အသံလွင်သောလင်းကွင်းများတီးလျက် ကိုယ်တော်ကို ချီးမွမ်းကြလော့။ အသံကျယ်သောလင်းကွင်းများတီးလျက် ကိုယ်တော်ကို ချီးမွမ်းကြလော့။
၁ ကော 13:1 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် လူ့ဘာသာစကားနှင့် ကောင်းကင်တမန်၏ဘာသာစကားတို့ကို ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် မြည်ဟည်းသောကြေးမောင်း၊ သို့မဟုတ် စူးရှစွာမြည်သော လင်းကွင်းကဲ့သို့ဖြစ်၏။ Common Language Bible ငါသည်လူဘာသာစကားများနှင့်ကောင်းကင် တမန်ဘာသာစကားများကိုပြောနိုင်သော် လည်း မေတ္တာမရှိလျှင်ပဲ့တင်ခတ်သည့်မောင်း ကဲ့သို့လည်းကောင်း၊ အသံမြည်သည့်လင်း ကွင်းကဲ့သို့လည်းကောင်းဖြစ်၏။- Garrad Bible လွန် ကဲ သော နည်း လမ်း ကို ငါ ပြ ဦး မည် မှာ ငါ သည် လူ တို့ နှင့် စေ တ မန် တော် တို့ ဘာ သာ စ ကား ထူး ပြော ဆို သော် လည်း၊ မေ တ္တာ မ ရှိ လျှင် ပဲ့ တင် ခတ် သော ကြေး စည်၊ အ သံ မြည် သော လင်း ကွင်း မျှ ဖြစ် လေ ပြီ။ Judson Bible ငါသည် လူဘာသာစကားကိုလည်းကောင်း၊ ကောင်းကင်တမန် ဘာသာစကားကိုလည်းကောင်း ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့လည်းကောင်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့လည်းကောင်း ဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် လူဘာသာစကားများနှင့် ကောင်းကင်တမန်ဘာသာစကားများကို ပြောနိုင်သော်လည်း မေတ္တာမရှိလျှင် ဆူညံသောမောင်း သို့မဟုတ် မြည်ဟည်းနေသောလင်းကွင်းကဲ့သို့သာ ဖြစ်၏။ |
အသံလွင်သောလင်းကွင်းများတီးလျက် ကိုယ်တော်ကို ချီးမွမ်းကြလော့။ အသံကျယ်သောလင်းကွင်းများတီးလျက် ကိုယ်တော်ကို ချီးမွမ်းကြလော့။
မင်းကြီးကလည်း ‘သင်တို့အား ငါအမှန်ဆိုမည်။ ဤအငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့မပြုခဲ့သမျှသည် ငါ့ကိုမပြုခြင်းဖြစ်၏’ဟု ပြန်၍မိန့်တော်မူလိမ့်မည်။
ယုံကြည်သောသူတို့နှင့်အတူ ယှဉ်တွဲလျက်ရှိကြမည့်နိမိတ်လက္ခဏာများဟူမူကား သူတို့သည် ငါ၏နာမဖြင့် နတ်ဆိုးတို့ကိုနှင်ထုတ်ကြလိမ့်မည်။ အသစ်သောဘာသာစကားများကိုပြောကြလိမ့်မည်။
အစားအစာကြောင့် သင်၏ညီအစ်ကိုကို ဝမ်းနည်းစေလျှင် သင်သည် မေတ္တာဖြင့် အသက်ရှင်လျှောက်လှမ်းသည်မဟုတ်တော့ပေ။ ခရစ်တော်က ကိုယ်စားအသေခံပေးတော်မူသော သင့်ညီအစ်ကိုကို သင်၏အစားအစာကြောင့် မပျက်စီးစေနှင့်။
အခြားတစ်ဦးအား တန်ခိုးလက္ခဏာပြုသောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား ပရောဖက်ပြုဟောပြောသောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား စိတ်ဝိညာဉ်တို့ကိုပိုင်းခြား၍သိရှိနိုင်သောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုနိုင်သောအခွင့်ကိုလည်းကောင်း၊ အခြားတစ်ဦးအား ထိုဘာသာစကားများ၏အနက်ကိုဖော်ပြနိုင်သောအခွင့်ကိုလည်းကောင်း ပေးတော်မူ၏။
နားကလည်း “ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်”ဟု ဆိုလျှင် ထိုသို့ဆိုသောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်တော့သည်မဟုတ်။
အကြောင်းမူကား ဝိညာဉ်တော်အားဖြင့် တစ်ယောက်သောသူအား ဉာဏ်ပညာစကားကိုလည်းကောင်း၊ ထိုဝိညာဉ်တော်အားဖြင့် အခြားတစ်ဦးအား အသိပညာစကားကိုလည်းကောင်း၊
မေတ္တာသည် မည်သည့်အခါမျှ ကုန်ခန်းခြင်းမရှိ။ ပရောဖက်ပြုဟောပြောခြင်းတို့မူကား ပယ်ဖျက်ခြင်းခံရကြလိမ့်မည်။ အခြားသောဘာသာစကားပြောဆိုခြင်းတို့သည်လည်း ရပ်တန့်သွားကြလိမ့်မည်။ အသိပညာသည်လည်း ပယ်ဖျက်ခြင်းခံရလိမ့်မည်။
အကြောင်းမူကား အခြားသောဘာသာစကားပြောဆိုသောသူသည် လူတို့အား ပြောဆိုသည်မဟုတ်ဘဲ ဘုရားသခင်အား ပြောဆို၏။ အဘယ်ကြောင့်ဆိုသော် ထိုစကားကို မည်သူမျှနားမလည်ချေ။ သူသည် ဝိညာဉ်တော်အားဖြင့် လျှို့ဝှက်နက်နဲသောအရာတို့ကို ပြောဆိုနေခြင်းသာဖြစ်၏။
အခြားသောဘာသာစကားပြောဆိုသောသူသည် မိမိကိုသာတည်ဆောက်မြှင့်တင်၏။ ပရောဖက်ပြုဟောပြောသောသူမူကား အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေး၏။
သင်တို့အားလုံးသည် အခြားသောဘာသာစကားများပြောဆိုနိုင်ရန် ငါအလိုရှိ၏။ သို့သော် ပရောဖက်ပြုဟောပြောခြင်းအမှုကို သင်တို့အား ပို၍ပြုစေလို၏။ အခြားသောဘာသာစကားပြောဆိုသောသူသည် အသင်းတော်ကို တည်ဆောက်မြှင့်တင်ပေးရန် ၎င်း၏အနက်ကိုဖွင့်ခြင်းမရှိလျှင် ထိုသူထက် ပရောဖက်ပြုဟောပြောသောသူသည် ပို၍ကြီးမြတ်၏။
ရုပ်တုအားပူဇော်ထားသောအရာများနှင့်ပတ်သက်၍ ငါတို့အားလုံး၌ အသိပညာရှိကြောင်းကို ငါတို့သိကြ၏။ သို့သော် အသိပညာသည် ထောင်လွှားစေတတ်၏။ ချစ်ခြင်းမေတ္တာမူကား တည်ဆောက်မြှင့်တင်ပေးတတ်၏။
သူသည် လူတို့ပြောခွင့်မရှိ၊ ပြောပြ၍လည်းမရနိုင်သောစကားတို့ကို ကြားခဲ့ရ၏။
ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
ခရစ်တော်ယေရှု၌မူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်။ မေတ္တာအားဖြင့်လုပ်ဆောင်သော ယုံကြည်ခြင်းကသာ စွမ်းဆောင်နိုင်၏။
ဤညွှန်ကြားချက်၏ရည်ရွယ်ချက်ပန်းတိုင်ကား စင်ကြယ်သောစိတ်နှလုံး၊ ကြည်လင်သောအသိစိတ်နှင့် ဟန်ဆောင်မှုကင်းသောယုံကြည်ခြင်းတို့မှဖြစ်ပေါ်လာသည့် ချစ်ခြင်းမေတ္တာဖြစ်၏။
ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်သည်ဖြစ်၍ ခပ်သိမ်းသောအရာတို့ထက် အချင်းချင်းကြား၌ ခိုင်မြဲသောချစ်ခြင်းမေတ္တာရှိကြလော့။
အကြောင်းမူကား သူတို့သည် အချည်းနှီးချဲ့ထွင်ဝါကြွားပြောဆိုလျက် မှားယွင်းခြင်း၌အသက်ရှင်နေထိုင်သောသူတို့ထဲမှ လွတ်မြောက်ခါစရှိသောသူတို့ကို သွေးသားဇာတိ၏တပ်မက်ခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့ဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။
ထို့နောက် များစွာသောရေဟုန်၏အသံနှင့်လည်းကောင်း၊ ကျယ်လောင်သောမိုးကြိုးသံနှင့်လည်းကောင်း တူသည့် ကောင်းကင်မှအသံကို ငါကြားရ၏။ ငါကြားရသောထိုအသံသည် စောင်းသမားများ မိမိတို့စောင်းများတီးခတ်နေသည့်အသံနှင့်လည်းတူ၏။