၁ ကော 14:26 - မြန်မာ့စံမီသမ္မာကျမ်း
သို့ဖြစ်လျှင် ညီအစ်ကိုတို့၊ မည်သို့ဆိုရမည်နည်း။ သင်တို့သည် စည်းဝေးကြသောအခါ ဆာလံသီချင်းဆိုသောသူ၊ သွန်သင်ပေးသောသူ၊ ဗျာဒိတ်တော်ဟောပြောသောသူ၊ အခြားသောဘာသာစကားပြောဆိုသောသူနှင့် ထိုဘာသာစကား၏အနက်ကိုဖွင့်သောသူ အသီးသီးရှိကြ၏။ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်မြှင့်တင်ပေးခြင်းအတွက် ပြုကြလော့။
အခန်းကိုကြည့်ပါ။
ညီအစ်ကိုတို့၊ ငါဆိုလိုသည်မှာဤသို့တည်း။ ကိုးကွယ်ဝတ်ပြုရန်သင်တို့စုဝေးကြသော အခါတစ်ယောက်ကသီချင်းဆိုခြင်း၊ နောက် တစ်ယောက်ကသွန်သင်ခြင်း၊ နောက်တစ်ယောက် ကဗျာဒိတ်တော်ကိုပြန်ကြားခြင်း၊ နောက် တစ်ယောက်ကထူးဆန်းသောဘာသာစကား ဖြင့်ပြောဆိုခြင်း၊ နောက်တစ်ယောက်ကအနက် အဋ္ဌိပ္ပါယ်ဖော်ပြခြင်းတို့ကိုဆောင်ရွက်ကြ လော့။ သင်တို့ဆောင်ရွက်သမျှသောအမှုတို့ သည်အသင်းတော်ဝင်အပေါင်းအားအကျိုး ပြုရမည်။-
အခန်းကိုကြည့်ပါ။
သို့ ဖြစ် လျှင် ညီ အစ် ကို တို့၊ မည် သို့ နည်း။ သင် တို့ စည်း ဝေး ကြ သော အ ခါ အ သီး အ သီး တို့ သည် ကျူး ဧ ချက်၊ သင် ကြား ချက်၊ ဗျာ ဒိတ် ချက်၊ ဘာ သာ စ ကား ထူး ပြော ဆို ချက်၊ အ ဓိ ပ္ပာယ် ဖော် ပြ ချက် ကို ခံ ရ သည့် အ လျောက် အ ရာ ရာ ကို ဆောက် တည် ခြင်း အ လို့ ငှာ ပြု ကြ လော့။
အခန်းကိုကြည့်ပါ။
ညီအစ်ကိုတို့၊ အဘယ်သို့နည်း။ သင်တို့ စည်းဝေးကြသောအခါ၊ ဆာလံသီချင်းကို ရသောသူ၊ ဆုံးမဩဝါဒ စကားကို ရသောသူ၊ အခြားသော ဘာသာစကားကို ရသောသူ၊ ဗျာဒိတ်တော်ကို ရသောသူ၊ အနက်ဖော်ပြရာကို ရသောသူ၊ အသီးအသီးရှိကြသည်ဖြစ်၍၊ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်ခြင်းအလိုငှာ စီရင်ကြလော့။-
အခန်းကိုကြည့်ပါ။
သို့ဖြစ်လျှင် ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်ဆိုလိုသည်မှာ ဤသို့ဖြစ်၏။ သင်တို့စုဝေးကြသောအခါ တစ်ဦး က ဓမ္မသီချင်းဆိုခြင်း၊ တစ်ဦးက သင်ကြားခြင်း၊ တစ်ဦးက ဗျာဒိတ်တော်ကို ဖွင့်ပြခြင်း၊ တစ်ဦးက အခြားဘာသာစကားကို ပြောခြင်းနှင့် တစ်ဦးက ထိုဘာသာစကားကို အနက်ပြန်ခြင်းဟူ၍ အသီးသီးဆောင်ရွက်ကြ၏။ ထိုအခြင်းအရာအားလုံးကို သင်တို့လုပ်ဆောင်ရာတွင် အသင်းတော် တည်ဆောက်စရာအတွက် ဖြစ်စေကြလော့။
အခန်းကိုကြည့်ပါ။