ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြရန် သူတို့အား ညွှန်ကြားလေ၏။ ထို့နောက် သူတို့သည် ပေတရုအား ရက်အနည်းငယ်မျှ ဆက်၍နေရန် တောင်းပန်ကြ၏။
၁ ကော 1:14 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့ထဲမှ ကရိပ္ပုနှင့်ဂါယုတို့မှတစ်ပါး အခြားမည်သူ့ကိုမျှ ဗတ္တိဇံမပေးခဲ့သောကြောင့် ဘုရားသခင်ကိုကျေးဇူးတင်၏။ Common Language Bible ကရိပ္ပုနှင့်ဂါယုမှလွဲ၍သင်တို့အထဲမှမည်သူ့ ကိုမျှငါသည်ဗတ္တိဇံမပေးခဲ့ပါ။ ယင်းသို့မပေး မိသည့်အတွက်ဘုရားသခင်၏ကျေးဇူးတော် ကိုချီးမွမ်းပါ၏။- Garrad Bible က ရိ ပ္ပု နှင့် ဂါ ယု မှ တစ် ပါး သင် တို့ အ နက် မည် သူ့ ကို မျှ ငါ ဗ တ္တိ ဇံ မင်္ဂ လာ မ ပေး သ ဖြင့် ငါ့ နာ မ၌ ဗတ္တိ ဇံ မင်္ဂ လာ ပေး သည် ဟု တစ် စုံ တစ် ယောက် ပြော ဆို ခွင့် မ ရှိ သော ကြောင့် ဘု ရား သ ခင့် ကျေး ဇူး တော် ကြီး လှ၏။ Judson Bible ကရိပ္ပုနှင့် ဂါယုမှတစ်ပါး၊ သင်တို့တွင် အဘယ်သူအားမျှ ဗတ္တိဇံကို ငါမပေးသည်ဖြစ်၍ ဘုရားသခင်၏ ကျေးဇူးတော်ရှိပါ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် ကရိပ္ပုနှင့် ဂါယုမှလွဲ၍ သင်တို့ထဲက မည်သူ့ကိုမျှ နှစ်ခြင်းမင်္ဂလာမပေးခဲ့သောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်၏။ |
ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြရန် သူတို့အား ညွှန်ကြားလေ၏။ ထို့နောက် သူတို့သည် ပေတရုအား ရက်အနည်းငယ်မျှ ဆက်၍နေရန် တောင်းပန်ကြ၏။
ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံကရိပ္ပုသည် မိမိအိမ်သူအိမ်သားအားလုံးတို့နှင့်အတူ သခင်ဘုရားကိုယုံကြည်လေ၏။ အခြားကောရိန္သုမြို့သားအမြောက်အမြားတို့သည်လည်း ကြားနာ၍ ယုံကြည်ကာ ဗတ္တိဇံခံကြ၏။
ငါမှစ၍ အသင်းတော်တစ်ခုလုံးကိုလက်ခံသောအိမ်ရှင်ဂါယုသည် သင်တို့ကိုနှုတ်ဆက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ငါတို့၏ညီအစ်ကိုကွာတုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
ယေရှုခရစ်တော်အားဖြင့် သင်တို့အားပေးသနားတော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည် သင်တို့အတွက် ငါ့ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်၏။
ငါသည် သင်တို့အားလုံးထက် အခြားသောဘာသာစကားများကို ပို၍ပြောဆိုရသည့်အတွက် ဘုရားသခင်ကိုကျေးဇူးတင်၏။
သို့သော် ငါတို့ကို ခရစ်တော်၌ အစဉ်အမြဲအောင်ပွဲခံစေ၍ ကိုယ်တော်ကိုသိသောဉာဏ်၏ရနံ့ကို နေရာတိုင်း၌ ငါတို့အားဖြင့်ပျံ့နှံ့စေတော်မူသောဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်း၏။
အရာခပ်သိမ်းတို့အတွက် ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်၌ ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြလော့။
သင်တို့၏စိတ်နှလုံးထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်းကို အုပ်စိုးစေကြလော့။ အကြောင်းမူကား သင်တို့သည် ဤငြိမ်သက်ခြင်းအတွက် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ခေါ်ယူတော်မူခြင်းခံရကြ၏။ ကျေးဇူးသိတတ်သောစိတ်ရှိကြလော့။
သင်တို့ပြုသမျှသောအရာတို့ကိုလည်း ပြောဆိုမှု၌ဖြစ်စေ၊ လုပ်ဆောင်မှု၌ဖြစ်စေ အရာခပ်သိမ်းတို့ကို သခင်ယေရှု၏နာမတော်၌ပြုလျက် ကိုယ်တော်အားဖြင့် ခမည်းတော်ဘုရားသခင်ကို ကျေးဇူးတင်ကြလော့။
အရာရာ၌ ကျေးဇူးတော်ချီးမွမ်းကြလော့။ အကြောင်းမူကား သင်တို့သည် ထိုသို့ပြုကြရန် ခရစ်တော်ယေရှု၌ ဘုရားသခင်အလိုရှိတော်မူ၏။
ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ငါတို့သခင်ခရစ်တော်ယေရှု၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ငါ့ကိုအမှုတော်လုပ်ငန်းအတွက်ခန့်ထား၍ သစ္စာရှိသောသူအဖြစ်မှတ်ယူတော်မူသောကြောင့်ဖြစ်၏။
ငါသည် ငါ၏ဆုတောင်းချက်များထဲတွင် သင့်ကိုအစဉ်သတိရလျက် ငါ၏ဘုရားသခင်ကို ကျေးဇူးတင်၏။