ဆင်းရဲသောသူကိုပြက်ရယ်ပြုသောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ သူတစ်ပါးဘေးဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
၁ ကော 11:22 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၌ စားသောက်ရန် အိမ်မရှိသလော။ သို့မဟုတ် သင်တို့သည် ဘုရားသခင်၏အသင်းတော်ကို မထီမဲ့မြင်ပြု၍ မရှိဆင်းရဲသားတို့ကို အရှက်ခွဲကြသလော။ ငါသည် သင်တို့ကို မည်သို့ပြောရမည်နည်း။ သင်တို့ကို ချီးမွမ်းရမည်လော။ ဤအမှု၌ ငါမချီးမွမ်းနိုင်။ Common Language Bible သင်တို့တွင်စားသောက်ရန်နေအိမ်မရှိသလော။ သို့တည်းမဟုတ်ဘုရားသခင်၏အသင်းတော် ကိုရှုတ်ချ၍ ဆင်းရဲသူတို့အားအရှက်ခွဲလို ကြသလော။ သင်တို့အားအဘယ်သို့ငါပြောရ မည်နည်း။ သင်တို့ကိုချီးကူးရမည်လော။ ဤ ကိစ္စတွင်အဘယ်နည်းနှင့်မျှမချီးကူးနိုင်။ Garrad Bible စား သောက် မှု ပြု ရန် အိမ် များ မ ရှိ ကြ လော။ ဘု ရား သ ခင့် အ သင်း တော် ကို မ ထီ လေး စား ပြု၍ ဆင်း ရဲ သား တို့ အား အ ရှက် ခွဲ ရာ သ လော၊ ငါ မည် သို့ ဆို ရ အံ့ နည်း။ သင် တို့ ကို ချီး မွမ်း ရ မည် လော။ ဤ အ ချက်၌ မ ချီး မွမ်း ရ။ Judson Bible သင်တို့သည် စားသောက်ရာဖို့ ကိုယ်အိမ်မရှိသလော။ သို့မဟုတ်လျှင်၊ ဘုရားသခင်၏ အသင်းတော်ကို မထီမဲ့မြင်ပြု၍၊ ဆင်းရဲသောသူတို့ကို ရှက်ကြောက် စေသလော။ အဘယ်သို့ ငါဆိုရမည်နည်း။ ဤအမှုမှာ သင်တို့ကို ချီးမွမ်းရမည်လော။ မချီးမွမ်းရ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ စားသောက်ရန်အတွက် သင်တို့တွင် ကိုယ်ပိုင်အိမ် မရှိသလော။ သို့မဟုတ် သင်တို့သည် ဘုရားသခင်၏ အသင်းတော်ကို မထီမဲ့မြင်ပြု၍ ဆင်းရဲသားတို့ကို အရှက်ခွဲလိုသောကြောင့်လော။ ကျွန်ုပ် မည်သို့ပြောရမည်နည်း။ သင်တို့ကို ချီးမွမ်းရမည်လော။ ဤကိစ္စတွင် သင်တို့ကို ကျွန်ုပ်မချီးမွမ်းနိုင်ပါ။ |
ဆင်းရဲသောသူကိုပြက်ရယ်ပြုသောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ သူတစ်ပါးဘေးဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
သင်တို့သည် မိမိတို့ကိုယ်ကိုလည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ဂရုစိုက်ကြလော့။ ကိုယ်တော်၏သွေးတော်နှင့်ဝယ်ယူထားသော ဘုရားသခင်၏အသင်းတော်ကို သင်တို့အုပ်ထိန်းစေရန် ထိုသိုးစုကိုကြီးကြပ်သူအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကိုခန့်အပ်ထားတော်မူ၏။
ဂျူးလူမျိုးတို့အတွက်ဖြစ်စေ၊ ဂရိလူမျိုးတို့အတွက်ဖြစ်စေ၊ ဘုရားသခင်၏အသင်းတော်အတွက်ဖြစ်စေ မှားယွင်းစရာအကြောင်းမဖြစ်ကြနှင့်။
သို့ရာတွင် သင်တို့၏စုဝေးခြင်းသည် ကောင်းကျိုးကိုဖြစ်စေသည်ထက် ဆိုးကျိုးကိုသာဖြစ်စေသောကြောင့် ဤညွှန်ကြားချက်ကိုပေးရာ၌ သင်တို့အား ငါမချီးမွမ်းနိုင်။
သင်တို့သည် အရာရာ၌ ငါ့ကိုသတိရလျက် သင်တို့ထံငါပေးအပ်ထားသော ဓလေ့ထုံးတမ်းနှင့်အညီ လိုက်လျှောက်ကြသောကြောင့် သင်တို့ကို ငါချီးမွမ်း၏။
တစ်စုံတစ်ယောက်သည် ဆာလောင်လျှင် ပြစ်ဒဏ်စီရင်ခြင်းခံရရန်အတွက် စုဝေးခြင်းမဖြစ်မည့်အကြောင်း မိမိအိမ်၌စားပါစေ။ ကျန်သောကိစ္စများကို ငါလာသောအခါညွှန်ကြားမည်။
အမှန်စင်စစ် ငါသည် ဘုရားသခင်၏အသင်းတော်ကို ညှဉ်းဆဲခဲ့သောကြောင့် တမန်တော်များထဲတွင် အသေးသိမ်ဆုံးသောသူဖြစ်ပြီး တမန်တော်ဟုခေါ်ဝေါ်ခြင်းကိုပင် မခံထိုက်ပေ။
ငါနှောင့်နှေးခဲ့လျှင်ပင် သမ္မာတရား၏မဏ္ဍိုင်နှင့်အုတ်မြစ်ဖြစ်သည့် အသက်ရှင်တော်မူသောဘုရားသခင်၏အသင်းတော်တည်းဟူသော ဘုရားသခင်၏အိမ်တော်တွင် မည်ကဲ့သို့အသက်ရှင်နေထိုင်ရမည်ကို သင်သိနိုင်ရန်အတွက်ဖြစ်၏။
မိမိအိမ်ထောင်ကို မည်ကဲ့သို့စီမံအုပ်ချုပ်ရမည်ကိုမသိသောသူသည် ဘုရားသခင်၏အသင်းတော်ကို မည်ကဲ့သို့ပြုစုစောင့်ရှောက်နိုင်မည်နည်း။