Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 2:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထို့နောက် ထာဝရအရှင်​ဘုရားသခင်​သည် လူ​ထဲမှ​ထုတ်ယူ​သော​နံရိုး​ဖြင့် မိန်းမ​ကို​ဖန်ဆင်း​၍ လူ​ထံသို့ ခေါ်ဆောင်​လာ​ခဲ့​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ထို​နောက်​ထို​နံ​ရိုး​ဖြင့်​မိန်း​မ​ကို​ဖန်​ဆင်း​၍ လူ​၏​ထံ​သို့​ခေါ်​ဆောင်​ခဲ့​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ထာ ဝ ရ ဘု ရား သ ခင် သည် လူ ထဲ မှ ထုတ် သော နံ ရိုး ဖြင့် လူ မိန်း မ ကို ဖန် ဆင်း ၍ လူ ရှိ ရာ သို့ ဆောင် ခဲ့ တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် လူ​ထဲ​က​ထုတ်​သော​နံ​ရိုး​ဖြင့် လူ​မိန်း​မ​ကို​ဖန်​ဆင်း၍ လူ​ရှိ​ရာ​သို့​ဆောင်​ခဲ့​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 2:22
7 ပူးပေါင်းရင်းမြစ်များ  

ထာဝရအရှင်​ဘုရားသခင်​သည် တောရိုင်းတိရစ္ဆာန်​အမျိုးမျိုး​နှင့် မိုးကောင်းကင်​ငှက်​အမျိုးမျိုး​တို့​ကို မြေကြီး​ဖြင့်​ပုံဖော်ဖန်ဆင်း​ပြီးလျှင် ၎င်း​တို့​ကို လူ​က​မည်သို့​မှည့်ခေါ်​မည်​ကို သိရှိ​ရန် လူ​ထံသို့ ခေါ်ဆောင်​လာ​ခဲ့​၏​။ သက်ရှိသတ္တဝါ​တို့​သည် လူ​မှည့်ခေါ်​သည့်​အတိုင်း နာမည်​အသီးသီး​ရ​ကြ​၏​။


ထာဝရဘုရား​သည် အိမ်​ကို ဆောက်​တော်​မ​မူ​လျှင် အိမ်ဆောက်​သော​သူ​တို့​သည် အချည်းနှီး​ကြိုးပမ်းအားထုတ်​ကြ​၏​။ ထာဝရဘုရား​သည် မြို့​ကို​စောင့်​တော်​မ​မူ​လျှင် စောင့်​သော​သူ​သည် အချည်းနှီး​စောင့်ကြပ်​၏​။


မယား​ကို​ရ​သော​သူ​သည် ကောင်း​သော​အရာ​ကို​ရ​၍ ထာဝရဘုရား​ထံ​တော်​မှ ကျေးဇူး​တော်​ကို​ခံစား​ရ​၏​။


အိမ်ရာ​နှင့်​စည်းစိမ်ဥစ္စာ​သည် မိဘ​ဘိုးဘွား​တို့​ပေး​သော​အမွေ​ဖြစ်​၏​။ ပညာသတိ​ရှိ​သော​မယား​မူကား ထာဝရဘုရား​ပေးသနား​တော်မူ​ရာ​ဖြစ်​၏​။


အကြောင်းမူကား အာဒံ​ကို ပထမ​ဦးစွာ​ဖန်ဆင်း​တော်မူ​၍ နောက်မှ ဧဝ​ကို ဖန်ဆင်း​တော်မူ​၏။


မင်္ဂလာဆောင်​ခြင်း​အမှု​ကို လူ​တိုင်း​လေးစား​မြတ်နိုး​ရ​မည်။ ထိမ်းမြား​ခြင်း​အိပ်ရာ​ကို​လည်း ညစ်ညူး​ခြင်း​မ​ရှိ​စေ​ရ။ အကြောင်းမူကား တရားနှင့်မညီ​မေထုန်ပြု​သူ​နှင့် အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကျူးလွန်​သူ​တို့​ကို ဘုရားသခင်​စီရင်​တော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ