ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို မိမိရည်ရွယ်ချက်အတွက် ပြင်ဆင်တော်မူ၏။ ဆိုးယုတ်သောသူကိုပင်လျှင် ဒုက္ခခံရာနေ့ရက်အတွက် ပြင်ဆင်တော်မူ၏။
၁ ကော 11:12 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား မိန်းမသည် ယောက်ျားထံမှဖြစ်လာသကဲ့သို့ ယောက်ျားသည်လည်း မိန်းမအားဖြင့်မွေးဖွားလာ၏။ သို့သော် အရာခပ်သိမ်းတို့သည် ဘုရားသခင်ထံမှဖြစ်၏။ Common Language Bible အမျိုးသမီးသည်အမျိုးသားမှဖန်ဆင်းသော် လည်း အမျိုးသားသည်အမျိုးသမီးကမွေးဖွား သူဖြစ်၏။ အရာခပ်သိမ်းကိုဖြစ်ပေါ်စေသော အရှင်ကားဘုရားသခင်ပေတည်း။ Judson Bible မိန်းမသည် ယောက်ျားကြောင့်ဖြစ်သကဲ့သို့ ယောက်ျားသည်လည်း မိန်းမအားဖြင့်ဖြစ်၏။ အလုံးစုံတို့သည်လည်း ဘုရားသခင်ကြောင့် ဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် မိန်းမသည် ယောက်ျားထံမှ ဖြစ်လာသော်လည်း ယောက်ျားသည် မိန်းမထံမှ မွေးဖွားလာ၏။ အရာအားလုံးသည် ဘုရားသခင်ထံမှ ဖြစ်လာ၏။ |
ထာဝရဘုရားသည် ခပ်သိမ်းသောအရာတို့ကို မိမိရည်ရွယ်ချက်အတွက် ပြင်ဆင်တော်မူ၏။ ဆိုးယုတ်သောသူကိုပင်လျှင် ဒုက္ခခံရာနေ့ရက်အတွက် ပြင်ဆင်တော်မူ၏။
အကြောင်းမူကား အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှလည်းကောင်း၊ ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်အတွက်လည်းကောင်း ဖြစ်တည်ကြ၏။ ကိုယ်တော်ရှင်၌ ကာလအစဉ်အဆက် ဘုန်းအသရေတော်တည်ရှိပါစေသော။ အာမင်။
သို့သော် သခင်ဘုရား၌ မိန်းမသည် ယောက်ျားမပါဘဲဖြစ်သည်မဟုတ်။ ယောက်ျားသည်လည်း မိန်းမမပါဘဲဖြစ်သည်မဟုတ်။
ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။
ဤအရာအားလုံးတို့သည် ဘုရားသခင်ထံမှဖြစ်ကြ၏။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ငါတို့ကို မိမိနှင့်ပြန်လည်သင့်မြတ်စေ၍ ငါတို့အား ပြန်လည်သင့်မြတ်ခြင်းနှင့်ဆိုင်သောအမှုတော်ကို ပေးအပ်တော်မူ၏။