ​သည့် မသိနားမလည်​မှု​တို့​ကြောင့် အသိဉာဏ်​အမှောင်​ဖုံး​၍ ဘုရားသခင်​၏​အသက်​နှင့်​ကင်းကွာ​လျက်​ရှိ​ကြ​၏။


ငါ​သည် ယခင်​က စော်ကား​ပြောဆို​သော​သူ၊ ညှဉ်းဆဲ​သော​သူ၊ မိုက်ရိုင်း​သော​သူ​ဖြစ်​ခဲ့​သော်လည်း ယုံကြည်​ခြင်း​မ​ရှိ​စဉ် မ​သိ​နား​မ​လည်​ဘဲ ထိုသို့​ပြု​ခဲ့​သည်​ဖြစ်၍ ကရုဏာ​တော်​ကို​ခံစား​ရ​၏။


ငါ့​ညီအစ်ကို​တို့၊ ဘုန်း​အသရေ​နှင့်​ပြည့်စုံ​တော်မူ​သော ငါ​တို့​သခင်​ယေရှု​ခရစ်တော်​ကို ယုံကြည်​ခြင်း​အရာ​၌ မျက်နှာလိုက်​ခြင်း​မ​ရှိ​ကြ​နှင့်။