သူ၏အမိန့်ကိုစောင့်ထိန်းသောသူသည် မကောင်းသောအမှုအရာနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်။ ပညာရှိသောသူ၏စိတ်နှလုံးသည် အချိန်နှင့်စီရင်ထုံးတို့ကို သိတတ်၏။
၁ ကော 11:29 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သခင်ဘုရား၏ကိုယ်ခန္ဓာတော်ကို ပိုင်းခြား၍မသိဘဲ စားသောက်သောသူသည် မိမိအပေါ်သို့ ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေရန် စားသောက်သောသူဖြစ်၏။ Common Language Bible မုန့်ကိုစား၍ခွက်ဖလားမှစပျစ်ရည်ကို သောက်သောအခါ သခင်ဘုရား၏ကိုယ်ခန္ဓာ အနက်အဋ္ဌိပ္ပါယ်ကိုမသိနားမလည်သော သူသည် မိမိအပေါ်အပြစ်ဒဏ်ကျရောက် စေရန်စားသောက်သူဖြစ်၏။- Garrad Bible ကိုယ် ခ န္ဓာ တော် ကို ပိုင်း ခြား သိ မြင် ခြင်း မ ရှိ ဘဲ စား သောက် သော သူ သည် တ ရား စီ ရင် ခံ ရ ခြင်း ကို စား သောက် ရာ ရောက် သော ကြောင့်၊ Judson Bible အကြောင်းမူကား၊ မထိုက်မတန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ကိုယ်တော်ကို ပိုင်းခြား၍ မသိသောကြောင့်၊ မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှာ စားသောက်သောသူဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏ ကိုယ်ခန္ဓာကို ပိုင်းခြားမသိမြင်ဘဲ စားသောက်သောသူသည် မိမိကိုယ်ကိုယ် ပြစ်ဒဏ်စီရင်ရာရောက်၏။ |
သူ၏အမိန့်ကိုစောင့်ထိန်းသောသူသည် မကောင်းသောအမှုအရာနှင့်တွေ့ကြုံရလိမ့်မည်မဟုတ်။ ပညာရှိသောသူ၏စိတ်နှလုံးသည် အချိန်နှင့်စီရင်ထုံးတို့ကို သိတတ်၏။
လူ့သားသည် ရောက်လာ၍ စားသောက်လျက်နေသော် ‘ကြည့်ရှုလော့။ အစားကြူးသောသူ၊ သေသောက်ကြူးသောသူ၊ အခွန်ကောက်ခံသူများနှင့် အပြစ်သားများ၏အပေါင်းအသင်း’ဟု ဆိုကြပြန်၏။
ထို့ကြောင့် အာဏာပိုင်ကိုဆန့်ကျင်သောသူသည် ဘုရားသခင်၏ပြဋ္ဌာန်းတော်မူချက်ကို ဆန့်ကျင်ရာရောက်၏။ ထိုသို့ဆန့်ကျင်သောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ကိုယ်တိုင်ခံရကြလိမ့်မည်။
ကျေးဇူးတော်ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍“ဤမုန့်ကား သင်တို့အတွက်ချိုးဖဲ့သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ သခင်ဘုရား၏မုန့်နှင့်ခွက်ကို မထိုက်တန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ကိုယ်ခန္ဓာတော်နှင့်သွေးတော်ကို ပြစ်မှားရာရောက်၏။
ထို့ကြောင့် လူတိုင်း ကိုယ့်ကိုယ်ကိုယ်စစ်ဆေးပြီးမှ မုန့်ကိုစားစေ။ ထိုနည်းတူ ခွက်ကိုလည်းသောက်စေ။
ဤအကြောင်းကြောင့် သင်တို့တွင် အားနည်းသောသူနှင့်မကျန်းမာသောသူ များစွာရှိ၍ အိပ်ပျော်သောသူလည်း အများအပြားရှိကြ၏။
မာသောအစာမူကား အကောင်းအဆိုးကိုပိုင်းခြား၍သိရှိနိုင်သောထိုးထွင်းဉာဏ်ကို အတွေ့အကြုံအားဖြင့်လေ့ကျင့်ထားသည့်စုံလင်ရင့်ကျက်သောသူများအတွက်ဖြစ်၏။
ငါ့ညီအစ်ကိုတို့၊ ဆရာဖြစ်ကြသောငါတို့သည် ပို၍တင်းကျပ်သောတရားစီရင်ခြင်းကိုခံရမည်ဖြစ်ကြောင်း သိမှတ်လျက် ဆရာဖြစ်သူ မများစေကြနှင့်။
ငါ့ညီအစ်ကိုတို့၊ အထူးသဖြင့် တိုင်တည်ပြောဆိုခြင်းကိုမပြုကြနှင့်။ ကောင်းကင်ကိုဖြစ်စေ၊ မြေကြီးကိုဖြစ်စေ၊ အခြားကတိသစ္စာတစ်စုံတစ်ခုကိုပြုလျက်ဖြစ်စေ တိုင်တည်၍မပြောဆိုကြနှင့်။ သင်တို့သည် ဟုတ်သည်ကို “ဟုတ်ပါသည်” မဟုတ်သည်ကို “မဟုတ်ပါ”ဟူ၍သာ ပြောဆိုကြလော့။ သို့မဟုတ်လျှင် တရားစီရင်ခြင်းကိုခံရလိမ့်မည်။