Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 14:27 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​ရှိ​လျှင် နှစ်​ဦး​၊ သို့မဟုတ် အများဆုံး​သုံး​ဦး​က တစ်လှည့်စီ​ပြော​၍ တစ်​ဦး​က အနက်​ဖွင့်​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​ဖြင့်​ပြော​မည် ဆို​ပါ​က​နှစ်​ယောက်​ဖြစ်​စေ၊ အ​များ​ဆုံး​သုံး ယောက်​ဖြစ်​စေ​အ​လှည့်​ကျ​ပြော​စေ​လော့။ ထို နောက်​လူ​တစ်​ယောက်​က​အ​နက်​အ​ဋ္ဌိပ္ပါယ် ပြန်​ပါ​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 ဘာ သာ စ ကား ထူး ပြော ဆို သူ ရှိ လျှင် အ လှည့် ကျ အ တိုင်း နှစ် ဦး ဖြစ် စေ၊ အ များ ဆုံး ဆို သော် သုံး ဦး ဖြစ် စေ ပြော ဆို လျက် တစ် ဦး က အ ဓိ ပ္ပာယ် ဖော် ပြ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​သော သူ​ရှိ​လျှင်၊ နှစ်​ယောက်​ဖြစ်​စေ၊ အ​များ​ဆုံး​ဆို​သော် သုံး​ယောက်​ဖြစ်​စေ၊ တစ်​ယောက်​နောက် တစ်​ယောက်​ပြော၍ တစ်​ယောက်​သော​သူ​သည် အ​နက်​ကို​ဖော်​ပြ​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 အခြား​ဘာသာစကား​ဖြင့် ပြောမည်​ဆိုပါက နှစ်ဦး သို့မဟုတ် သုံးဦး​ထက်​ပို၍ မပြောသင့်ပေ။ သူတို့​သည် တလှည့်စီ​ပြော​၍ သူတို့​ပြောဆိုသော​စကား​ကို တစ်ယောက်​က အနက်ပြန်​ပေး​ရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 14:27
6 ပူးပေါင်းရင်းမြစ်များ  

အခြား​တစ်​ဦး​အား တန်ခိုး​လက္ခဏာ​ပြု​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား ပရောဖက်ပြု​ဟောပြော​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား စိတ်​ဝိညာဉ်​တို့​ကို​ပိုင်းခြား​၍​သိရှိ​နိုင်​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား အခြား​သော​ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​နိုင်​သော​အခွင့်​ကို​လည်းကောင်း၊ အခြား​တစ်​ဦး​အား ထို​ဘာသာ​စကား​များ​၏​အနက်​ကို​ဖော်ပြ​နိုင်​သော​အခွင့်​ကို​လည်းကောင်း ပေး​တော်မူ​၏။


ထို့ကြောင့် အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​သည် အနက်​ဖွင့်​နိုင်​မည့်​အကြောင်း ဆုတောင်း​စေ။


အကြောင်းမူကား အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​သည် လူ​တို့​အား ပြောဆို​သည်​မ​ဟုတ်​ဘဲ ဘုရားသခင်​အား ပြောဆို​၏။ အဘယ်ကြောင့်​ဆိုသော် ထို​စကား​ကို မည်သူ​မျှ​နား​မ​လည်​ချေ။ သူ​သည် ဝိညာဉ်​တော်​အားဖြင့် လျှို့ဝှက်​နက်နဲ​သော​အရာ​တို့​ကို ပြောဆို​နေ​ခြင်း​သာ​ဖြစ်​၏။


သို့ဖြစ်လျှင် ညီအစ်ကို​တို့၊ မည်သို့​ဆို​ရ​မည်နည်း။ သင်​တို့​သည် စည်းဝေး​ကြ​သောအခါ ဆာလံ​သီချင်း​ဆို​သော​သူ၊ သွန်သင်​ပေး​သော​သူ၊ ဗျာဒိတ်​တော်​ဟောပြော​သော​သူ၊ အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​နှင့် ထို​ဘာသာ​စကား​၏​အနက်​ကို​ဖွင့်​သော​သူ အသီးသီး​ရှိ​ကြ​၏။ ခပ်သိမ်း​သော​အမှု​တို့​ကို တည်ဆောက်​မြှင့်တင်​ပေး​ခြင်း​အတွက် ပြု​ကြ​လော့။


သို့သော် အနက်ဖွင့်​သူ​မ​ရှိ​လျှင် သူ​သည် အသင်းတော်​၌ တိတ်ဆိတ်​စွာ​နေ​၍ မိမိကိုယ်ကို​လည်းကောင်း၊ ဘုရားသခင်​ကို​လည်းကောင်း ပြော​စေ။


သင်​တို့​အားလုံး​သည် အခြား​သော​ဘာသာ​စကား​များ​ပြောဆို​နိုင်​ရန် ငါ​အလိုရှိ​၏။ သို့သော် ပရောဖက်ပြု​ဟောပြော​ခြင်း​အမှု​ကို သင်​တို့​အား ပို၍​ပြု​စေ​လို​၏။ အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​သည် အသင်းတော်​ကို တည်ဆောက်​မြှင့်တင်​ပေး​ရန် ၎င်း​၏​အနက်​ကို​ဖွင့်​ခြင်း​မ​ရှိ​လျှင် ထို​သူ​ထက် ပရောဖက်ပြု​ဟောပြော​သော​သူ​သည် ပို၍​ကြီးမြတ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ