ထို့နောက် ထာဝရအရှင်ဘုရားသခင်က “လူသည် တစ်ယောက်တည်းမနေကောင်း။ သူနှင့်သင့်တော်သည့် ကူညီမစသူကို သူ့အတွက် ငါဖန်ဆင်းဦးမည်”ဟု မိန့်တော်မူ၏။
၁ ကော 11:9 - မြန်မာ့စံမီသမ္မာကျမ်း ထို့အတူ ယောက်ျားကို မိန်းမအတွက်ဖန်ဆင်းတော်မူသည်မဟုတ်။ မိန်းမကို ယောက်ျားအတွက်ဖန်ဆင်းတော်မူ၏။ Common Language Bible အမျိုးသားကိုအမျိုးသမီးအတွက်ဘုရား သခင်ဖန်ဆင်းတော်မမူ။ အမျိုးသမီးကိုသာ လျှင်အမျိုးသားအတွက်ဖန်ဆင်းတော်မူ၏။- Judson Bible ယောက်ျားကို မိန်းမဖို့ဖန်ဆင်းသည်မဟုတ်။ မိန်းမကို ယောက်ျားဖို့ ဖန်ဆင်း၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် ယောက်ျားကို မိန်းမအတွက် ဖန်ဆင်းတော်မူသည်မဟုတ်ပေ။ မိန်းမကိုမူ ယောက်ျားအတွက် ဖန်ဆင်းတော်မူ၏။ |
ထို့နောက် ထာဝရအရှင်ဘုရားသခင်က “လူသည် တစ်ယောက်တည်းမနေကောင်း။ သူနှင့်သင့်တော်သည့် ကူညီမစသူကို သူ့အတွက် ငါဖန်ဆင်းဦးမည်”ဟု မိန့်တော်မူ၏။
ထိုသို့ လူသည် ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့နှင့် မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ တောရိုင်းတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အမည်မှည့်ခေါ်လေ၏။ သို့သော် အာဒံနှင့်သင့်တော်သည့် အထောက်အမ မရှိသေးချေ။
ထို့နောက် ထာဝရအရှင်ဘုရားသခင်သည် လူထဲမှထုတ်ယူသောနံရိုးဖြင့် မိန်းမကိုဖန်ဆင်း၍ လူထံသို့ ခေါ်ဆောင်လာခဲ့၏။
ထို့ကြောင့် မိန်းမသည် ကောင်းကင်တမန်တို့ကိုထောက်၍ အခွင့်အာဏာ၏လက္ခဏာကို မိမိဦးခေါင်းပေါ်၌ ရှိစေသင့်၏။