၂ ရာချုပ် 31:10 - မြန်မာ့စံမီသမ္မာကျမ်း
10 ဇာဒုတ်အိမ်ထောင်စုမှ ယဇ်ပုရောဟိတ်မင်းအာဇရိက “ထာဝရဘုရား၏အိမ်တော်သို့ အလှူပစ္စည်းများကို စတင်ယူဆောင်လာကတည်းက အကျွန်ုပ်တို့သည် ဝဝလင်လင်စားရပြီး များစွာပိုလျှံပါ၏။ ထာဝရဘုရားသည် မိမိလူမျိုးတော်ကို ကောင်းချီးပေးသောကြောင့် ဤသို့များစွာပိုလျှံနေခြင်း ဖြစ်ပါ၏”ဟု ပြန်လျှောက်၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
10 ဇာဒုတ်၏သားမြေးယဇ်ပုရောဟိတ်မင်း အာဇရိက``ပြည်သူတို့သည်ဤလှူဖွယ် ပစ္စည်းများကိုဗိမာန်တော်သို့ယူဆောင်လာ ချိန်မှအစပြု၍ အကျွန်ုပ်တို့စားသုံးရန် အလုံအလောက်ရရှိကြသည့်အပြင် များစွာပင်ပိုလျှံလျက်နေပါ၏။ ဤမျှ အကျွန်ုပ်တို့ရရှိကြခြင်းမှာထာဝရ ဘုရားသည် မိမိ၏လူမျိုးတော်အား ကောင်းချီးပေးတော်မူသောကြောင့်ဖြစ် ပါ၏'' ဟုလျှောက်လေသည်။
အခန်းကိုကြည့်ပါ။ ကော်ပီ
10 ဇာ ဒုတ် အ ဆက် ပ ရော ဟိတ် မင်း အာ ဇ ရိ က၊ လူ မျိုး တော် ကို ထာ ဝ ရ ဘု ရား ကောင်း ကြီး ပေး တော် မူ သည် နှင့် အ ညီ၊ မြှောက် ဆက် ရာ အ လှူ ကို ဗိ မာန် တော် သို့ ဆောင် သွင်း ကြ သည် က စ၍၊ အ ကျွန်ုပ် တို့ သည် လုံ လောက် စွာ စား သောက် ရ သည့် ပြင်၊ အ များ အ ပြား ကြွင်း ကျန် ပါ၏။ ဤ တွင် ထား သ မျှ မှာ၊ အ ကြွင်း အ ကျန် တည်း ဟု လျှောက် သော်၊
အခန်းကိုကြည့်ပါ။ ကော်ပီ
10 ဇာဒုတ်အမျိုး၊ ယဇ်ပုရောဟိတ်အကြီး အာဇရိက၊ ပူဇော်သကာတို့ကို၊ ဗိမာန်တော်သို့ ဆောင်ခဲ့စပြုသောနောက်၊ အကျွန်ုပ်တို့ စားလောက်အောင်ရှိသည်သာမက များစွာကျန်ကြွင်းတတ်ပါ၏။ ထာဝရဘုရားသည် မိမိလူတို့ကို ကောင်းချီးပေးတော်မူသောကြောင့်၊ ပုံထားသော ဤဥစ္စာများသည် ကျန်ကြွင်းလျက်ရှိပါသည်ဟု လျှောက်ကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ