ရောမ 13:2 - မြန်မာ့စံမီသမ္မာကျမ်း2 ထို့ကြောင့် အာဏာပိုင်ကိုဆန့်ကျင်သောသူသည် ဘုရားသခင်၏ပြဋ္ဌာန်းတော်မူချက်ကို ဆန့်ကျင်ရာရောက်၏။ ထိုသို့ဆန့်ကျင်သောသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ကိုယ်တိုင်ခံရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible2 မည်သူမဆိုအာဏာရအစိုးရမင်းကို ဆန့်ကျင်ဘက်ပြုသူသည် ဘုရားသခင်စီမံ ခန့်ခွဲတော်မူချက်ကိုဆန့်ကျင်ဘက်ပြုသူ ဖြစ်၏။ ထိုသူသည်အပြစ်စီရင်ခြင်းကို ခံရမည်။- အခန်းကိုကြည့်ပါ။Garrad Bible2 သို့ ဖြစ်၍ အ စိုး ရ ကို ခု ခံ သူ သည် ဘု ရား သ ခင် ထုတ် ဆင့် တော် မူ ချက် ကို ခု ခံ ရာ ရောက်၏။ ထို သို့ ခု ခံ သူ တို့ သည် အ ပြစ် စီ ရင် ခံ ရ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible2 ထိုကြောင့်၊ မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင် စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည်။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ထို့ကြောင့် အစိုးရအာဏာကို ဆန့်ကျင်သောသူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲတော်မူခြင်းကို ဆန့်ကျင်သောသူ ဖြစ်၏။ ထိုသူတို့သည် ပြစ်ဒဏ်ပေးခြင်းကို ခံရမည်။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် မောရှေက “ထာဝရဘုရားသည် နေဝင်ချိန်၌ သင်တို့စားစရာအသားကိုလည်းကောင်း၊ နံနက်အချိန်၌ လုံလောက်သောမုန့်ကိုလည်းကောင်း ပေးတော်မူမည်။ အကြောင်းမူကား ထာဝရဘုရားထံ သင်တို့ညည်းညူ၍ မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရား ကြားတော်မူပြီ။ ငါတို့သည် မည်သူဖြစ်၍နည်း။ သင်တို့မြည်တွန်တောက်တီးသောအသံသည် ငါတို့ကိုဆန့်ကျင်သည်မဟုတ်၊ ထာဝရဘုရားကိုဆန့်ကျင်နေခြင်းပင်ဖြစ်၏”ဟု ဆိုလေ၏။