ပညာသတိရှိသောသူတို့သည် မိုးမျက်နှာကြက်ကဲ့သို့ ထွန်းလင်းတောက်ပကြလိမ့်မည်။ လူများစွာကိုဖြောင့်မတ်ရာသို့ပို့ဆောင်ပေးသောသူတို့သည် ကြယ်များကဲ့သို့ အစဉ်ထွန်းလင်းတောက်ပနေလိမ့်မည်။
၁ ကော 15:40 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ကိုယ်ခန္ဓာများရှိ၍ မြေကြီးကိုယ်ခန္ဓာများလည်းရှိ၏။ သို့သော် ကောင်းကင်ကိုယ်ခန္ဓာ၏ဘုန်းအသရေသည် တစ်မျိုးဖြစ်၍ မြေကြီးကိုယ်ခန္ဓာ၏ဘုန်းအသရေသည်လည်း တစ်မျိုးဖြစ်၏။ Common Language Bible ကောင်းကင်နှင့်ဆိုင်သောအကောင်အထည်များ၊ ကမ္ဘာမြေကြီးနှင့်ဆိုင်သောအကောင်အထည် များဟူ၍ရှိ၏။ ကောင်းကင်အကောင်အထည် များ၏တင့်တယ်မှုသည်တစ်မျိုး၊ ကမ္ဘာမြေ ကြီးအကောင်အထည်များ၏တင့်တယ်မှု ကတစ်မျိုးဖြစ်၏။- Garrad Bible ၄င်း ပြင် အာ ကာ သ ခ န္ဓာ များ နှင့် ပ ထ ဝီ ခ န္ဓာ များ လည်း ရှိ ရာ အာ ကာ သ ခ န္ဓာ များ၏ ကြက် သ ရေ တစ် မျိုး၊ ပ ထ ဝီ ခ န္ဓာ များ၏ ကြက် သ ရေ တစ် မျိုး ဖြစ်၏။ Judson Bible ကောင်းကင် အကောင်အထည်လည်းရှိ၏။ မြေကြီး အကောင်အထည်လည်း ရှိ၏။ ကောင်းကင် အကောင်အထည်၏ ဂုဏ်အသရေလည်းတစ်မျိုး၊ မြေကြီး အကောင်အထည်၏ ဂုဏ်အသရေလည်း တစ်မျိုးဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် ကောင်းကင်နှင့်ဆိုင်သော ဒြပ်များ၊ မြေကြီးနှင့်ဆိုင်သော ဒြပ်များဟူ၍ ရှိ၏။ ကောင်းကင်နှင့်ဆိုင်သော ဒြပ်များ၏ ဘုန်းအသရေသည် တစ်မျိုးဖြစ်၍ မြေကြီးနှင့်ဆိုင်သော ဒြပ်များ၏ဘုန်းအသရေသည် တစ်မျိုးဖြစ်၏။ |
ပညာသတိရှိသောသူတို့သည် မိုးမျက်နှာကြက်ကဲ့သို့ ထွန်းလင်းတောက်ပကြလိမ့်မည်။ လူများစွာကိုဖြောင့်မတ်ရာသို့ပို့ဆောင်ပေးသောသူတို့သည် ကြယ်များကဲ့သို့ အစဉ်ထွန်းလင်းတောက်ပနေလိမ့်မည်။
အသားအားလုံးသည် တစ်မျိုးတည်းမဟုတ်။ လူတို့၏အသားသည် တစ်မျိုး၊ တိရစ္ဆာန်တို့၏အသားသည်လည်း တစ်မျိုး၊ ကျေးငှက်တို့၏အသားသည်လည်း တစ်မျိုး၊ ငါးတို့၏အသားသည်လည်း တစ်မျိုးဖြစ်၏။
နေ၏ဘုန်းအသရေသည် တစ်မျိုး၊ လ၏ဘုန်းအသရေသည်လည်း တစ်မျိုး၊ ကြယ်များ၏ဘုန်းအသရေသည်လည်း တစ်မျိုးဖြစ်၏။ ကြယ်တစ်လုံးချင်း၏ဘုန်းအသရေသည်လည်း ခြားနားကြ၏။