ဣဇက်သည် ထိုပြည်၌ မျိုးစေ့ကြဲ၍ ထိုနှစ်တွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည် သူ့ကိုကောင်းချီးပေးတော်မူသောကြောင့်
၁ ကော 16:2 - မြန်မာ့စံမီသမ္မာကျမ်း ငါလာသောအခါမှ အလှူကောက်ခံခြင်းမရှိစေရန် ရက်သတ္တပတ်၏ပထမနေ့တိုင်းတွင် သင်တို့တစ်ဦးစီသည် မိမိတို့ကြီးပွားသည့်အတိုင်း တစ်စုံတစ်ခုကိုဖယ်ထား၍ စုဆောင်းထားကြလော့။ Common Language Bible ငါရောက်ရှိလာသောအခါအလှူငွေကောက်ခံဖို့ မလိုစေရန် တနင်္ဂနွေနေ့တိုင်းသင်တို့တစ်ဦးစီ သည် မိမိ၏ဝင်ငွေနည်းများအလိုက်လှူဒါန်းရန် စုဆောင်းထားကြလော့။- Garrad Bible ငါ လာ သည့် ကာ လ အ လှူ ငွေ ကောက် ခံ ခြင်း မ ရှိ ရ ခြင်း ငှာ ခု နစ် ရက် တွင် ပ ထ မ နေ့ တိုင်း အ သီး အ သီး ချမ်း သာ သည့် အ လျောက် သီး ခြား ဆည်း ပူး ကြ လော့။ Judson Bible ငါရောက်လာသောအခါ လှူဒါန်း၍ စုထားစရာ မရှိစေခြင်းငှာ၊ ခုနစ်ရက်တွင် ပထမနေ့ရက်၌ အသီးအသီး ကောင်းစားသည်အတိုင်း၊ မိမိတို့ဥစ္စာတစ်ဖို့ကို ထုတ်၍ စုထားကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ရောက်လာသောအခါ အလှူငွေကောက်ခံစရာ မလိုစေရန် အပတ်တိုင်း၏ ပထမနေ့တွင် သင်တို့တစ်ဦးချင်းစီက ရရှိသောဝင်ငွေထဲမှ တချို့ကို ထုတ်၍ စုထားကြလော့။ |
ဣဇက်သည် ထိုပြည်၌ မျိုးစေ့ကြဲ၍ ထိုနှစ်တွင် အဆတစ်ရာသောအသီးအနှံကိုရလေ၏။ ထာဝရဘုရားသည် သူ့ကိုကောင်းချီးပေးတော်မူသောကြောင့်
သို့သော် လာဗန်က “သင့်ရှေ့၌ ငါမျက်နှာရသည်ဆိုလျှင် ဆက်နေပါဦး။ ထာဝရဘုရားသည် သင့်ကြောင့် ငါ့ကိုကောင်းချီးပေးတော်မူကြောင်း ဟူးရားအတတ်အားဖြင့် ငါသိမြင်ပြီ”ဟု ဆိုပြီးလျှင်
အကျွန်ုပ်မရောက်မီ ဦးရီး၌ တိရစ္ဆာန်အနည်းငယ်သာရှိသော်လည်း ယခု များစွာတိုးပွားပါပြီ။ အကျွန်ုပ်ပြုသောအရာအားဖြင့် ထာဝရဘုရားသည် ဦးရီးကိုကောင်းချီးပေးတော်မူပြီ။ သို့သော် အကျွန်ုပ်သည် မည်သည့်အချိန်မှ အကျွန်ုပ်၏အိမ်သူအိမ်သားများအတွက် လုပ်ဆောင်နိုင်မည်နည်း”ဟု ဆို၏။
ကိုယ်တော်၏အစေအပါးအပေါ်ထားတော်မူသော မေတ္တာကရုဏာတော်အလုံးစုံ၊ သစ္စာတော်အလုံးစုံကို အကျွန်ုပ်မခံထိုက်ပါ။ အကျွန်ုပ်သည် ဤဂျော်ဒန်မြစ်ကို ဖြတ်ကူးခဲ့စဉ်က တောင်ဝှေးတစ်ချောင်းသာပါပါ၏။ ယခုမူကား အုပ်စုနှစ်စုဖြစ်လာပါပြီ။
သခင့်ထံ အကျွန်ုပ်ယူဆောင်လာသော အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကို လက်ခံပါလော့။ အကြောင်းမူကား ဘုရားသခင်သည် အကျွန်ုပ်အားပေးသနားတော်မူသည်ဖြစ်၍ အကျွန်ုပ်၌ အလုံးစုံရှိပါ၏”ဟု ဆိုလျက် သူ့ကိုတိုက်တွန်းသဖြင့် သူသည်လက်ခံလေ၏။
ဇာဒုတ်အိမ်ထောင်စုမှ ယဇ်ပုရောဟိတ်မင်းအာဇရိက “ထာဝရဘုရား၏အိမ်တော်သို့ အလှူပစ္စည်းများကို စတင်ယူဆောင်လာကတည်းက အကျွန်ုပ်တို့သည် ဝဝလင်လင်စားရပြီး များစွာပိုလျှံပါ၏။ ထာဝရဘုရားသည် မိမိလူမျိုးတော်ကို ကောင်းချီးပေးသောကြောင့် ဤသို့များစွာပိုလျှံနေခြင်း ဖြစ်ပါ၏”ဟု ပြန်လျှောက်၏။
သူသည် တတ်နိုင်သမျှကိုပြုခဲ့ပြီ။ သင်္ဂြိုဟ်ခြင်းအမှုအတွက် ငါ၏ကိုယ်ခန္ဓာကို ကြိုတင်၍ဆီမွှေးလိမ်းပြီ။
သေးငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိ၏။ သေးငယ်သောအမှု၌ မဖြောင့်မတ်သောသူသည် ကြီးသောအမှု၌လည်း မဖြောင့်မတ်ပေ။
ရက်သတ္တပတ်၏ပထမနေ့၊ အရုဏ်တက်စအချိန်၌ သူတို့သည် မိမိတို့ပြင်ဆင်ထားသောအမွှေးနံ့သာကိုယူဆောင်၍ သင်္ချိုင်းတော်သို့သွားကြရာ
ရက်သတ္တပတ်တွင် ပထမနေ့ဖြစ်သော ထိုနေ့၏ညနေချမ်းအချိန်တွင် တပည့်တော်တို့သည် ဂျူးလူမျိုးတို့ကိုကြောက်သဖြင့် မိမိတို့ရှိရာနေရာ၌ တံခါးများကိုပိတ်ထားလျက်နေကြရာ ယေရှုသည်ကြွလာ၍ သူတို့အလယ်၌ရပ်တော်မူပြီးလျှင်“သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ”ဟု မိန့်တော်မူ၏။
ထို့နောက် ရှစ်ရက်ကြာသော် တပည့်တော်တို့သည် တစ်ဖန် အထဲ၌ရှိကြ၍ သောမသည်လည်း သူတို့နှင့်အတူရှိ၏။ တံခါးများကိုပိတ်ထားသော်လည်း ယေရှုသည်ကြွလာ၍ သူတို့အလယ်၌ရပ်တော်မူပြီးလျှင်“သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ”ဟု မိန့်တော်မူ၏။
ရက်သတ္တပတ်၏ပထမနေ့တွင် ငါတို့သည် မုန့်ကိုဖဲ့ရန် စုဝေးကြ၏။ ပေါလုသည် သူတို့နှင့်ဆွေးနွေးပြောဆိုလျက်နေ၏။ သူသည် နောက်တစ်နေ့တွင် ထွက်ခွာရန်ကြံရွယ်ထားသည်ဖြစ်၍ သန်းခေါင်အချိန်တိုင်အောင် တရားစကားကို ဆက်၍ဟောပြောလေ၏။
ဤကျေးဇူးပြုခြင်းအမှုနှင့်ပတ်သက်၍ အကြံတစ်ခုကို ငါပေးမည်။ ဤအကြံကား လွန်ခဲ့သောနှစ်ကတည်းက ဤအမှုကို အစပြုခဲ့သည်သာမက ပြုလုပ်ရန်လည်း ဆန္ဒရှိကြသောသင်တို့အတွက် အကျိုးရှိ၏။
ထို့ကြောင့် သင်၏ဘုရားသခင်ထာဝရဘုရားကိုသာ သင်အောက်မေ့ရမည်။ အကြောင်းမူကား ကိုယ်တော်သည် သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့် မိမိပဋိညာဉ်ကို တည်စေရန် ယနေ့မြင်ရသည့်အတိုင်း ဥစ္စာပစ္စည်းရနိုင်သည့်အစွမ်းကို သင့်အား ပေးတော်မူသောအရှင်ဖြစ်တော်မူ၏။
သခင်ဘုရား၏နေ့တွင် ငါသည် ဝိညာဉ်တော်၌ရှိစဉ် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ငါ့နောက်၌ကြားရ၏။