ထိုအသေကောင်၏အစိတ်အပိုင်းတစ်ခုခုသည် မျိုးကြဲရန် မျိုးစေ့တစ်စုံတစ်ရာပေါ်သို့ ကျလျှင် ထိုမျိုးစေ့သည် စင်ကြယ်၏။
၁ ကော 15:37 - မြန်မာ့စံမီသမ္မာကျမ်း သင်စိုက်ပျိုးသောအရာသည်လည်း နောက်ဖြစ်လာမည့်ကိုယ်ထည်ကို စိုက်ပျိုးသည်မဟုတ်ဘဲ ဂျုံ၊ သို့မဟုတ် အခြားသီးနှံ၏အစေ့သက်သက်ကိုသာ စိုက်ပျိုး၏။ Common Language Bible မြေတွင်သင်စိုက်သောအရာသည်ဂျုံစေ့ သို့မဟုတ်အခြားမျိုးစေ့တစ်မျိုးမျိုးဖြစ် မည်။ နောင်အခါပေါက်လာသည့်အပင်မဟုတ်။- Garrad Bible သင် စိုက် သည် မှာ လည်း ဂျုံ မျိုး ဖြစ် စေ၊ အ ခြား မျိုး ဖြစ် စေ၊ ဖြစ် လ တ္တံ သော ခ န္ဓာ ကို မ ဟုတ်၊ အ စေ့ မျှ ကို စိုက် ရာ။ Judson Bible ထိုမှတစ်ပါး မျိုးစေ့ကို စိုက်သောအခါ၊ နောက်ဖြစ်လတ္တံ့သော ကိုယ်ကို မစိုက်၊ ဂျုံစပါးဖြစ်စေ၊ အခြားသောစပါးဖြစ်စေ၊ အစေ့သက်သက်ကို စိုက်တတ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မျိုးစေ့ကို မြေ၌ သင်စိုက်ပျိုးသောအခါ နောင်ဖြစ်လာမည့် အပင်ကိုယ်ထည်တစ်ခုလုံးကို စိုက်ပျိုးသည်မဟုတ်ပါ။ ဂျုံ၊ သို့မဟုတ် အစေ့သက်သက်ကိုသာ စိုက်ပျိုး၏။ |
ထိုအသေကောင်၏အစိတ်အပိုင်းတစ်ခုခုသည် မျိုးကြဲရန် မျိုးစေ့တစ်စုံတစ်ရာပေါ်သို့ ကျလျှင် ထိုမျိုးစေ့သည် စင်ကြယ်၏။
သူသည် ညအချိန်နှင့်နေ့အချိန်၌ အိပ်လျက်၊ ထလျက်နေစဉ် မျိုးစေ့သည် အညှောက်ထွက်၍ ကြီးထွားလာ၏။ ၎င်းသည် မည်ကဲ့သို့ကြီးထွားလာသည်ကို ထိုသူမသိ။
သို့သော် ဘုရားသခင်သည် အလိုတော်ရှိသည့်အတိုင်း ထိုအစေ့အား ကိုယ်ထည်ကိုပေးတော်မူ၍ အစေ့တစ်စေ့စီအား မိမိအမျိုးအစားအလိုက် ကိုယ်ထည်ကိုပေးတော်မူ၏။
သို့သော် ငါတို့ကို ခရစ်တော်၌ အစဉ်အမြဲအောင်ပွဲခံစေ၍ ကိုယ်တော်ကိုသိသောဉာဏ်၏ရနံ့ကို နေရာတိုင်း၌ ငါတို့အားဖြင့်ပျံ့နှံ့စေတော်မူသောဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်း၏။