သူ့ကို ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဉာဏ်ပညာနှင့်ပြည့်ဝစေ၍ တီထွင်နိုင်စွမ်း၊ သိမြင်နိုင်စွမ်းရှိစေ၏။ လက်မှုအတတ်ပညာအမျိုးမျိုးတို့ကို တတ်မြောက်စေ၏။
၁ ကော 12:4 - မြန်မာ့စံမီသမ္မာကျမ်း ဆုကျေးဇူးသည် အမျိုးမျိုးရှိသော်လည်း ဝိညာဉ်တော်သည် တစ်ပါးတည်းရှိ၏။ Common Language Bible ဝိညာဉ်ဆုကျေးဇူးကားအမျိုးမျိုးရှိ၏။ သို့ သော်ထိုဆုကျေးဇူးများကိုချပေးတော် မူသောဝိညာဉ်တော်တစ်ပါးတည်းရှိ၏။- Garrad Bible ဆု ကျေး ဇူး တော် များ ခြား နား သော် လည်း ဝိ ညာဉ် တော် တစ် ဆူ၊ Judson Bible ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော်တစ်ပါးတည်း ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဝိညာဉ်ဆုကျေးဇူးအမျိုးမျိုးရှိသော်လည်း ဝိညာဉ်တော်တစ်ပါးတည်းရှိ၏။ |
သူ့ကို ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဉာဏ်ပညာနှင့်ပြည့်ဝစေ၍ တီထွင်နိုင်စွမ်း၊ သိမြင်နိုင်စွမ်းရှိစေ၏။ လက်မှုအတတ်ပညာအမျိုးမျိုးတို့ကို တတ်မြောက်စေ၏။
ညီအစ်ကိုတို့၊ ဝိညာဉ်ဆုကျေးဇူးများနှင့်ပတ်သက်၍ အောက်ပါအကြောင်းအရာများကို သင်တို့မသိဘဲ မနေစေလိုပါ။
ဘုရားသခင်သည် အသင်းတော်၌ ပထမအနေဖြင့် တမန်တော်များ၊ ဒုတိယအနေဖြင့် ပရောဖက်များ၊ တတိယအနေဖြင့် ဆရာများ၊ ထို့နောက် တန်ခိုးလက္ခဏာကိုပြုသောသူများ၊ ထို့နောက် အနာရောဂါငြိမ်းစေနိုင်သောဆုကျေးဇူးရရှိသူများ၊ ကူညီမစသူများ၊ စီမံအုပ်ချုပ်သူများ၊ အခြားသောဘာသာစကားအမျိုးမျိုးပြောဆိုသောသူများ စသည်တို့ကို ခန့်ထားတော်မူ၏။
ငါ့အနေဖြင့် လူအပေါင်းတို့အား ငါကဲ့သို့ဖြစ်စေလို၏။ သို့သော် လူတစ်ဦးစီ၌ ဘုရားသခင်ထံမှ မိမိရရှိသောဆုကျေးဇူး တစ်ယောက်တစ်မျိုးစီရှိ၏။
ထို့နောက် ကိုယ်တော်သည် အချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့တို့ကို ကောင်းမြတ်သောသတင်းဟောပြောသူအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာနှင့်ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏။
ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများအားဖြင့်လည်းကောင်း၊ တန်ခိုးလက္ခဏာအမျိုးမျိုးအားဖြင့်လည်းကောင်း၊ မိမိအလိုတော်နှင့်အညီ သန့်ရှင်းသောဝိညာဉ်တော်ကို မျှဝေပေးတော်မူခြင်းအားဖြင့်လည်းကောင်း သူတို့နှင့်အတူ သက်သေခံတော်မူ၏။
သင်တို့တစ်ဦးစီသည် မိမိခံစားရရှိသည့်ဆုကျေးဇူးအလျောက် ဘုရားသခင်၏အမျိုးမျိုးသောကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းသောဘဏ္ဍာစိုးများကဲ့သို့ ထိုဆုကျေးဇူးအားဖြင့် အချင်းချင်းကူညီဆောင်ရွက်ပေးကြလော့။