သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
၁ ကော 16:24 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏ချစ်ခြင်းမေတ္တာသည် ခရစ်တော်ယေရှု၌ သင်တို့အားလုံးနှင့်အတူရှိပါစေသော။ Common Language Bible ငါသည်ခရစ်တော်ယေရှုတပည့်ဖြစ်သူ သင် တို့အပေါင်းအားမေတ္တာပို့သလိုက်ပါ၏။ ကောရိန္သုသြဝါဒစာပထမစာစောင်ပြီး၏။ Garrad Bible ခ ရစ် တော် ယေ ရှု၌ ငါ၏ မေ တ္တာ သည် သင် တို့ ရှိ သ မျှ နှင့် အ တူ တည် ရှိ ပါ စေ သ တည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ယေရှုခရစ်တော်၌ သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။ ကောရိန္သုဩဝါဒစာပထမစောင် ပြီးပါပြီ။ |
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ အကျွန်ုပ်တို့ကို ကယ်နုတ်တော်မူပါ။ [အကြောင်းမူကား နိုင်ငံတော်၊ တန်ခိုးတော်နှင့် ဘုန်းအသရေတော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ရှိပါ၏။ အာမင်။]
သို့မဟုတ်လျှင် သင်သည် စိတ်ဝိညာဉ်အားဖြင့် ကျေးဇူးတော်ချီးမွမ်းသောအခါ ကျွမ်းဝင်မှုမရှိသေးသော အုပ်စုအဝင်ဖြစ်သောသူသည် သင်ပြောနေသည့်စကားကို နားမလည်သောကြောင့် သင်၏ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် “အာမင်”ဟု မည်သို့ပြောနိုင်မည်နည်း။
ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေတို့သည် ကောရိန္သုမြို့၌ရှိသော ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံးရှိ သန့်ရှင်းသူအပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။
အဘယ်ကြောင့်နည်း။ ငါသည် သင်တို့ကိုမချစ်သောကြောင့်လော။ ငါချစ်ကြောင်း ဘုရားသခင်သိတော်မူ၏။
ငါသည် သင်တို့၏စိတ်ဝိညာဉ်အတွက် ဝမ်းမြောက်စွာ ငါ့ဥစ္စာကိုအသုံးပြု၍ ငါ့ကိုယ်ကိုလည်း အကုန်အစင်အသုံးပြုမည်။ သင်တို့အပေါ် ငါ၏ချစ်ခြင်းမေတ္တာတိုးပွားလာလျှင် ငါ့အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာလျော့ပါးသွားမည်လော။
ငါသည် ခရစ်တော်ယေရှု၏ကြင်နာခြင်းဖြင့် သင်တို့အားလုံးကို မည်မျှလွမ်းဆွတ်ကြောင်း ငါ့အတွက်သက်သေခံပေးသောအရှင်မှာ ဘုရားသခင်ဖြစ်တော်မူ၏။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။