ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသော ဘုရားသခင်၏ဘုန်းအသရေတော်ကို ဖောက်ပြန်ပျက်စီးတတ်သော လူ၊ ကျေးငှက်၊ ခြေလေးချောင်းသတ္တဝါနှင့် တွားသွားသတ္တဝါတို့၏သဏ္ဌာန်နှင့်တူသော ရုပ်တုဖြင့် လဲလှယ်ကြ၏။
၁ ကော 15:53 - မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဤဖောက်ပြန်ပျက်စီးတတ်သောအရာသည် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာကို ဝတ်ဆင်ရမည်ဖြစ်၍ ဤသေတတ်သောအရာသည် သေခြင်းနှင့်ကင်းသောအရာကို ဝတ်ဆင်ရမည်ဖြစ်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်ပုပ်ပျက်တတ်သော အရာသည်မပုပ်မပျက်နိုင်သောအဖြစ်သို့ ပြောင်းလဲရမည်။ သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ပြောင်းလဲရမည်။- Garrad Bible ဤ သင်္ခါ ရ ဖြစ် သော ခ န္ဓာ သည် အ သင်္ခါ ရ အ ဖြစ် ကို လည်း ကောင်း၊ ဤ အ နိ စ္စ ခ န္ဓာ သည် နိ စ္စ အ ဖြစ် ကို လည်း ကောင်း ဝတ် ဆင် ရ မည်။ Judson Bible ယခုမျက်မှောက် ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သောအရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ပုပ်ပျက်တတ်သောခန္ဓာသည် မပုပ်ပျက်နိုင်သောခန္ဓာအဖြစ်သို့ ပြောင်းလဲရမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ သေတတ်သောခန္ဓာသည် မသေနိုင်သောခန္ဓာအဖြစ်သို့ ပြောင်းလဲရမည်ဖြစ်သောကြောင့်ပင်။ |
ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသော ဘုရားသခင်၏ဘုန်းအသရေတော်ကို ဖောက်ပြန်ပျက်စီးတတ်သော လူ၊ ကျေးငှက်၊ ခြေလေးချောင်းသတ္တဝါနှင့် တွားသွားသတ္တဝါတို့၏သဏ္ဌာန်နှင့်တူသော ရုပ်တုဖြင့် လဲလှယ်ကြ၏။
ကောင်းသောအမှုကို ဇွဲလုံ့လဖြင့်ပြုလျက် ဘုန်းတော်၊ ဂုဏ်တော်နှင့် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာတို့ကိုရှာဖွေသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်၌ဗတ္တိဇံခံသောသူရှိသမျှတို့သည် ခရစ်တော်ကိုဝတ်ဆင်ကြ၏။
သမ္မာတရားနှင့်ဆိုင်သော ဖြောင့်မတ်ခြင်းနှင့်သန့်ရှင်းခြင်းတို့ဖြင့် ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသောလူသစ်ကိုဝတ်ဆင်ရန် နည်းခံခဲ့ကြ၏။
ချစ်ရသောသူတို့၊ ယခု ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ အနာဂတ်တွင် ငါတို့မည်သို့ဖြစ်ကြမည်ကို ထင်ရှားစွာမသိရသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်ကို ပကတိအဖြစ်တော်အတိုင်း မြင်ရကြမည်ဖြစ်၍ ငါတို့သည် ကိုယ်တော်နှင့်တူကြမည်ကို ငါတို့သိကြ၏။